Uni
နက် အိမ်ကိုပြန်ရောက်တည်းက ပျင်းပျင်းနဲ့ ရုပ်ရှင်ကြည့်တယ် အစာစားတယ်
ပြီးရင် ခြံထဲက ပန်းပင်တွေစိုက်လိုက်ရေလောင်းလိုက်နဲ့ အချိန်တွေကုန်သွားပေမယ့်
ခြောက်လဆိုတာ ခဏလေးလိုတွေးလိုက်ရင်း ကိုယ့်ကိုကိုယ်နှစ်သိမ့်နေရတယ်
ကျောင်းကလည်း နားမယ်ဆိုပြီး တစ်နှစ်အောက်ဖို့ ပြောပြီးသွားတော့ ခုချိန်ပြန်တက်လို့လဲမရနိုင်အော်တော်တော်ပျင်းစရာကောင်းတဲ့ဘဝကြီးပဲ
မနက်ဖြန်တော့ အလုပ်လေးဘာလေးသွားလျောက်ဦးမှ
တွေးနေတုန်းရှိသေးတယ် ဆိုင်မဆင့်ဘုံမဆင့် ခန့်ထယ်ဝါတစ်ယောက် အိမ်ထဲဝင်လာတယ်
အိမ်သော့ရဲ့ လျှို့ဝှက်နံပါတ်ကို မပြောင်းမိတော့ သူဝင်လို့ရသွားတာပေါ့
"ဒီမှာ နက် ကြီးမြဖုန်းဆက်တယ် သူတစ်နေ့တစ်ခေါက်ဖုန်းခေါ်မယ်တဲ့ အဲ့တာ ဘယ်လိုလုပ်မလဲ"
"ကိုင်လိုက်ပေါ့ "
"အန် မင်းအဲ့လို တာဝန်မဲ့တဲ့စကားမပြောနဲ့ ညရောက်ရင် ဖုန်းဆက်မယ်ဆိုတော့ မင်းနဲ့ငါတစ်အိမ်ထဲတူတူမနေတာ သူသိသွားရင်~"
"ဟုတ်သားပဲ ဒါ ဒါဆို ဘယ်လိုလုပ်ကြမလဲဟင်"
နက်အနေနဲ့ အေးအေးချမ်းဖြစ်နေတဲ့ ကြီးမြကိုတော့ သောကတွေထပ်မပေးလို
"ငါလာနေမှရမှာပေါ့ ဒါမှကြီးမြဖုန်းဆက်ရင် မင်းရောငါရော ဖုန်းကိုင်နိုင်မှာလေ"
နက်သေချာလေးပြန်စဉ်းစားဖို့လိုနေပြီထင်တယ် တကယ်လို့ သူခွင့်ပြုလိုက်ရင်လဲ ခန့်ထယ်ဝါက ဒီအိမ်မှာ လာနေတော့မယ်
ခွင့်မပြုပြန်ရင်လည်း ကြီးမြက နက်တို့အကြောင်းသိပြီးစိတ်စဉ်းရဲကာ ပူပန်နေရဦးမယ်
"ကောင်းပြီလေ ရှင်လာနေပေါ့ ဒါပေမယ့်မမနှင်းကို ဘယ်လိုလုပ်မလဲ သူအိမ်မှာ တစ်ယောက်တည်းကျန်ခဲ့မှာပေါ့"
"ဟာ ငါတို့ပြောနေတဲ့ ထဲမှာ ဘာကိစ္စနှင်းဖြူစင်ကပါလာရတာလဲ သူငါနဲ့ တူတူနေနေတာမဟုတ်ဘူး"
YOU ARE READING
တစ်ချက်လေး စောင်းငဲ့ကြည့်ဦး
Randomမင်းက ငါ့အချစ်တွေနဲ့ မထိုက်တန်တဲ့မိန်းမပဲ ငါမင်းကို မင်းသေသွားရင်တောင် ပြန်ချသ်မှာမဟုတ်ဘူး ခန့်ထယ်ဝါ ကိုခန့်ဘယ်လောက်မုန်းမုန်း နက်နားကမထွက်သွားပါနဲ့နော် နက်က ကိုခန့်မရှိရင် သေမှာ ပုလဲနက်