Part12

5.1K 629 86
                                    

အိမ်ရှေ့မင်းက နန်းစောရှင်ကို အိမ်ရှေ့စံနန်းဆောင်ဖြစ်သည့် မဟာသူရနန်းဆောင်အတွင်းရှိ အိမ်ရှေ့မင်းအခန်းနှင့်ကပ်လျက် အခန်းတွင်နေရာပေးသည်။နန်းစောရှင် အခန်းလေးကကျယ်ပြီး သက်တောင့်သက်သာရှိသည်။ကြီးမားသည့်သလွန်တစ်လုံးကနံရံနှင့် ကပ်လျက်ရှိပြီးကျွန်းစားပွဲ၊ပိတောက်သားသေတ္ထာကြီးတစ်လုံးရှိသည်။ကြေးမုံတင်ထားသည့် စားပွဲကြီးတစ်လုံးလည်းရှိသည်။စားပွဲပေါ်တွင်တော့ ငွေခွက်ကလေးတွေရှိပြီး အမွှေးနံ့သာဆီ၊အုန်းဆီစသည်ဖြင့် အစုံထည့်ထားသည်။ငွေဘီး၊ပိုးချည်ကြိုးလေးတွေရောင်စုံထည့်ထားသည့်ငွေသေတ္တာငယ်လေး၊နံရံနှင့်ကပ်နေသည့်သလွန်ကြီးပေါ်တွင်လည်း နူးညံ့သောမှီအုံးနှစ်လုံး၊အိစက်နေသည့်ဖဲမွေ့ယာ ရှိလေသည်။အခန်းတစ်ခုလုံးကပြည့်စုံပြီး လိုလေသေးမရှိသည်က အိမ်ရှေ့မင်းရဲ့ဧည့်ဝတ်ကျေပွန်မှုကို ပြသနေသည်။

နန်းစောရှင် သလွန်ပေါ်တက်ပြီး မှီအုံးတစ်လုံးကိုဖက်ကာ မျက်လုံးတွေကိုဖြည်းဖြည်းချင်းမှိတ်လိုက်သည်။အိမ်ရှေ့မင်းရဲ့အပြုအမူတွေက နောင်တော်ကြီးနှင့်နောင်တော်ကျော်ဇောတို့နှစ်ယောက်ကို ပေါင်းစပ်ထားသကဲ့သို့ပင် နူးညံ့သိမ်မွေ့သလို ပြတ်သားရဲဝံ့ဟန်လည်းရှိသည်။နန်းစောရှင်အတွက် နောင်တော်တစ်ယောက်ထပ်ရလိုက်လေသည်။

"အထိန်းတော်ကြီး"

"မှန်ပါ"

ဗညားသတိုး အခန်းအလယ်တွင် တည်ရှိနေသည့်သလွန်တော်ကိုကြည့်ပြီး မျက်ခုံးတွေတွန့်ချိုးလာသည်။

"သလွန်တော်ကို နံရံဘက်ကပ်လိုက်"

"မှန်ပါ"

အထိန်းတော်ကြီးဒေါနက အခန်းအပြင်ကိုအမြန်ထွက်သွားပြီး အစေခံသုံးယောက်ကိုခေါ်ကာသလွန်တော်ကို မ ရွှေ့ကြသည်။သလွန်တော်ကနံရံကိုကပ်လေမှ ဗညားသတိုး စိတ်ကျေနပ်သွားသည်။

"ရပြီ ထွက်သွားလေတော့"

အထိန်းတော်ကြီးနှင့်အစေခံတွေ ထွက်သွားမှ
ဗညားသတိုး ခေါင်းပေါင်းပဝါစကို ဖြည်ချလိုက်ပြီး သလွန်ပေါ်တက်သည်။နံရံတစ်ဖက်ခြမ်းတွင်နန်းစောရှင်ရဲ့သလွန်ရှိပြီး သည်ဘက်မှာတော့
ဗညားသတိုးရဲ့သလွန်ရှိသည်။

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now