Chapter (57)

23.3K 3.3K 220
                                    

"လူသတ်မှုတဲ့လား?? မင်းလုပ်ခဲ့တဲ့ car accident မျိုးကိုမှ လူသတ်မှုလို့ခေါ်တာကွ!!ငါ ဘယ်မှာ လူသတ်နေလို့လဲ???ငါ့မှာ မင်းလုပ်ခဲ့တဲ့ သက်သေတွေမရှိဘူး။မင်းဘက်ကလဲ ငါအခုလုပ်ခဲ့တဲ့ သက်သေရှိရင် ချက်ချင်းဖမ်းခိုင်းလိုက်လေ...မင်းငါ့ကိုတရားစွဲချင် စွဲလိုက်..မင်းရဲ့ရှေ့နေဆီက ခေါ်စာကို ငါစောင့်နေလိုက်မယ်"

လော်ရှို့က အေးစက်နေတဲ့ လေသံနဲ့ ချန်းကန်ကို ပြန်ပြောလိုက်တယ်။

ချန်းညီနောင်နှစ်ပါးက ဒေါသထွက်လွန်းလို့ လော်ရှို့ကို ရိုက်နှက်ချင်နေပြီ။ဒါပေမယ့် လော်မိသားစုရဲ့ အဓိကစံအိမ်ထဲမှာဆိုတော့ မလုပ်ရဲကြ
ပြန်ဘူးလေ...

"တစ်ယောက်ယောက်ကို မြန်မြန်ခေါ်လိုက်စမ်း!!!"

ချန်းကန်က သက်တော်စောင့်တွေကို အော်ခေါ်လိုက်တယ်။

"လူများလေ ကောင်းလေပဲ!!"

"အချိန်ဆွဲနေလို့မဖြစ်တော့ဘူး။တားထားတဲ့ဟာ တွေကို လူအင်အားသုံးပြီး မြန်မြန်ဖယ်လိုက်စမ်း!!!"

ချန်းမိသားစုရဲ့ သက်တော်စောင့်တွေက နွားကိုးကောင်နဲ့ ကျားနှစ်ကောင် တို့ရဲ့ ခွန်အားနဲ့ ညီမျှတဲ့ အင်အားတွေကိုသုံးပြီး အကူပစ္စည်းတွေရောက်လာခင်အထိ တောင်တက်လမ်းပေါ်မှာတားဆီးထားတဲ့ ရေတိုင်ကီကြီးတွေကို
လက်ဗလာနဲ့ ဖယ်ရှားနေကြရတယ်။

ချန်းညီနောင်နှစ်ပါးရဲ့ ကွပ်ကဲမှုအောက်မှာ ချန်းမိသားစုရဲ့သက်တော်စောင့်တွေက အဖိုးကြီးချန်းကို ရေတိုင်ကီတွေပေါ်ကနေ ကျော်ပြီး ခဲရာခဲဆစ် သယ်ထုတ်နေရတယ်။အဖိုးကြီးချန်းရဲ့ အခြေနေက ခုနတုန်းကလောက် အပြင်းထန်တော့တာကံကောင်းသွားတယ်....

[TN: ချန်ကန်ကို သက်သေမရှိလို့ မဖမ်းနိူင်ခဲ့သလို သူ့ကိုလဲ သက်သေမရှိလို့မဖမ်းနိုင်တဲ့ အကွက်မျိုးကို ဆရာလော်သုံးသွားတာပါ။အေးလေ...သူပိုင်တဲ့တောင်ပေါ်မှာ သူပိုင်တဲ့ ရေတိုင်ကီတွေထားတာ ပြစ်မှုမှမမြှောက်တာ😂😂]

လော်ရှို့တစ်ယောက်တည်း စိတ်ပျက်လက်ပျက်နဲဲ့ သက်ပြင်းချနေခဲ့မိတယ်။ကားလမ်းကို တရားမျှတမှုရှိစွာနဲ့ ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့ထားပြီးပြီ။ချန်းမိသားစုရဲ့ ကားတွေကို အခုချိန်မှာ တားထားခိုင်းလို့ရပေမယ့် ထင်ရှားတဲ့ သက်သေဖြစ်သွားနိုင်တယ်လေ။ကောင်းပြီ....အဖိုးကြီးချန်းကို အခုလိုပုံစံနဲ့ မြင်ရတာလဲ သိပ်တော့မဆိုးပါလေ...အခွင့်ကောင်းကို ဆုံးရှုံးလိုက်ရတာတော့ နှမြောစရာကောင်းသား....

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now