Part (13) Uni/Zawgyi

10.9K 342 11
                                    

မင်းကြိုက်သလိုချစ်
အပိုင်း(13)

ဒီနေ့ဆိုရင် ဟန်ခေနဲ့လင်းယောင် နဲ့ ချစ်သူဖြစ်တာ ၁ပတ်တောင်ပြည့်ပြီ။Silent မို့လို့ ခိုးတွေ့ရလေ့ရှိပေမဲ့လင်းယောင်ဟာ အကျင့်အတိုင်း ပတ်၀န်းကျင်ကိုသိပ်ဂရုမစိုက်တတ်တာမို့ တစ်ခါတစ်လေ ဟန်ခေက စိတ်ကောက်တတ်သည်။

လင်းယောင်က ဆေးရုံထဲမ၀င်ခင်
ကားပါကင်ထဲတွင် သူမကိုစောင့်လေ့ရှိပြီး
အတက်နိုင်ဆုံးစောစောလာကြသည် ။အခုလည်း လင်းယောင် သူမကို ကားထဲမှာစောင့် ၄၅မိနစ်လောက်ရှိပြီ ။

နာရီတကြည့်ကြည့်နဲ့ ၈နာရီထိုးပြီးမှဆိုရင် သူမ က ဓာတ်လှေကားလည်းအတူတူမစီးဘူး
အတူတူလည်းအထဲမ၀င်ဘူး နာရီ၀က်လောက်အပြင်မှာစောင့်ခိုင်းတယ် ကိုယ်မစောင့်ချင်ဘူးပြောရင် သူကနာရီ၀က်နေမှ အထဲ၀င်တယ်
အရမ်းလည်းကြောက်တတ်တာ ကိုယ်နဲ့တွဲတာသိရင် ကျားကိုက်မယ့်အတိုင်းပဲ။

လင်းယောင် အရင်ကတည်းကစိတ်မရှည်တတ်သူမို့ အခုလည်း သူမအိမ်သာပြေးခေါ်လိုက်ချင်သည်။

စောစောတွေ့ချင်လို့အစောကြီးလာစောင့်နေခါမှ မပေါ်လာသေးဘူးအိမ်ရှေ့သွားစောင့်ရင်လည်းတေဇသိမှာစိုးလို့ဆိုပြီး စိတ်ဆိုးဦးမယ်
လင်းယောင် ကားမှန်ချထား၍ လက်ပိုက်ပြီး မျက်စိမှိတ်ထား၏ ။

"Mwah!!"

သူ့ပါးကို နှုတ်ခမ်းနုနုလေးတစ်ခုဖိကပ်သွားသလို လင်းယောင် မျက်လုံးဖွင့်ကြည့်သည့်အခါ သူမဒီနေ့၀တ်လာတာလည်ပင်းခပ်ဟိုက်ဟိုက်မို့ သူမ၏မို့မောက် သောအလှအပများနှင့်တည့်တည့်ပင်တိုးလေသည်။

"အဟင်း "

မျက်စိလွှဲလိုက်ပြီး သူမကိုမကြည့်ပဲ ရှေ့တည့်တည့်သာကြည့်နေ၏။

အရင်ကဆို clubတွေဘားတွေမှာ ဒီထက်လည်ဟိုက်၀တ်တဲ့မိန်းကလေးတွေမြင်ဖူးပေမဲ့
အခုလိုတစ်ခါမှမဖြစ်ဘူး အခုလည်ပင်းသားလေးပြောင်ရှင်းကာ သာမြင်ရသောသူမကို ရင်တွေခုန်ကာ ကိုယ့်ကိုယ်ကိုယ်ပဲမလုံတာလား

တခြားသူမြင်မှာစိုးရိမ်သလားမပြောတတ်။

"ဘာလုပ်နေတာလဲ ကားထဲကထွက်ခဲ့လေ "

မင်းကြိုက်သလိုချစ် (Completed) OCWhere stories live. Discover now