Part18

923 53 0
                                        

မနက် Wang yiboနိုးလာတော့ သူဆေးရုံမှာဆိုတာ သိလိုက်ရသည်။မနေ့ကညသူzhangeခေါ်တာသာကြားလိုက်ရပြီး နောက်ပိုင်းမသိတော့။သူထမယ်ကြံတော့ သူ့လက်ကိုတစ်ယောက်ယောက်ကဖိထားသလို ခံစားရလို့ ကြည့်လိုက်တော့ zhangeက သူ့လက်ကိုဖိပြီး အိပ်ပျော်နေသည်။
သူလဲ zhangeနိုးသွားမှာဆိုးလို့ ငြိမ်ငြိမ်လေးနေလိုက်သည်။
ခဏကြာတော့ zhangeနိုးလာပြီး
"ဟင် wangပိုး နိုးနေပြီလား ဗိုက်ကနာနေသေးလား
ဘယ်လိုနေသေးလဲ"
Wang yiboသူ့ကိုမြင်တာနဲ့ တရယ်ဆက်မေးနေတဲ့ zhangeကို ပြုံးပြီး
"သက်သာပါတယ်zhangeရဲ့ စိတ်မပူပါနဲ့"
"မပူလို့ရမလား မနေ့က မင်းမေ့လဲသွားတော့ ငါဘယ်လောက်စိုးရိမ်ခဲ့ရလဲ"
Wang yiboလဲ ထထိုင်လိုက်ပြီး
"အင်းပါ ကျွန်တော်အမှားပါနော် ဟုတ်ပြီလား"
"မဟုတ်ဘူး "
"ဟင်"
"မင်းအမှားမဟုတ်ဘူး ငါ့အမှားလို့"
"ဘာလို့လဲ"
"မင်းကို ဂရုမစိုက်မိတာလေ"
"Zhangeက ဂရုစိုက်ပါတယ် ကျွန်တော်ကသာ ကိုယ့်ကိုကိုယ် ဂရုမစိုက်မိတာ"
"အင်း ဟုတ်တယ် မင်းကိုယ့်ကိုကိုယ်ဂရုမစိုက်လို့
ဒီတော့မင်း ငါ့ကိုတစ်ပတ်တိတိမထိနဲ့"
"ဟာ zhange အဲ့လိုမလုပ်နဲ့လေ"
"လုပ်မှာပဲ"
ထိုအချိန်မှာ ချင်းဖန်ရောက်လာပြီး
"yibo သတိရပြီလား"
"အင်း"
"Xiaozhanဒီမှာ ဆန်ပြုတ်"
"အေး ထားခဲ့လိုက်လေ ဒါနဲ့ သတင်းတွေကရော ဘယ်လိုလဲ"
"ပွက်လောကိုရိုက်နေတာပေါ့ ခုတောင်ဆေးရုံရှေ့မှာ သတင်းသမားတွေရော fanတွေရော အများကြီးရောက်နေတယ် "
"ဘယ်လို"
Wang yibo အံ့ဩသွားသည်။သူဆေးရုံလေးရောက်တာကိုလေ။
"အံ့ဩမနေနဲ့ မင်းကိုမင်းသာမန်လူများမှတ်နေလား အနုပညာရှင်လေ"
"သိပါတယ် zhangeကလဲ"
"သိရင်ငြိမ်ငြိမ်နေ ချင်းဖန် သတင်းတွေကိုတက်နိုင်သလောက် မကြီးလာအောင်လုပ်ပေး အော်ပြီးတော့ သူသက်သာလာပြီလို့ပြောလိုက် အဲဒါဆိုရင်နဲသွားလိမ့်မယ်"
"အင်း ငါလုပ်လိုက်မယ်"
"ဒါနဲ့ ဟိုကောင် ပိုင်ဖေးရော"
"သူလား ရှိပါတယ် အပြင်မှာ"
"ဟင် အပြင်မှာ သူကဘာလုပ်နေတာလဲ"
"အဲဒါက ဟို"
"ဘာလဲ သူနာပြုကိုငမ်းနေပြန်ပြီလား"
"ဟုတ်တယ်"
"ဟူး ငါနော် သူ့ကိုမန်နေဂျာခန့်ထားတာလား ငမ်းဖို့ခန့်ထားတာလား မသိဘူး မင်းပြန်ရင် သူ့ကို အထဲလွှတ်လိုက်"
"အေး အေး"
ချင်းဖန်ထွက်သွားပြီး ခဏကြာတော့ ပိုင်ဖေးရောက်လာသည်။ရောက်လာတာနဲ့ တစ်ပြိုင်နက်
"Xiaozhan ငါကလေ သူ့ကိုကြည့်ချင်လို့ မဟုတ်ဘူးသိလား ဟိုလေ"
"တော် မင်းကလေ ငါ မင်းကို မန်နေဂျာ ခန့်မိတာ မှားနေသလားပဲ ဘယ်မှာလဲ "
"ဘာကိုလဲ"
"ဟာ ငါ့အ၀တ်အစားတွေ မင်းကိုယူခိုင်းလိုက်တာလေ"
"အဲ ငါမေ့သွားတယ်"
"အဲဒါ မေ့စရာလား "
ဆိုပြီး သူ့အနားမှာရှိတဲ့ စာအုပ်နဲ့ ကောက်ပေါက်လိုက်သည်။ဟိုကလဲ ရှောင်နေကျမလို့လားမသိ လှစ်ကနဲပဲ။
"ခု သွားယူ"
"အေးပါ သွားပြီနော် wangyiboရော နှုတ်ဆက်တယ်"
"ကြွ ကြွ ဘာကောင်မှန်းမသိဘူး"
Wang yiboတစ်ယောက် သူ့zhangeနဲ့ ပိုင်ဖေးတို့ ရန်ဖြစ်နေတာကို ကြည့်ပြီးရယ်နေမိသည်။ဟိုတစ်ယောက်ကလဲ တကယ်အလွဲ။
"မင်းကရော ဘာရယ်နေတာလဲ ကြပ်ကြပ်သတိထားနော်"
"Zhangeကလဲ ကျွန်တော့်ဘက် လှည့်လာပြီ"
"လာ စားမယ် ဆန်ပြုတ်"
ဆိုပြီး ချင်းဖန်ယူလာတဲ့ ဆန်ပြုတ်တွေကို ပန်းကန်ထဲထည့်လိုက်သည်။
"ဟင် ဆန်ပြုတ်ကြီးစားရမှာလား နေကောင်းတဲ့ဟာကို"
"မင်း နေကောင်းပေမယ့် မင်းအစာအိမ်က နေမကောင်းဘူး အဲ့တော့သောက် ပြီးရင်ဆေးသောက်ရမယ်"
"ဟုတ်ကဲ့"
Wang yiboတစ်ယောက် 'ဟုတ်ကဲ့ 'လိုက်ရသည်။မဟုတ်ရင် အနီးမှာရှိရာနဲ့ ဆွဲလုပ်တော့မှာ။သူလဲ စားပြီးတော့
"ရော့ ဒီမှာဆေး"
ဆိုပြီး ရေခွက်ပါပေးလာသည်။သူလဲ သောက်လိုက်ပြီး zhangeလက်ကိုကိုင်လိုက်သည်။
"အ့ zhangeဘာလို့ရိုက်တာလဲ"
"မင်းကို တစ်ပတ်တိတိမထိရဘူးလို့ပြောထားတယ်လေ"
"Zhangeကလဲ လက်လေးတော့ကိုင်ခွင့်ပြုပါနော်"
"မရဘူးဆိုမရဘူး ကဲ အိပ်တော့"
"မအိပ်..အိပ်မယ်လို့"
သူမအိပ်ချင်ဘူးလို့ပြောမယ်ရှိသေး မျက်စောင်းကရောက်လာတော့ စကားကတစ်ဝက်နဲ့တင် အိပ်မယ်ပြောလိုက်ရသည်။

Director Xiao and Actor wang(Complete)Donde viven las historias. Descúbrelo ahora