Part (8) Uni/Zawgyi

11.2K 360 23
                                    

မင်းကြိုက်သလိုချစ်
အပိုင်း(8)

"မင်းက ဒီထိဘာလာလုပ်တာလဲ"

" မ  က ကျွန်တော့်ကို ရှောင်နေတော့ ကျွန်တော်က အိမ်ထိလာတွေ့ရတာပေါ့"

"ကျစ် လွှတ်စမ်း  တေဇ မြင်သွားရင် ဘယ်လိုလုပ်မလဲ "

"ဘာလို့ရှောင်နေတာလဲ"

ကိုယ့်စကားကိုလျစ်လျှူရှုပြီး သူမေးချင်ရာမေးတဲ့ သူ့ကို စိတ်ရှိလက်ရှိ ကုတ်ဖဲ့ ပစ်လိုက်ချင်သည်။

"ဖယ်လို့ ပြောနေတယ်လေ "

အသံသည်အနည်းငယ်မြင့်သွားသဖြင့်

"ဘာလို့ အော်နေတာလဲ မ  ကြောင့်ပဲသိကုန်တော့မှာ "

"လင်းယောင်  မင်းလွှတ်စမ်းကွာ "

လင်းယောင်? လင်းယောင်တဲ့  သူ့နာမည်ကိုတစ်ခါမှ ဟန်ခေ မခေါ်ဖူးသဖြင့်
ယခုခေါ်ပြန်တော့လည်း ရင်းနှီးတဲ့အနေအထားနဲ့  လင်းယောင်ထင်  မဟုတ်ပဲ လင်းယောင်တဲ့။ လင်းယောင်ရဲ့ နှုတ်ခမ်းတွေ မပိတ်ချင်တော့လောက်အောင်ပြုံးနေမိသည် ။
အနောက်မှဖက်ထားတာမို့ သူမတော့မြင်နိုင်မည်မဟုတ်ပါ။

"မလွှတ်ချင်တော့ဘူး ပိုတောင်ဖက်ထားချင်လာပြီ "

"ကျစ် မင်း ဘယ်လိုဖြစ်နေလဲ လင်းယောင် လွှတ်ပါကွာ  တေဇ အပေါ်တက်လာရင် ဘယ်လိုလုပ်မလဲ"

ခါးပေါ်က သူ့လက်တွေကို သူမ ဖယ်ပစ်ရင်း လေချိုသွေးကာပြောနေတော့လည်း

"အဲ့တာဆို ဒီဘက်လှည့်"

ဟန်ခေလည်း သူခိုင်းတိုင်းလှည့်လာမိခဲ့သည်ဖြစ်ရာ

"mwah!!!"

"အွန့်...."

နှုတ်ခမ်းနီမပါတဲ့နှုတ်ခမ်းရဲလေးအား ထိကပ်သည့်အခါ ကြားခံနယ်မရှိတာမို့ အိစက်နေပြီး

"ဒါကaccident kiss မဟုတ်ဘူး တမင်တကာkiss"

ဟန်ခေ ဘာမှမပြောနိုင်လောက်အောင် အံ့သြကာ ပြူးကြောင်ကြောင်လေးကြည့်နေတာမို့

"နောက်တစ်ခါထပ်နမ်းရမှာလား"

မျက်နှာနားကိုပြန်ကပ်လာလျှင်

"လင်းယောင်  အင်္ကျီမတွေ့ဘူးလား "

အောက်ထပ်မှတေဇ အသံကြားသည့်အခါ
ဟန်ခေ အတင်းရုန်းကန်သလို လင်းယောင်လည်းလွှတ်ပေးလိုက်၏ ။ အပေါ်ထပ်မှပြန်မဖြေသောကြောင့်

မင်းကြိုက်သလိုချစ် (Completed) OCWhere stories live. Discover now