Ep.5

1.8K 178 21
                                    

"အား "

Li: ခေါင်းထဲမှာအကောင်ဝင်နေတဲ့အတိုင်းဘဲ နောက်ကျိနေလိုက်တာ..

အိပ်ဆောင်ကနေပြင်ပကိုထွက်လာချိန်မှာတော့ ဖခင် အမတ်ကြီးဟာ နန်းတော်ကို အမှုထမ်းဖို့မသွားရသေး အိမ်တော်က အစေခံတွေကိုသာ မှာတမ်းချွေနေတယ်...

Li: ဖေဖေ

အမတ်ကြီးဟာ ဘယ်တော့အခါဘဲဖြစ်နေပါစေ ဘယ်လောက်တောင်ဘဲ အရေးကိစ္စအတွက် စိတ်ပိန်နေပါစေ သူ့သမီးတော်ရောက်လာချိန်ဆိုရင် နွေးထွေးစွာပြုံးပြနေစမြဲပါဘဲ...

Li: အရေးကိစ္စရှိနေတာလား

" စိတ်ထဲမထည့်ထားပါနဲ့ သမီးတော် မင်းသမီးရဲ့မွေးနေ့တော်က နီးကပ်လာပြီလေ လုပ်ကြံသူတွေရှိနိုင်တာမလို့ ကြီးကြပ်နေတာ"

Li: ရက်သတ္တသပတ်တောင်လိုနေသေးတယ်မလား

"ဘုရင်က အမိန့်ပေးတော့လည်း ထမ်းဆောင်ရမှာပေါ့...နန်းတော်ထဲ အမှုထမ်းမသွားဘူးလား"

Li: ဖေဖေ ဘယ်အချိန်ထိ မင်းသမီးနောက်ကို ကိုယ်ရံတော်တယောက်လိုလိုက်နေရမှာလည်း

"မင်းသမီးက သွာချေဆိုပြီး အမိန့်မပေးမချင်းပေါ့"

သခင်မလေး ငြိမ်ကျသွားခဲ့ပြီ...သွားရာနေ စေရာသွား နောက်ကနေ တကောက်ကောက်လိုက်နေရတဲ့ ရုပ်သေးရုပ်ပဏာဘဝ ကိုရုန်းထွက်လို့မရဘူးတဲ့....ဘယ်တတ်နိုင်ပါ့မလည်း အမိန့်စေရာသွားရတဲ့ အမျိုးအနွယ်ကဆင်းသက်လာသူဆိုတော့လည်း....

ဝတ်ရုံ ရုံဖို့အတွက် အိပ်ဆောင်ကိုပြန်ဝင်လာချိန် သလွန်ပေါ်က ရှိနေပြီး ဝတ်ရုံဟာ အရင်သခင်မလေးဆီမှ ရှိနေကျပိုးသားဝတ်ရုံမဟုတ်....ကျောက်စိမ်းရောင် ဝတ်ရုံကို ခပ်ဖွဖွပွပ်သပ်ကြည့်ရင်း ဒါဟာသူ့ဝတ်ရုံမဟုတ် မင်းသားတပါးပါးရုံဖို့ရာ ယှက်လုပ်ထားသလိုမျိုး...

Li: ဒီဝတ်ရုံက မည်သူ့ဟာလည်း

" မင်းသမီး ပဏာပေးခဲ့တဲ့ ဝတ်ရုံပါ သခင်မလေး ဒီနေ့ရုံပေးဖို့ကိုလည်း အိမ်ရှေစံမင်းသမီးက မှာကြားခဲ့ပါတယ်"

ဘယ်တတ်နိုင်ပါ့...မှာကြားခဲ့သည် ဆိုတဲ့နောက်မှာကပ်ပါလာတဲ့ မင်းသမီးရဲ့လက်စွဲတော်ဓါး နန်းဆောင်တခုမှာ သွေးအိုငိထဲလဲကျသည်ထိ အရိုက်ခံခဲ့ရသည့် ကြာပွတ်သံတွေနဲ့အတူ အမိန့်ဆိုသည့် စကားကကပ်ပါလာသေး၏

Last Tear (Season 1)Where stories live. Discover now