Chapter - 61

7.1K 1.4K 107
                                    

''မင်းထင်ရာမြင်ရာလျှောက်ပြောနေမှန်း ငါသိသားပဲ"
ရင်းဇယ် သက်ပြင်းတစ်ချက်ချမိသည်။
''မင်းလည်း ငါ့လိုပဲအမှန်တရားကို ရင်ဆိုင်နိုင်ဖို့လိုတယ်၊ ငါ့ကောက beta ဇွတ်အတင်း omegaဖြစ်ခိုင်းမ‌နေနဲ့"

''အွန်ဟွန်း ငါသိပါတယ်"

''ပြီးတော့ pheromoneနံ့မရဘူးဆိုတာနဲ့ပဲ သူ့ကိုလိမ်မယ်စိတ်မကူးနဲ့"
ရင်းဇယ်က သူ့ကော်လံစကိုဆွဲဆုပ်ကာ :
''သူ့ကိုစိတ်ညစ်အောင်လုပ်လို့ကတော့ မင်းကိုအသေသတ်မှာ"

ကျန့်ယောင်ကတော့ ပြုံးပြုံးလေးနှင့် : ''မင်းကို ဆရာလုပ်ခွင့်ပြုပေးတယ်"

ရင်းဇယ်က နှာခေါင်းတစ်ချက်ရှုံ့လို့ ကော်လံကိုဆွဲထားရာကနေလွှတ်ပေးတယ်။ လှည့်ထွက်သွားပြီး လှေကားအရောက်မှာတစ်ချက်ရပ်သွားပြီး :
''‌နောက်တစ်ခုရှိသေးတယ်"

''ဟမ်?"

''ပိုင်ယွိဝေနားကို ထပ်မကပ်နဲ့၊ မဟုတ်ရင်လည်း မင်းအသေပဲ"

ကျန့်ယောင်မှာ ပြန်ပြီးလှောင်ပြောင်စကားမဆိုလိုက်ရသေးခင်ပင် တံခါးက *ဒုန်း!*ကနဲပိတ်သွားတော့သည်။

...

အခန်းထဲပြန်ရောက်တော့ ရင်းချဲယ်က ခေါင်းအုံးလေးကိုတင်ထားပြီး အခန်းထဲမှာတိတ်တိတ်ကလေး‌ထိုင်စောင့်နေလေရဲ့။

တစ်အိပ်ယာတည်းထက်မှာ ဖျစ်ညှစ်နေရာယူထားတဲ့ ခေါင်းအုံးလေးနှစ်လုံးကိုကြည့်ကာ ကျန့်ယောင်က အပြုံးနဲ့ဆိုတယ်။
''ငါ့ကို ကြမ်းပြင်ပေါ်မအိပ်ခိုင်းတော့ဘူးပေါ့လေ?"

''မင်းအိပ်ချင်‌နေရင်တော့ အောက်မှာပဲအိပ်ပေါ့"

''ဟားဟား၊ မဟုတ်တာ"
ကျန့်ယောင် သူ့ဘေးမှာ၀င်ထိုင်ပြီး ဆံပင်တွေကိုဖွလိုက်သည်။
''စိတ်ချပါ၊ ငါကိုယ့်ကိုယ်ကို ထိန်းနိုင်ပါတယ်"

ရင်းချဲယ်အောက်နှုတ်ခမ်းလေးကို ကိုက်ထားရင်း :
''ငါ့မွေးနေ့က နှစ်လ‌လိုသေးတယ် "

''အွန်း သိတယ်လေ၊ ဘာဖြစ်လို့လဲ?"

''နောက်နှစ်ပတ်အတွင်းကို ကုရဖို့အကောင်းဆုံးကြိုးစားမှာမို့၊ မင်းကစောင့်နေ"

Pay Attention To Me [Myanmar Translation]Where stories live. Discover now