Chapter(306) - ဆက်ဆံရေးအချို့

3.4K 728 42
                                    

Unicode

အခန်း(၃၀၆) - ဆက်ဆံရေးအချို့

တာအိုအရှင်ရီသောက်ကလည်း ဒီအကြောင်းအား သေချာပေါက် သိနေသည်။ ထို့ကြောင့်သူက စတင်ပြီး ဂနာမငြိမ်ဖြစ်လာတော့၏။

သူကချိုးဖြတ်ဓားတောင်ထွတ်မှ အထက်တန်းလွှာ တပည့်တစ်ချို့အား လူများလွှတ်၍ တိတ်တဆိတ်ဆက်သွယ်ပြီး 'တောက်ပတဲ့အနာဂတ်ပေးမယ်' ဆိုတဲ့ စကားမျိုးဖြင့် ထိုသူတို့ရဲ့ စိတ်နှလုံးအား လှုပ်ခတ်စေယုံသာမကပဲ မဟာအကြီးအကဲ ချင်းယွင်ကိုမြင်တိုင်း တံခါးပိတ် တရားကျင်ကြံခြင်းဆိုတဲ့ စကားများအား တမင်သက်သက်ပြောကာ သူ့စိတ်အခြေအနေကို နှောင့်ယှက်ဖို့ ကြိုးစားခဲ့သည်။ ဒီလိုနည်းပရိယာဉ်မျိုးများက ကြောက်မက်ဖွယ်မကောင်းဘူးဟု သတ်မှတ်လို့မရပေ။

သို့သော်လည်း နက်ရှိုင်းကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်သူကတော့ ပြုံးပြီးတော့သာ ပေါ့ပေါ့ပါးပါး မှတ်ယူသည်။

"မင်းတို့နှစ်ယောက်က ဂိုဏ်းထဲဝင်လာကတည်းက နေ့တိုင်းရန်ဖြစ်နေကြတာ အခုချိန်ထိ ဒီလိုပဲဆက်ဖြစ်နေသေးတယ်... ဆန့်ကျင်ဘက်အနေနဲ့, ဂိုဏ်းကို နောက်ပိုင်းမှ ဝင်လာတဲ့ လန်ယွဲ့ကတော့ မင်းတို့အားလုံးထက်ပိုပြီး အေးဆေးတည်ငြိမ်တဲ့ စိတ်ထားမျိုးရှိနေတယ်"

မဟာအကြီးအကဲ ချင်းယွင်ရဲ့ မဲမှောင်နေတဲ့ အမူအယာက အနည်းငယ် ဆုတ်ခွာသွားသည်။

"ကျုပ်ကတည်ငြိမ်ပါတယ် , တာအိုအရှင်ရီသောက် ကသာ ဒီနေ့ပေါက်ရတွေ အများကြီးပြောနေတာ"

ရီသောက်က စိတ်အခြေအနေ ဆိုးဝါးနေသည်။

"ကျုပ်က အမှန်တရားကိုပြောနေတာ; ဒါကိုဘယ်လိုလုပ် ပေါက်ကရလို့ ပြောနိုင်မှာလဲ?"

တာအိုအရှင် ရီသောက်နဲ့ မဟာအကြီးအကဲ ချင်းယွင်တို့က တစ်ယောက်နဲ့တစ်ယောက် စိုက်ကြည့်နေကြပြီး အချင်းချင်းရဲ့ မျက်လုံးထဲမှာ ရန်ငြိုးများကို မြင်နိုင်နေသည်။

အကြီးအကဲ တော်တော်များများက တစ်ယောက်ပြီးတစ်ယောက် စကားစပြောကြတော့၏။ ဒီတစ်ယောက်က သွေးဆောင်ဖို့ ကြိုးစားလိုက် နောက်တစ်ယောက်က နှစ်ယောက်ကို ညှိနှိုင်းပေးဖို့ ကြိုးစားလိုက်နဲ့ ဖြစ်နေကြ၏။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now