part 1

146K 8.5K 945
                                    

"ဒီနေ့ ကိုကို ပြန်ရောက်မှာနော် ညစာ ဒီမှာ လာစားမှာတဲ့ ကြီးပု ကိုကို့ အကြိုက်တွေ သေချာ လုပ်ထားရဲ့လား.."

ထမင်းစားခန်းထဲ ငြင်ငြင်သာသာ လျှောက်ဝင်လာရင်း ရှင်းခန့်က မေးသည်။ပြီးတော့ ထမင်းစား စားပွဲဝိုင်းကို ကျော်ကာ ကြီးမြင့် ချက်ပြုတ်နေသော အနောက်ဖက် အကန့်လေးအထဲထိ ဝင်ရောက်ကာ အသေးစိတ် ကြည့်ရှုနေပြန်သည်။

"ပုစွန်က လတ်ရဲ့လားဟင် အစိမ်းသုတ်မှာဆိုတော့ အနံ့ပျောက်အောင် သေချာဆေးဦးနော် အထွေးလေး.."

"ဟုတ်ကဲ့ပါ အကိုလေးရဲ့ စိတ်ချပါ.."

အထွေးလေးက ပြောတော့ ရှင်းခန့်က ကြည်ကြည်သာသာလေး ပြုံးပြပြီးမှ...

"ဒါက ဘာတွေလည်း ကြီးပု..."

"ငါးရံ့အူတွေလေ မန်းကျည်း အနှစ်လေးနဲ့ ချဉ်စပ်လေး ချက်မလားလို့ ကိုနိုင်းက ဟိုမှာ နေခဲ့တာ ကြာပြီဆိုတော့ ဗမာချက်တွေ လွမ်းနေမလားလို့လေ အားလုံး ချဉ်ငံစပ်တွေချည်း စီစဉ်ထားတယ်.."

ကြီးပုပြောတော့ ရှင်းခန့် ခေါင်းတညိတ်ညိတ်ဖြင့်...

"ကောင်းတယ် ကိုကိုက အရသာဆို ချဉ်ငံစပ်လေးမှ ကြိုက်တာလေ ဒီညနေတော့ သူ့အကြိုက်တွေချည်းပဲ စားပွဲပေါ် ပြည့်နေပါစေ.."

ရှင်းခန့်က ပြောတော့ ဒေါ်ပု သဘောတကျ ခေါင်းငြိမ့်ပြီးမှ...

"သားကတော့ ကိုနိုင်းကို အခုထိ အသေးစိတ် ဂရုစိုက်နေတုန်း.."

"စိုက်ရတာပေါ့ ကြီးပုရဲ့ ကိုကိုက ကျွန်တော့်အချစ်ဆုံးတွေထဲက တစ်ယောက်ပဲကို.."

"ဟုတ်ပတော် ကိုနိုင်းကလည်း ရှင်းခန့်မှ ရှင်းခန့်ပါ ငယ်ငယ်ထဲက ထိန်းကျောင်း ချီပိုးရင်း အရိပ်တကြည့်ကြည့်နဲ့ သူ့မှာချစ်လိုက်တာ ဆိုတာ မိုးလင်းကနေ မိုးချုပ်အထိ ရှင်းခန့် ဆိုတာကြီးပဲ.."

ကြီးပုက ငယ်ကအကြောင်းတွေကို စားမြှုပ်ပြန်လေတော့ ရှင်းခန့် ခပ်ဖွဖွလေးသာ ရယ်လေသည်။ဟုတ်ပါတယ် ကိုကိုက ငယ်ငယ်လေးထဲက သူ့ကိုဆို အရိပ်တကြည့်ကြည့်နဲ့ အရမ်းချစ်တာ။မေမေဆုံးသွားပြီးတော့ မိတဆိုးလေးဆိုပြီး ဂရုဏာတွေ ပိုခဲ့သလို ဖေဖေနှင့်အန်တီချို လက်ထပ်ကြတော့လည်း အနားမှာ ဒိုင်ခံနှစ်သိမ့်ပေးခဲ့တာ ဦးမောင် လက်ထပ်သွားလည်း ရှင်းခန့်ရဲ့ အနားမှာ ကိုကိုရှိနေမည် ဆိုတဲ့အကြောင်းတွေ။ပြီးတော့ အန်တီနီလာကရော ဘာထူးလို့လဲ ရှင်းခန့်ကိုဆို သူမ မမွေးထုတ်ထားယုံတမယ် သဲသဲလှုပ်ချစ်တက်တာ။မမဇွန်ဆိုတာလည်း မောင်အရင်းဖြစ်တဲ့ ကိုကို့ထက်တောင် ရှင်းခန့်ကို ပိုသဲတာ ငယ်စဉ်ထဲကနေ ယခုအချိန်အထိ ဖြစ်သည်။အန်ကယ်တစ်ယောက်သာ ဖာသိဖာသာ နေတက်တာ။ငယ်ငယ်ရွယ်ရွယ်ဖြင့် မိတဆိုး ဖြစ်ခဲ့ရရင်း ဖေဖေ နောက်အိမ်ထောင်ထူလို့ မိထွေးရခဲ့ပေမဲ့ ဟိုတုန်းထဲက နှစ်အိမ်တစ်အိမ် ဆွေမျိုးတွေလို နေထိုင်ခဲ့ကြတဲ့ ကိုကိုတို့ မိသားစုရဲ့ အရိပ်အောက်မှာ ရှင်းခန့် မျက်နှာငယ် မေတ္တာငတ်ခဲ့ရတာမျိုး မရှိခဲ့တာတော့ အမှန်။

Green Eye(complete)Where stories live. Discover now