Part (20) Uni/Zawgyi

11K 313 20
                                    

မင်းကြိုက်သလိုချစ်
အပိုင်း(20)

၁လတောင်ပြည့်လုပြီ

နင် ငါ့ကို အခုထိ မဆက်သွယ်သေးပါလား တေဇ ရယ်
ဘာကြောင့်မှန်းမသိ  သူမရှိတော့ မနေတတ်သလိုခံစားနေရတယ်
ဘာကြောင့်မှန်းမသိ  သူ့ကိုမျှော်နေမိတာလား
ဘာကြောင့်မှန်းမသိ  သူ့ကိုများတမ်းတနေတာလား
ဘာကြောင့်မှန်းမသိ  သူ့ကိုပဲချစ်နေမိသွားပြီလား လို့

မေးခွန်းတွေအကြိမ်ကြိမ်ထုတ်ခဲ့ပေမဲ့  အဖြေထွက်မလာခဲ့။ငါရူးနေပြီလားတောင်မသိဘူး ရွှန်းစိုပြေ ဆိုတာ လူတစ်ယောက်အပေါ်ကျရှုံးတတ်နေပြီလား သူကျောင်းလာမကြိုတဲ့၁ပတ်ပြီးကတည်းက သူမလည်းကျောင်းမှန်မှန်မတက်တော့ပေ ။

အမေမရှိတဲ့ရက်ဆိုအိမ်မှာပဲနေဖြစ်တယ်
တစ်ခါတစ်ရံ အမေက အရက်သောက်တာများတဲ့နေ့ဆို အိမ်မှာပဲနေတယ် အဲ့လိုရက်မျိုးဆိုမှ ကျောင်းသွားဖြစ်တယ် ဒီနေ့ အမေ အပြင်သွားလောက်တယ်လို့ စိတ်ကူးမိလို့  ကျောင်းမသွားဖြစ် ကိုယ်တိုင်လည်းနေမကောင်းပါ။

ခေါင်းနောက်နေတာကြာပြီ ညဆိုအိပ်မပျော်လို့ အမေ့ရဲ့ အိပ်ဆေးတွေခိုးခိုးသောက်နေတာ
နေ့ခင်းပိုင်းဆိုကြောင်ကြောင်ကြီးဖြစ်ဖြစ်နေပြီ

"မမလေး "

ဒေါက် ဒေါက်

တံခါးခေါက်သံကြောင့် စောင်ခြုံထဲကထထိုင်လိုက်၏။

"ဒေါ်ဒေါ်၀င်ခဲ့မယ်နော် "

ဒေါ်မြ ၀င်လာခဲ့သည့်အခါ

"ဘာကိစ္စရှိလို့လဲ ဒေါ်ဒေါ် "

"သမီးစိုပြေ ကျောင်းမသွားဘူးလား အောက်မှာ ကိုအေး က ကားအဆင်သင့်ဖြစ်နေပြီ "

"ဟင် စိုပြေ ဒီနေ့ ကျောင်းမသွာဘူး ဒေါ်ဒေါ် အမေမရှိဘူးမလား အိမ်မှာပဲနေမလို့ "

"မမဒါလီ အိမ်မှာရှိတယ် သမီးရဲ့ အဲ့တာကြောင့် ....."

သူတို့သားအမိအကြောင့် ကကြီးမှအ အထိ သိတာ ဒေါ်ဒေါ်မြလေ စိုပြေက မေမေ့ကိုရှောင်နေကျဆိုတော့ လာပြောပြတာ မရှောင်ရင်လည်း မရှောင်တဲ့နေ့ အမြဲ ပြဿနာဖြစ်တာပဲ

မင်းကြိုက်သလိုချစ် (Completed) OCWhere stories live. Discover now