အပိုင်း၇၈ (ဆိုင်ဖွင့်တဲ့နေ့)

3.3K 465 1
                                    

[Zawgyi]
အပိုင်း၇၈ (ဆိုင်ဖွင့်တဲ့နေ့)

"ဟေး ရှောင်ချောင်းမလား ငါလူမမှားပါဘူးနော်"
အမေဘက်က အကြီးဆုံးအရီးက မောင်နှမနှစ်ယောက်ကိုမြင်တာနဲ့ သူမမျက်နှာပေါ်မှာ ကြင်နာတတ်တဲ့ အပြုံးလေးတစ်ခုပေါ်လာပြီး နွေးထွေးစွာနှုတ်ဆက်လိုက်တယ်။
"အကြီးဆုံးအရီး" ရှီထုန်လေးက စိတ်အားထက်သန်စွာနဲ့ အော်ခေါ်လိုက်တယ်။
"အကြီးဆုံးအရီး, ဒုတိယအစ်မက အရသာရှိတဲ့အသားဟင်းနဲ့ အရွက်ဟင်းတွေချက်ထားလို့ ကျွန်တော် တို့ ဆိပ်ကမ်းမှာလာရောင်းကြတာ။ ဒုတိယအစ်မဟင်းတွေက တအားကောင်းတာနော်။
အကြီးဆုံးအရီးနဲ့ ဝမ်းကွဲအကိုကြီးရော နည်းနည်းမြည်းကြည့်ချင်လား"
အကြီးဆုံးအရီးက ခေါင်းယမ်းလိုက်တယ်
"မင်းတို့က အဲ့တာတွေကိုရောင်းကြမှာလေ ငါတို့မမြည်းကြည့်တော့ပါဘူး။ ဒါပေမဲ့ အသားပါတဲ့ဟင်းက ဈေးတော့မချိုလောက်ဘူးမလား ဒီမှာရောင်းဖို့ ခက်မယ်ထင်တယ်နော်"
နင်တို့စကားပြောချင်ရင်လည်း ဘေးသွားပြောကြ။ ဘယ်နှယ့် ဆိုင်ရှေ့လာရပ်ပြီး သူများစီးပွားရေးကို ဖျက်လို့ဖျက်စီးနဲ့!!
သူတို့နောက်ကဆိုင်က ယာယီသုံးမိုးကာလေးအောက်မှာ ရောင်းနေတဲ့ ခေါက်ဆွဲပြုတ်ဆိုင်ဖြစ်သည်။ မိုးကာလေးအောက်မှာ ဟောင်းနွမ်းနေတဲ့ ထိုင်ခုံစားပွဲအစုံလိုက်လေးရှိသည်။ ခုနကစိတ်တိုတိုနဲ့ ကြားဖြတ်ပြောခဲ့တဲ့ ဆိုင်ပိုင်ရှင်မိန်းမကြီးက ပါးရိုးမြင့်မြင့် မျက်ခုံးကျဲကျဲ မျက်ပေါက်မှေးမှေးနဲ့ဖြစ်သည်။
"အရီး, ကျွန်မက အရံဟင်းတွေပဲရောင်းမှာပါ အရီးစီးပွားရေးနဲ့ မပြိုင်ပါဘူး ကျွန်မဒီနားများ"
ခေါက်ဆွဲဝယ်ဖို့ပိုက်ဆံသုံးမယ့် အလုပ်သမားတွေက ကြေးပြားတစ်ပြားတန် အသားနှပ်ဟင်းတွေဝယ်ဖို့ လောက်တော့ သေချာပေါက် နှမြောမယ့်သူတွေမဟုတ်တာကို ရှောင်ချောင်းကသိလေတယ်။
"မရဘူး မရဘူး ထွက်သွား အခုကိုပဲ ငါ့စီးပွားရေးကို နှောင့်နှေးအောင်နေပြီ နင်လျော်ပေးနိုင်တာ ကျနေတာပဲ"
ပါးရိုးမြင့်မြင့်နဲ့မိန်းမကြီးက သူမမျက်လုံးထောင့်ကနေ သူတို့ကို အထင်သေးစက်ဆုပ်မှုတွေနဲ့ လှမ်းကြည့်လိုက်တယ်။ သူတို့ရဲ့အဝတ်အစားပုံစံတွေအရ သူမက သူတို့ကို သူတောင်းစားတွေကို ထင်မှတ်နေတယ်။
ထပ်ပြောချင်သေးပုံရတဲ့ ရှောင်ချောင်းကို အကြီးဆုံးအရီးက အဝေးကိုဆွဲခေါ်လာပြီး ငြင်ငြင်သာသာလေး ပြောလိုက်တယ်။ "သွားကြရအောင် ဒီမိန်းမက နာမည်ဆိုးရှိတယ် မင်းတို့ အဖိုးလျိုရဲ့ တဲကုပ်နားကိုသွားပြီး အဲ့နားမှာရောင်းကြည့်ပါ့လား သူတို့မိသားစုကလည်း ခေါက်ဆွဲရောင်းတာ"
သူတို့ပြောနေတုန်းမှာပဲ ဆိပ်ကမ်းက အလုပ်သမားတွေရဲ့ တစ်ဖြတ်နားချိန်ရောက်လာတော့တယ်။ အနက်ရောင်ခေါင်းတွေအများကြီး ဒီလမ်းထဲကိုတိုးဝင်လာကြတယ်။
အကြီးဆုံးအရီးက ယောကျာ်းသားအုပ်စုလိုက်ကြီး ရောက်လာတာကို တွေ့တဲ့အခါ မောင်နှမနှစ်ယောက်ကို ကတိုက်ကရိုက်ပြောလိုက်တယ်
"အခု အစားအစာနဲ့ သရေစာတွေ ရောင်းရတော့မယ်။ မင်းတို့နှစ်ယောက် မြန်မြန်စအော်ရောင်းတော့ ဘယ်လိုလုပ်ရမလဲသိလား အရီးကူပေးရဦးမလား"
ရှောင်ချောင်းက ခေါင်းခါပြီးငြင်းဆန်လိုက်တယ်။
"အကြီးဆုံးအရီး ကိုယ်ရောင်းစရာရှိတာပဲ သွားရောင်းပါ ဒီမလာခင်ကပဲ အဖေက ကျွန်မတို့ကို ဘယ်လိုရောင်းရမလဲ သင်ပေးထားတာ"
အကြီးဆုံးအရီးထွက်သွားတော့ မောင်နှမနှစ်ယောက်က ကြင်နာတတ်တဲ့မျက်လုံးတွေရှိတဲ့
အဘိုးအိုရဲ့ ဆိုင်အရှေ့ကိုသွားလိုက်တယ်။ သူတို့ကယဉ်ယဉ်ကျေးကျေးနဲ့ပဲ မေးလိုက်တယ်
"အဖိုး...အဖိုးနေရာဘေးမှာ သမီးတို့ဈေးရောင်းလို့ရမလား"
ဒီအဖိုးအိုက အကြီးဆုံးအရီး ခုနကပြောတဲ့ အဖိုးလျိုဖြစ်သည်။ သူကစကားပြောလို့လွယ်မယ့်ပုံပင်
သူက ဒီလိုအရွယ်ငယ်ငယ်လေးနဲ့ ဈေးရောင်းနေရတဲ့ မောင်နှမနှစ်ယောက်ကို ဂရုဏာသက်သွားပြီး သူတို့တောင်းဆိုတာကို လွယ်လွယ်ကူကူပဲ လက်ခံလိုက်တယ်။
မောင်နှမနှစ်ယောက်က ဆိုင်ဘေးမှာနေရာလွတ်ရှာလိုက်ပြီး တစ်ယောက်နဲ့တစ်ယောက်နဲ့ကြည့်ရင်း ပြုံးလိုက်ကြတယ်။ ရှီထုန်က ချက်ချင်းပဲ စအော်တော့တယ်။
"အသားဟင်းတစ်ပွဲကို ကြေးပြားတစ်ပြားပဲနော်! ခွင့်ပြုပါဦး ဒီကဦးရီး အိမ်ကစားစရာများယူလာရင် ဒီအသားပွဲ တစ်ထုပ်လောက် ဝယ်မြည်းကြည့်ပါဦး အရသာမရှိရင်ပိုက်ဆံပြန်ပေးမှာပါ"
"အိုး ဘာတဲ့လဲ တစ်စုံတစ်ယောက်က အသားပါတဲ့ဟင်းရောင်းနေတယ်တဲ့ တစ်ထုပ်ကို ကြေးပြားတစ်ပြားထဲဆိုပဲ"
"ကလေးတွေရူးများနေလား အခုကအသားတွေ ဈေးကြီးနေတဲ့အချိန်ကို သူတို့ကကြေးပြားတစ်ပြားနဲ့ ရောင်းနေကြတာ ပိုက်ဆံမရဘဲ ရှုံးမှာမကြောက်ကြဘူးလား"
"ကြေးတစ်ပြားပဲတန်တဲ့ အသားဟင်းကတော့ သွားကြားတောင်ညပ်လောက်မှာမဟုတ်ဘူး... မေ့လိုက်တော့ ငါတို့ညီအကိုတွေ ဆားရည်စိမ်အသီးအရွက်သနပ်တစ်ချို့ပဲ ဝယ်စားကြတာပေါ့"

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now