Part (10) Uni/Zawgyi

11.4K 348 18
                                    

မင်းကြိုက်သလိုချစ်
အပိုင်း(10)

ဟန်ခေ တစ်ယောက် ခပ်သွက်သွက်ပင် အိမ်မှထွက်လာခဲ့သည်။

ဒီကောင်လေးကလည်း ကြယ်စင် အိမ်ရှေ့တည့်တည့်မှစောင့်နေရသလား ခက်တော့တာပဲ
ကြယ်စင်ကမှ ငါ့ဆိုမယုံရတဲ့ကြားထဲ။

ကားကိုမှီကာ လက်ပိုက်ရပ်နေသည့် လင်းယောင်သည် သူမကိုမြင်လျှင် ပြုံးပြလျှက်
လက်ပြလေသည် ။သူမ ပြန်ပြုံးပြချင်ပေမဲ့ မြိုသိပ်ရင်း လင်းယောင် အတွက်အသားကျပြီးသား မျက်စောင်းလေးချီလိုက်သည် ။ကားတံခါးလာဖွင့်ပေးသဖြင့် သူမ ၀င်လိုက်သည်။

" မ Breakfast စားပြီးသွားပြီလား "

"ဟင့်အင်း "

"မျက်နှာကြီးက ဘာဖြစ်နေတာလဲ "

ကားမောင်းရင်း သူမ မျက်နှာကိုအတင်းလိုက်ကြည့်နေသည့်အတွက်

"ရှေ့ကိုကြည့်မောင်းပါ "

"စိတ်ပူတာလား "

"ဟင်း မင်းက စကားအကောင်းကိုပြောလို့မရတာ "

"မ ဘာလို့ အဲ့လောက်ချစ်ဖို့ကောင်းနေတာလဲ မနက်စောစောစီးစီး ဖက်နမ်းပစ်ချင်တာ "

"ဘာ?"

ကားကိုထိုးရပ်ပစ်လိုက်ပြီး သူမ ဘက်သို့ တည့်တည့်ကြီးတိုးလာသည်မို့

"ဘာ ဘာလဲ  ငါ  ချက်ချင်းကားပေါ်ကဆင်းမှာနော် "

"ဘယ်သူက ဘာလုပ်နေလို့လဲ "

"မင်း မင်း က ရှေ့ ရှေ့ တိုးလာတာလေ "

"ဟက်  ကျွန်တော်က ခါးပတ်ပတ်မလို့လေ  မ ဘာတွေတွေးနေတာလဲ"

ဟန်ခေ ရှက်သွားသည်မို့ ပါးလေးရဲ လာသည့်အချိန်မှ

"mwah!!"

သူမ အနမ်းခံရတဲ့ပါးလေးအား လက်ဖဝါးဖြင့်
ဖိကာခပ်ဟဟ ပါးစပ်လေးကအံ့သြလျှက်

"ကျွန်တော်က စကားတစ်ခုကိုတကယ်မလုပ်ပဲမပြောတတ်ဘူး "

နမ်းချင်တာလို့ပြောမှတော့နမ်းမှာပဲပေါ့နော်
ဟန်ခေ စိတ်မဆိုးပါဘူး။

မနက်ခင်းမှာ ချစ်မိသူတစ်ယောက်ရဲ့ အနမ်းက ချိုမြိန်ပါသည် ။သဘောကျသော်လည်း သူ့ကိုမသိစေချင် နောက်တစ်ကြိမ်ကားရပ်သည့်နေရာက ဆေးရုံနဲ့အနီးဆုံးက Breakfast သီးသန့်ရောင်းသည့်ဆိုင်။

မင်းကြိုက်သလိုချစ် (Completed) OCWhere stories live. Discover now