Chapter (55)

23.1K 3.4K 181
                                    

လော်ရှို့ရဲ့ တူတွေ၊တူမတွေက အဖွားဖြစ်သူ ရှုမင်ဟွာတစ်ယောက် လုံလင်းတောင်ပေါ်မှာ ပွဲတွေကျင်းပနေတာကို အတော်သဘောကျနေကြတယ်။ဒါမှ သူတို့ရဲ့ သူငယ်ချင်းတွေကိုဖိတ်ပြီး လုံလင်းတောင်ပေါ်မှာ ပျော်ပျော်ကြီး သောင်းကျန်းလို့ရမှာလေ...

မနက်ဖြန်ရော၊သဘက်ခါမှာပါ လုံလင်းတောင်ပေါ်မှာ စားသောက်ပွဲကျင်းပမယ့်အကြောင်းကို
အိမ်တော်ထိန်းယွမ်မိုကို သွားပြောကြတဲ့ အခါ လော်ရှို့က အရေးကြီးတဲ့ ဧည့်သည်တွေအတွက်စားသောက်ပွဲကျင်းပဖို့ ပြင်ဆင်ခိုင်းထားတာကြောင့် အငြင်းခံလိုက်ရတယ်။ထို့အပြင် ဒီရက်ပိုင်းအတွင်း လော်ရှို့ စီစဉ်ခိုင်းထားတဲ့ စားသောက်ပွဲကလွဲရင်ကျန်တဲ့ စားသောက်ပွဲတွေကျင်းပခွင့်မရှိကြောင်း သတင်းရခဲ့ကြတယ်။

စိတ်ပျက်လက်ပျက်ဖြစ်နေကြပေမယ့် လော်ရှို့ကိုပြန်မလှန်ရဲတာကြောင့် ဘယ်သူမှ မထွန့်မတက်ရဲခဲ့ရှာပါဘူး။ရှုမင်ဟွာကိုယ်တိုင်သွားမေးပြန်တော့လဲ ယွမ်မိုက တူညီတဲ့ အဖြေနဲ့သာ တုန့်ပြန်ခဲ့လေတယ်။လော်ရှို့ကိုယ်တိုင် အမိန့်ပေးပြီး စီစဉ်ခိုင်းထားတဲ့ အတွက် ရှုမင်ဟွာဘာမှ ထပ်မပြောရဲတော့ဘူးလေ။

Selsey နဲ့ သူ့သူငယ်ချင်းတွေက နေ့ခင်းပိုင်းFlightနဲ့ ထွက်လာခဲ့ကြတာဖြစ်တယ်။နောက်တစ်နေ့မနက်မှ လေယာဉ်ဆိုက်မှာဖြစ်တဲ့အတွက် လေယာဉ်ပေါ်မှာတစ်ညအိပ်ခဲ့ရတယ်။

ရှောင်ခယ်၊လုယွင်ကျင့်နဲ့ ဝူဖန်တို့စုံတွဲက မနက်အစောကြီးကတည်းက မုန့်ရန်နဲ့ အတူ Selsey တို့ကိုစောင့်နေခဲ့ကြတယ်။

Selsey တို့တွေရောက်လာတာနဲ့မုန့်ရန်က ရှောင်ခယ်တို့တစ်တွေနဲ့ မိတ်ဆက်ပေးလိုက်ပြီး အဓိကစံအိမ်ထဲကို ခေါ်သွားခဲ့တယ်။

"မင်းအိမ်ကြီးက တကယ်အမိုက်စားပဲနော်"

မျက်စိရှေ့မှာမြင်နေရတဲ့ ခမ်းနားထည်ဝါလှတဲ့ ဗိသုကာဒီဇိုင်းတွေကြောင့် Selsey တစ်ယောက် တအံတသြဖြစ်နေခဲ့ရတယ်။

"အင်းး ပိုက်ဆံရှိတာ တကယ်ကောင်းတယ်ကွ"

"မင်းလဲ ချမ်းသာတာပဲမလား??တစ်နှစ်တစ်နှစ် အများကြီးရှာနိုင်နေတာပဲကို"

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now