Chapter 21 (U+Z)

6.7K 1.4K 44
                                    

-Unicode-

အခန်း ၂၁: ဒီဝယ်သူအကြောင်း မေ့လိုက်တော့

အပြင်မှာတာဝန်ကျတဲ့ ကင်းလှည့်အဖွဲ့နဲ့ တတိယတပ်ဖွဲ့ဝင်တွေဟာ နေ့တိုင်း သူတို့အပြင်မသွားခင် ကြွယ်ဝခြင်းနတ်ဘုရားကို ပူဇော်ကြလေ့ရှိတယ်။ အဲဒါက ဒီပြီးခဲ့တဲ့လအတွင်း တဖြည်းဖြည်းနဲ့ ဖြစ်လာခဲ့တဲ့ အကျင့်တစ်ခုပဲ။

အစကတော့ လူတွေက အခြားသူတွေ သိမှာစိုးရိမ်တဲ့အတွက် တိုးတိုးတိတ်တိတ်လုပ်ကြတယ်။ နောက်ပိုင်းမှာ ချန်ကျင့်ရွှယ်က ဦးဆောင်လာတဲ့အတွက် သူတို့လည်း နေ့ခင်းလူမြင်ကွင်းမှာတောင် ဘာသာတရားကိုင်းရှိုင်းတဲ့ အပြုအမူတွေ လုပ်ဆောင်လာကြတယ်။ စစ်သင်္ဘော Wyvern ပေါ်ကလူတွေက ဒါကို အသားကျနေတာ ကြာလှပြီ။

ဒါတွေအကုန်လုံးက ဦးဆောင်နမူနာလုပ်တဲ့ ချန်ကျင့်ရွှယ်ကိုပဲ အပြစ်ဖို့ရမယ်။

ချန်ကျင့်ရွှယ်က ဝမ်ရှောင်းယွင်ရဲ့ ဒုဗိုလ်ချုပ်ဖြစ်တဲ့အပြင် သူငယ်ချင်းကောင်းတစ်ယောက်လည်း ဟုတ်တယ်။ သဘာဝအလျောက် သူက အဆင့်ရာထူးအရ ဝမ်ရှောင်းယွင်နောက်က ထင်ပေါ်တဲ့ ပြယုဂ်တစ်ခုလို့ ယူဆလို့ရတယ်။

ဒုဗိုလ်ချုပ်ချန်က လမ်းကြောင်းဖောက်ပေးပြီး ဒီအယူသီးမှုကိုလည်း ယုံကြည်တယ်။ အလိုအလျောက်ပဲ တတိယတပ်ဖွဲ့ဝင်တွေဟာ သူ့ဆီကနေ သင်ယူထားတာဖြစ်တယ်။

နောက်ပိုင်းမှာ ချိုမြိန်တဲ့ဆုလာဘ်တွေ ခံစားရပြီးတဲ့နောက်၊ ကိုးကွယ်ပြီးနောက် သူတို့ကံကောင်းလာတာတင်မကဘဲ မကြာခဏ ထီပေါက်တာကိုပါ သိရှိလာပြီးနောက်မှာတော့ သူတို့ အရင်က မယုံကြည်ခဲ့ရင်တောင်မှာ အခုဆို ယုံကြည်ရုံကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး။

အခု သူတို့ကို မိစ္ဆာဒိဋ္ဌိအယူကိုးကွယ်တဲ့ ဘာသာရေးဂိုဏ်းတစ်ခုအသွင် ကယ်လုအန်း ပြောတာကို ကြားလိုက်ရတော့ သူတို့အားလုံး စိတ်ထဲမှာ အတော်လေး မပျော်မရွှင်ဖြစ်သွားတယ်။

စားစရာကို ဖြစ်သလိုစားလို့ရပေမဲ့ စကားကိုတော့ မဆင်မခြင်ပြောလို့မဖြစ်ဘူးလေ။

စကားအမှားတွေပြောမိပြီး ဒုဗိုလ်ချုပ် ဘယ်လောက်တောင် ကံဆိုးမိုးမှောင်ကျသွားလဲဆိုတာ မမြင်ဖူးလား။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now