Part (7) Uni/Zawgyi

10.9K 389 24
                                    

မင်းကြိုက်သလိုချစ်
အပိုင်း(7)

"မ"
ဆိုတဲ့ သူ့အသံ ကြားလိုက်ပြီးမကြာပါဘူး
CKရေမွှေးနံ့ကသူမ အနားတဖြည်းဖြည်း နီးကပ်လာသည်မို့ကမန်းကတန်းနောက်လှည့်ခဲ့ပါလျှင်

"မေ့......"

တည့်တည့်၀င်တိုးသည်ကသူရင်ခွင်ထဲ သို့
မော့မကြည့်ရဲ တဲ့ သူမ ကို အသည်းယားလာသည်နှင့် လင်းယောင်က သူမ ပုခုံးကို ကိုင်ကာ ရှေ့သို့တစ်လှမ်းချင်းတိုးလာလေသည်။

"ဘာ ဘာလုပ်နေတာလဲ နောက် နောက်ဆုတ်လေ"

တဖြည်းဖြည်း ရှေ့တိုးရင်းသူမရဲ့ အလုပ်စားပွဲနဲ့သူမ ၀င်တိုက်လေသဖြင့် စားပွဲနဲ့ လင်းယောင်ကြားမှာ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ သူမ ရဲ့မျက်နှာလေးကို အတင်းငုံ့ကြည့်နေသည်။

"ဟက်  ကျွန်တော် ပြောသားပဲ ဒီလို နှုတ်ခမ်းနီရဲရဲလေးနဲ့ဆို ပိုလှပါတယ်လို့"

ဖိနပ်အပါးစီးလာတာမို့ သူ့ရင်ခွင်ထဲ၀င်နေသည့် သူမကို ပိုင်စိုးပိုင်နင်း ဖြင့် သိမ်းဖက်ကာ

"နောက်ဆိုလည်း ဒီလိုဖိနပ်နိမ့်နိမ့်လေးပဲစီး ကျွန်တော့်ရင်ခွင်ထဲမှာ အခုလို မြုပ်နေအောင်လို့"

စကားတွေကလည်း သိပ်တတ်တာပဲနော်... အမြင်ကတ်လိုက်တာ။

"ဖယ် ဖယ်စမ်းပါ  မင်းငါ့ကို ရုံးခန်းထဲထိ၀င်ပြီး သိက္ခာချနေတာလား "

အတင်းတွန်းလွှတ်လည်းအချည်းအနှီးဖြစ်ပေမဲ့  လင်းယောင် လွှတ်ပေးလိုက်ပြီး

"ဂျူတီ ကုတ်လေးနဲ့အရမ်းလိုက်တယ်"

ဟန်ခေရဲ့ ပြုံးလာမည့် နှုတ်ခမ်းကို ထိန်းထားကာ

"အခု ဒီအခန်းထဲက ထွက်သွား "

"မ ရောလိုက်မှာလား"

"ကျစ် မင်းကပြောလေကဲလေပါလား "

"ဘယ်ကိုသွားဖို့ ကျွန်တော့်ကို အတင်းနှင်လွှတ်နေတာလဲ ဒါကကျွန်တော်ပိုင်တဲ့ဆေးရုံနော်"

ဟန်ခေ အောက်နှုတ်ခမ်းကို အသာကိုက်လိုက်ပြီး

"မင်း မသွားရင် ငါသွားမယ်"

မင်းကြိုက်သလိုချစ် (Completed) OCWhere stories live. Discover now