Part (12) Uni/Zawgyi

10.9K 337 13
                                    

မင်းကြိုက်သလိုချစ်
အပိုင်း(12)

"တေဇ  ငါအိမ်မပြန်ချင်ဘူး"

"ဟမ်..."

လင်းယောင်ကားပေါ်တင်ပေးလိုက်တုန်းက အကောင်းပါ။

လမ်းတစ်၀က်ရောက်မှ ခေါင်းထောင်လာပြီး

"အိမ်မပြန်ဘူး အတန်းခေါင်းဆောင် တို့clubသွားတာ ငါလည်းလိုက်မယ်"

ဘီယာလေးနည်းနည်း၀င်တာနဲ့ ရစ်ချက် ဟုတေဇကမျက်လုံးစွေကြည့်ပြီးစိတ်ထဲကပြောလိုက်သည်။

"ဟာ  မသွားပါဘူး နင်က club၀င်ပြီးရင် အတော်နဲ့ပြန်မထွက်တော့ဘူး ပြီးတော့ ဒီနေ့ ငါတစ်ယောက်တည်း လင်းယောင်မပါဘူး နင့်ကိုမထိန်းနိုင်ဘူး"

" နင် လိုက်ပို့မှာလား မပို့ဘူးလား "

"စိုပြေ အိမ်ပြန်ရအောင်ပါ နင် နေလည်းသိပ်မကောင်းသေးဘူး "

"တေဇ  နင်မသိပါဘူး"

ဖြစ်သွားပြန်ပြီ။

တေဇလေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။

"လင်းယောင်ကလေ တကယ်အရင်လိုမဟုတ်တော့ဘူး"

"အင်း ငါလည်းသိသားပဲ "

"ငါလုံး၀မခံစားနိုင်ဘူးဟာ "

မျက်ရည်ပေါက်တွေက သူမ ၀တ်ထားတဲ့ ဖဲသားအင်္ကျီပြာလေးပေါ်သို့

"ဟင့်  ငါ ခံစားရခက်တယ်  သူရုတ်တရက်ကြီး

ပြောင်းလဲသွားတာ "

"မငိုပါနဲ့ကွာ နင်ငိုရင် ငါ လည်းခံစားရခက်တယ် "

"ဟင့်  ငါ ထပ်သောက်ချင်တယ် clubကိုသွားမယ်"

"မရဘူး"

"ရတယ် နင်လိုက်မပို့ချင်ဘူးမလား ကားရပ်လိုက်"

"ဟိတ်...."

"ကားရပ်လိုက်လို့ "

"စိုပြေ နင် ငြိမ်ငြိမ်နေကွာ"

"မသိဘူးဟာ ငါဆင်းမယ် လိုက်မပို့နဲ့ "

"ဘာလုပ်တာလဲ"

"နင်ရပ်မှာလား ခုန်ဆင်းရမလား "

ကားလော့ချထားသည်ကို သူမက တေဇဘက်သို့ ကုန်းဖွင့်ကာ တကယ်ဆင်းမယ့်ပုံမို့လို့

မင်းကြိုက်သလိုချစ် (Completed) OCWhere stories live. Discover now