Chapter - 20 (Part 1)

3.4K 485 37
                                    

Unicode

တိုက်ခန်းတံခါးကို ဖွင့်ပြီးတဲ့​နောက် အဝင်ကမီးကိုသာ ပထမဆုံးဖွင့်လိုက်တယ်။ အ​တော်ကြီးတဲ့​နေရာတစ်ခုဖြစ်ပုံရတယ်။ ဧည့်ခန်းက ကျယ်ပြီး လိုက်ကာ​တွေကို မပိတ်ထားဘူး။ ​ကြမ်းပြင်ထိ​​ ရောက်တဲ့ ပြတင်း​ပေါက်​တွေက​တော့ ညရဲ့မှိန်ပျပျအလင်းကို ​ထင်ဟပ်​နေတယ်။

​ရှောင်ရွှမ်းက သူ့နောက်က​နေ ​ပြောတယ်, "ဒါက ကုမ္ပဏီနဲ့ နီးတယ်​လေ, ပုံမှန်အားဖြင့်​တော့ ကျွန်​တော် အလုပ်ရှိရင် ဒီမှာအိပ်တယ်, တစ်​ယောက်တည်းပဲ"

အူးယမ်က သူ့ကို ဂရုမစိုက်ဘဲ ဘယ်နဲ့ညာကိုသာ အလိုလို ​လျှောက်ကြည့်​နေတယ်။ အခုလက်ရှိမှာ သူက မီး​ရောင်မှိန်မှိန်မရှိတဲ့​ထောင့်​နေရာ​တွေကို ​ကြောက်ရွံ့​နေမိတယ်။ အဲ့​နေရာမှာ လူ​​တွေပုန်း​နေတယ်လို့ ခံစား​နေရတယ်။

"မ​ကြောက်ပါနဲ့, ဒီမှာ ဘယ်သူမှမရှိဘူး, ကျွန်​တော်တစ်​ယောက်ပဲရှိတာ"

မကြာခင်မှာ အခန်းက လင်းသွားတယ်။ ​ရှောင်ရွှမ်းက ပိတ်ထားတဲ့ ထူထဲပြီး​လေးလံ​သော လိုက်ကာ​တွေကို ဆွဲလိုက်ပြီး သူ့ကို လှည့်ကြည့်တယ်။

"ဆရာ"

"..."

"ဒီလိုမလုပ်ပါနဲ့, ကျွန်​တော်က ဆရာ့ကို စကား​ပြောဖို့ ​ခေါ်လာရုံပါ, ဘာလို့မထိုင်တာလဲ"

သူ့ရဲ့အလွန်အကျွံတင်းမာခြင်းနဲ့ ​ကြောက်ရွံ့ခြင်းက အ​တော်ရယ်စရာ​ကောင်း​နေပုံရ​ပေမယ့် သူလည်း ဒီလို​မျိုး မဖြစ်ချင်ဘူး။ သူ့ခန္ဓာကိုယ်က အလိုလို ဒီလိုပုံစံမျိုး တုံ့ပြန်​နေမိတာဖြစ်တယ်။

အူးယမ်က ဆိုဖာ​ပေါ်မှာထိုင်ဖို့ ​နေရာတစ်ဝိုက်ကို ရှာလိုက်တယ်။

​ရှောင်ရွှမ်းရဲ့ ဖြည်းဖြည်းချင်း​လျှောက်လာတဲ့အသံကို ကြားတဲ့အခါမှာ​တော့ ထိုလူရဲ့မြင်မား​သောအရပ်က ကွယ်လိုက်တဲ့ အလင်း​​ရောင်ဆီက​နေပြီး အ​မှောင်ထုကို ခံစားလိုက်ရတဲ့အတွက် အူးယမ်က သူ့​ခြေ​ထောက်​တွေကို အထဲဆွဲမသွင်းဘဲ မ​နေနိူင်ဘူး။ (အူးယမ်က ဆိုဖာ​ပေါ်မှာ ​ခြေချထိုင်​နေတယ်, ​ရှောင်ရွှမ်းက သူ့ဆီလာ​တော့ ​ကြောက်သွားတဲ့အတွက် ​ခြေ​ထောက်​တွေကို ခုံ​အောက်ထဲ ဆွဲသွင်းလိုက်တာ, or ​ချထားတဲ့ခြေ​ထောက်​တွေကို ဆိုဖာနဲ့ ကပ်ထားလိုက်တာ)

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now