Part (9) Uni/Zawgyi

10.7K 336 16
                                    

မင်းကြိုက်သလိုချစ်
အပိုင်း(9)

ရင်ခွင်ထဲတွင် မှီကာ မျက်ရည်တွေနဲ့သူမ အား ချော့မြှူရင်း

"စိုပြေ မငိုနဲ့လေကွာ ခဏနေရင် လင်းယောင်ရောက်လာတော့မှာပါ "

"ဟင့် ဟင့် တေဇ ငါခေါင်းမူးတယ်"

တေဇရဲ့ ခေါင်းထဲသို့ မီးခဲကြီးကျသွားသလိုပင်စိတ်ပူသွားရ၏။

"ကျစ် ငါမပြောဘူးလား နင်မနက်ကတည်းက ဘာမှမစားဘူး ဆေးလည်းမသောက်ဘူး အခု ငိုနေမှတော့ ခေါင်းမူးတော့မှာပေါ့  လာပါ ငါခွံ့ကျွေးပါမယ် စားရအောင်နော် "

မှီထားသည့်သူမခေါင်းလေးကို ဆွဲမော့ယူလိုက်သည် ။

"စားမယ်မဟုတ်လား "

"ဟင့်အင်း ငါမစားချင်ဘူး "

အခန်းပေါက်၀သို့ရောက်လာသည့် လင်း
ယောင် မျက်နှာတွင် စိုးရိမ်မှုအချို့။အိပ်ယာပေါ်တွင်ထိုင်နေတဲ့ တေဇက နောက်လှည့်ကြည့်လိုက်သည့်အခါလင်းယောင်၀င်လာခဲ့သည်။

"လင်းယောင်လာပြီ"

ချက်ချင်းမော့ကြည့်လိုက်သည့်စိုပြေက
တရှုံ့ရှုံ့ငိုရင်း

"မလာခဲ့နဲ့  ဟင့်  သွား မလာနဲ့"

ခေါင်းတွေလည်းမူးပြီး နေမကောင်းတာမို့ အရင်လိုတော့ ထုရိုက်၍နှင်မထုတ်နိုင်ခဲ့ပါ။လင်းယောင်က သူတို့၂ယောက်ထိုင်နေတဲ့ အိပ်ယာဘေးက ခုံတွင်၀င်ထိုင်လိုက်ပြီး

"ကိုယ်တွေအရမ်းပူနေလား"

သူမရဲ့ နှဖူးပေါ်သို့ လင်းယောင်လက်ကလေးရောက်ရှိသည့်အခါကျလည်းသူမအနေနဲ့ ဖယ်မပစ်ရက်ပါ။

"ကိုယ်တွေတော်တော်ပူနေတာပဲ အခုထိလည်းဘာမှမစားဘူးဆို"

"အဲ့တော့ဘာဖြစ်လဲ နင်နဲ့မဆိုင်ဘူး  ဟင့်  ငါ့ကို ပစ်ထားတုန်းကပစ်ထားပြီး  မတွေ့ချင်ဘူး သွား "

တေဇ ထိန်းထားသည့်ကြားက ရုန်းကန်နေသည့်သူမအား လင်းယောင်က

"နင်ကို ငါပစ်ထားတာမဟုတ်ပါဘူး နင်လည်းသိသားနဲ့ ငါ ငါ့အဘိုး ကိုကတိပေးထားတဲ့အတိုင်း ငါအလုပ်တွေလေ့လာနေရပြီလေ "

မင်းကြိုက်သလိုချစ် (Completed) OCWhere stories live. Discover now