Part (21) Uni/Zawgyi

10.8K 317 13
                                    

မင်းကြိုက်သလိုချစ်
အပိုင်း(21)

"ဟင် သူမပါဘူးလား သူရော တေဇရော"

လင်းယောင်ပြန်မဖြေသဖြင့် သူမက မျက်နှာလေး မှုံသွားကာ ထိုင်ချလိုက်သည်။ နင်ကိုယ်တိုင်လာခဲ့ပါလားဟာ ငါ့ကိုအဝေးကမကြည့်ပါနဲ့တော့ ငါ့အနားပြန်လာပါ။ ထိုင်ကျသွားတဲ့ သူမ အနားသို့ လင်းယောင် လျောက်လာရင်း သူမရှေ့တွင် ဒူးတစ်ဖက်ထောက်ကာထိုင်လိုက်ကာသက်ပြင်းရှည်ဆွဲလိုက်ပြီး သူမရဲ့ ပုခုံးကနေဆွဲထူပေးသည်။

"လာ ထ ကြမ်းပြင်က အေးတယ် နင်ကဖျားနေတာ အိပ်ယာပေါ်သွား "

"လင်းယောင် "

"အင်း "

"ငါ ငါလေ...."

သူမ ပြောမယ့်စကားတွေက ဆက်ထွက်မလာခဲ့။

ငါတေဇကို ချစ်တာလား မချစ်တာလား
မသေချာမရေရာပဲ မပြောချင်ဘူး
သူပဲထပ်နာကျင်ရလိမ့်မယ်။

"ဘာလဲ ဆက်ပြောလေ စိုပြေ ဘာလုပ်ချင်လို့လဲ"

တွေတွေကြီးထိုင်နေရာမှ

"ဟင်  ဘာ မှ မဟုတ်တော့ပါဘူး "

ငါပြောပြချင်ပါတယ် တေဇ နင့်ကိုချစ်သေးတယ် ချစ်လွန်းလို့ အခုလို သေချာပစ်ထားတာဆိုတာ ဒါပေမဲ့ ပြောပြလိုက်ရင် တေဇကသေချာပေါက်စိတ်ဆိုးမှာ သူ့ရည်ရွယ်ချက်မအောင်မြင်တော့ဘူး။

"အဲ့တာဆိုလည်း ငါဒေါ်ဒေါ်မြ ကိုလှမ်းခေါ်လိုက်မယ် ထမင်းစားရအောင်"

"တော်ပြီ ငါမစားချင်ဘူး"

ထမင်းထက် ငါနေမကောင်းရင် တေဇအမြဲတမ်း၀ယ်၀ယ်လာပေးတဲ့ ဖက်ထုပ် ကိုပိုသတိရတောင့်တမိတယ်

"မစားလို့မရဘူး နင်မစားရင် နင့်စိတ်ထဲမှာ ရှိနေတာတွေကို ဘယ်လို အကောင်အထည်ဖော်မလဲ"

သူမ ဘာမှပြန်မပြောပဲ အိပ်ယာပေါ်သို့လှဲချလိုက်ပြီးမှ ငါ့စိတ်ထဲက...
အခုလောလောဆယ် ငါတေဇကိုချစ်လားမချစ်လားပဲသိချင်တယ် ကောင်းပြီ ငါကျန်းမာရေးကောင်းမှ ဒီမေးခွန်းကိုဖြေနိုင်မှာပေါ့သူ့ကိုသွားတွေ့နိုင်မှာပေါ့။

"အင်း ငါစားမယ်"

ခေါင်းထောင်ပြီး ပြောလိုက်တော့
လင်းယောင်ကပြုံးတယ်

မင်းကြိုက်သလိုချစ် (Completed) OCWhere stories live. Discover now