Part (15) Uni/Zawgyi

11.2K 349 37
                                    

မင်းကြိုက်သလိုချစ်
အပိုင်း(15)

"ဟင် ငါ၇နာရီဒီနားမှာစောင့်လို့ပြောထားပါတယ် "

တေဇက နာရီကြည့်လိုက် သူမ ကိုရှာလိုက်ဖြင့် အလုပ်ရှုပ်နေ၏။

"မနေ့ညကဖုန်းဆက်ထားရဲ့သားနဲ့ ထွက်မစောင့်ပြန်ဘူး"

တေဇက သူမ အိမ်ထဲထိ၀င်လာခဲ့ရသည်။

"ဒေါ်ဒေါ်မြ  စိုပြေ ရော"

"အဲ့ အစ် အစ် ကိုလေး "

ဒေါ်ဒေါ်မြ စိုးရိမ် နေပုံထောက်ရင် စိုပြေ့အမေ အိမ်မှာရှိပုံရသည်။

"ဘာလဲ "

ပြောရင်းဆိုရင်း အိပ်ခန်းထဲမှ ထွက်လာသူ ဆံပင်ကောက်ကောက်နဲ့ ခပ်ပိန်ပိန် မိန်းမ တစ်ဦးသည် လက်ထဲတွင်လည်း ဝိုင်ခွက်တစ်ခွက်ကိုင်ထားသေးသည်။

မနက်စောစောစီးစီး  ဒီပုံစံနဲ့ဆိုတော့ မနေ့ညကလည်း စိုပြေနဲ့ပြဿနာရှိပုံပဲ။

"ဟုတ်ကဲ့  ကျွန်တော် စိုပြေ့ကိုကျောင်းလိုက်ပို့မလို့ပါ အန်တီ"

"ငါတို့အိမ်က ကျောင်းလိုက်မပို့နိုင်ရလောက်အောင် အလုပ်ရှုပ်တဲ့အခြေအနေမှာမရှိသေးဘူး "

တေဇ ဒီစကားတွေကိုမျှော်လင့်ပြီးသားဖြစ်တာမို့ မအံ့သြတော့ပေ။အလယ်တန်း အထက်တန်း တက္ကသိုလ်ထိ ဒီလိုစကားတွေ အန်တီဒါလီပြောနေကျပေမို့။

"အဟွန်း ဒါပေမဲ့ ...."

"စိုပြေ  စိုပြေ  ဆင်းခဲ့စမ်း ညည်းကိစ္စ ညည်းလာရှင်း"

ဒေါ်ဒါလီ အိမ်အပေါ်မှ သူ့သမီးကို လှမ်းအော်ခေါ်လေသည်။ ည၀တ်အင်္ကျီအဖြူရောင်ဂါ၀န်ရှည်ကြီးကိုတောင်မလဲနိုင်ဆံပင်တွေလည်းရှုပ်ပွကာ မျက်တွင်းလည်းချိုင့်နေလေသောစိုပြေကထွက်လာလျှင်

"စိုပြေ"

တေဇ သူမကိုကြည့်ရင်း တကယ်စိတ်ဆင်းရဲစွာ သနားလည်းသနားသည် ။

"နင်...."

လှေကားကိုတစ်ထစ်ချင်းဆင်းလာသည်က ချိနဲ့ စွာဖြင့်

"ငါနင့်ကိုပြောမထားဘူးလား စိုပြေ ဒီကောင်တွေကိုမမြင်ချင်ဘူးလို့ ဘာလို့ပေါ်ပေါ်လာတာလဲ "

မင်းကြိုက်သလိုချစ် (Completed) OCWhere stories live. Discover now