အပိုင်း ၇၉ (ဝက်ခေါင်း)

3.5K 451 0
                                    

[Zawgyi]
အပိုင်း ၇၉ (ဝက်ခေါင်း)

အခုတော့ ရှောင်ချောင်းမှာ စိတ်သက်သာရာရသွားလေပြီ။ သူမက ခေါင်းငြိမ့်လိုက်ရင်း ပြုံးလိုက်ပြီး အိမ်တော်ထိန်းဦးရီးကလည်း အစားကြီးတဲ့သူဖြစ်မယ်လို့ မမျှော်လင့်ခဲ့မိဘူး! အမှန်တကယ်ဆိုရင် ကျွန်မရဲ့ သွေးခဲတို့ဟူးဟင်းက လျို့ဝှက်နည်းကိုသုံးပြီး ကြက်သွေးကိုနှပ်ထားတာ အပြင်အဆင်ကတော့ ကြည့်မကောင်းပေမဲ့ အရသာကတော့ တော်တော်လေးကောင်းပါသေးတယ်
ကြက်သွေး? ငါစားလိုက်တုန်းက ကြက်သွေးနံ့ နည်းနည်းလေးတောင် မရဘူး။ တို့ဟူးကလည်း မွှတ်ပြီး နူးညံ့နေတာ တကယ်ကို အံ့သြစရာပဲ!! အိန်တော်ထိန်းလျိုက စကားပြောနေရင်း သူ့ရဲ့ စားနှုန်းကလည်း လျော့မသွားချေ။ ကျင်းလင်က လူတွေက ဘဲသွေးကို သုံးပြီး စွတ်ပြုတ်လုပ်ကြတယ်လို့ ကြားဖူးပေမဲ့ ကြက်သွေးကိုလည်း သုံးလို့ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိပေ။
အလုပ်ကြပ်က အိမ်တော်ထိန်းလျိုက သွေးခဲတို့ဟူးကို ပျော်ရွှင်စွာ စားနေတာကို မြင်လိုက်ရတော့ သူ့နှလုံးသားလေးက စိတ်သက်သာရာ ရသွားတော့တယ်။ သူက ကြေးပြားငါးပြားကို ထုတ်လိုက်ပြီး ရှောင်ချောင်းကို ပေးလိုက်ကာ ဒီမှာ ပိုတဲ့ငွေက မင်းအတွက် ဆုပေးတာ ရှေ့လျောက်လည်း ဆိပ်ကမ်းမှာ သွေးခဲတိုဟူးဟင်းကို ရောင်းနေဦးမှာမလား
ရှောင်ချောင်းကလည်း သမရိုးကျပြုမူမနေတော့ပေ။ သူမက ကြေးပြားတွေကို ယူလိုက်ပြီး ပြုံးလိုက်ရင်း ပြောလိုက်တယ်။
ရှေ့လျောက်လည်း ကျွန်မက ကျွန်မမောင်လေးနဲ့အတူ အသားဟင်းပွဲတွေကို ကြေးပြားတစ်ပြားနဲ့ ရောင်းနေဦးမှာပါ ဒါပေမဲ့ သွေးခဲတိုဟူးဟင်းကိုတော့ မရောင်းဖြစ်လောက်တော့ဘူး ဒါပေမဲ့ အလုပ်သမားကြပ်ကြီး စိတ်မပူပါနဲ့ ကျွန်မရဲ့အသားဟင်းအရသာက ကျွန်မရဲ့ သွေးခဲတိုဟူးဟင်းထက် ဆိုးမှာမဟုတ်ဘူး
ရှောင်ချောင်း မင်းရဲ့ အကြီးဆုံးအရီးက မင်းဒီမှာရောင်းနေတယ်ပြောလို့ ငါမင်းကို လာရှာတာ ရှောင်ချောင်းရဲ့ အကြီးဆုံးဦးရီးလျိုဖေးက သူမဆီကို ခြေလှမ်းကျဲကျဲနဲ့ လျှောက်လာလေတယ်။ သူက စိုးရိမ်ပူပန်မှုနဲ့ မေးလိုက်လေတယ်။
မင်းတို့ မနက်စာရောစားပြီးကြပြီလား အကြီးဆုံးဦးရီးက ဒီနေ့ အလုပ်ရခဲ့တယ်လေ အဲ့တာမလို့ မင်းနဲ့ ရှီထုန်ကို ပေါက်စီစားဖို့ လာခေါ်တာ
အကြီးဆုံးဦးရီး ကျွန်မတို့ ဒီကိုမလာခင်ကတည်းက မနက်စာစားခဲ့ပြီးပါပြီ ဦးလေး အခုထိ မစားရသေးဘူးမလား ကျွန်မတို့မှာ အသားနှပ် တစ်ဝက်ကျန်သေးတယ်။ ဘာလို့ နံပြားလေးနဲ့ မစားတာလဲ ရှောင်ချောင်းက အကြီးဆုံးအရီးဟာ ဒီကိုလာရောင်းလေ့ရှိတဲ့အခါတိုင်း အကြီးဆုံးဦးရီးအတွက် အစားအစာတွေ ယူလာပေးလေ့ရှိတာကို သိပြီးသားဖြစ်တယ်။ ထို့ကြောင့် သူမက နမူနာအဖြစ်သုံးလို့ ကျန်နေသေးတဲ့ ကြက်သားနှပ်တွေကို လျိုဖေးရဲ့လက်ထဲသို့ ထည့်လိုက်လေတယ်။
ဒါက မင်းရောင်းနေတဲ့ဟာလား အနံ့လေးကတော်တော်လေး မွှေးနေတာပဲ!! ငါက နံပြားနဲ့ အသီးအရွက် ဆားရည်စိမ်တင် စားလို့ရပါတယ် မင်းဒီကျန်တာတွေ ဘာလို့ မရောင်းလိုက်တာလဲ လျိုဖေးက ဟင်းပွဲရဲ့ အနံ့သင်းသင်းလေးကိုရတော့ တိတ်တဆိတ် တံတွေးမြိုချလိုက်မိတော့တယ်။ သို့သော်လည်း သူ့တူမလေးဆီက အကျိုးအမြတ်တော့ မယူချင်မိ။
ရှောင်ချောင်းက အသားနှပ်ထည့်ထားတဲ့ စက္ကူအိတ်ကလေးကို ပြန်မယူလိုက်ပါချေ။ သူမက သူ့ဦးရီးကို မျက်လုံးလေးမှိတ်ပြလိုက်ရင်း ဒီနေ့ ကျွန်မရဲ့ စီးပွားရေးက တော်တော်လေးကောင်းနေတာ ဒီနေ့ ယူလာခဲ့တဲ့ အသားနှပ်တွေ အားလုံးရောင်းကုန်သွားပြီ ဟင်းပွဲက တစ်ဝက်ပဲရှိတာကို ဘယ်လိုရောင်းလို့ ရမှာလဲ ကြေးပြားတစ်ပြားကို တစ်ဝက်ဝက်လို့ ရတာလဲ မဟုတ်ဘူးလေ အကြီးဆုံးဦးရီးလည်း လုပ်စရာ ရှိတာ သွားလုပ်တော့ ကျွန်မ ဈေးကို တစ်ချက်သွားကြည့်လိုက်ဦးမယ်...
သူမ စကားပြောပြီးသွားတာနဲ့ သူမမောင်လေးရဲ့ လက်ကိုဆွဲပြီး ထွက်သွားတော့တယ်။
အလုပ်ကြပ်က ထိုမြင်ကွင်းကို မြင်တော့ သူကရယ်လိုက်ပြီး လျိုဖေး သူက ခင်ဗျားရဲ့ တူမလေးပေါ့!! သူမရဲ့ ကြေးပြားတစ်ပြားတန်အစားအစာက တော်တော်လေး အရသာရှိတယ်... မြို့တော်က အိမ်တော်ထိန်းလျိုတောင် အရသာကောင်းတယ်လို့ တွေးနေတာ မင်းမလိုချင်ရင် ငါ့ကိုရောင်းလိုက်လို့ ရတယ်နော်
စောစောက သူဝယ်ထားသမျှ အသားနှပ်အားလုံးက အိမ်တော်ထိန်းလျိုရဲ့ အစာအိမ်ထဲသို့ ရောက်သွားလေပြီ။ သွေးခဲတို့ဟူးကို နှစ်လုပ်စာမျှသာ စားလိုက်ရတာဖြစ်တာမို့ အခု အဲ့တာကို တောင့်တနေမိတယ်။
အာ! အလုပ်ကြပ်ကြီးစွမ်ရာ! ခင်ဗျား ဘာစကားတွေ ပြောနေတာလဲဗျ... ခင်ဗျားကြိုက်ရင် ဒီအတိုင်း ယူလိုက်လို့ ရပါတယ် ဘာလို့ ဝယ်ဖို့ရောင်းဖို့တွေ ပြောနေရတာလဲ
ဆိပ်ကမ်းမှာ အလုပ်လုပ်နိုင်ဖို့ဆိုရင် အရင်ဆုံး အလုပ်ကြပ်စွမ်ရဲ့ စစ်ဆေးတာကို ခံရမှာဖြစ်တယ်။ သူတို့မှာသာ အလုပ်ကြပ်စွမ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးသာ ရှိမယ်ဆိုရင် ရှေ့လျောက် အလုပ်ရှာဖို့ ပိုမိုလွယ်ကူလိမ့်မည်ပင်။
အလုပ်ကြပ်စွမ်က လျိုဖေးရဲ့ မြောက်ပင့်စကားကို တော်တော်လေး ကျေနပ်နေတော့တယ်။ သူက ထူးကဲပြီး အရသာရှိလှတဲ့ အသားနှပ်ကို စားနေရင်း ရုတ်တရက် ပြောလိုက်လေတယ်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်းရဲ့တူ လာသေးတယ်မလား ဒီနေ့ရော သူမင်းနဲ့လိုက်လာသေးလား လူငယ်လေးက အရပ်ရှည်ရှည်နဲ့ သန်သန်မာမာပဲ သူကြည့်ရတာ အားအများကြီး ရှိမယ့်ပုံပေါ်တယ် သူစားလို့ပြီးသွားရင် သူ့ကိုလည်း ကုန်တွေကူချပေးဖို့ ပြောလိုက်ကွာ...
အလုပ်ကြပ်ပြောနေတဲ့ တစ်ယောက်က လျိုမိသားစုက ဒုတိယမိသားစုရဲ့သား လျိုကျီဝေ ဖြစ်သည်။ သူ့ရဲ့ အသက်ငယ်ရွယ်မှုကြောင့် အလုပ်ကြပ်က သူ့ကို မငှားရမ်းချင်ခဲ့။
ပုံမှန်အားဖြင့် အလုပ်သမားတစ်ယောက်က ဆိပ်ကမ်းမှာ ပစ္စည်းတွေကို ကုန်တင်ကုန်ချလုပ်ရင် တစ်နေ့ကို ကြေးပြား နှစ်ဆယ်ကနေ သုံးဆယ်အတွင်း ရနိုင်ပေသည်။ လျိုဖေးက အလုပ်ကြပ်စွမ် ပြောတာကို ကြားတော့ သူက အလွန်အမင်း ပျော်ရွင်သွားတော့တယ်။ သူက ထပ်ခါ ထပ်ထပ်ခါ ပြောနေမိလေတယ်။
ကျေးဇူးတင်ပါတယ် အလုပ်ကြပ်စွမ်! ဒီနေ့ ကျွန်တော့်ရဲ့ တူလေးပါလာခဲ့ပါတယ်! စိတ်မပူပါနဲ့ ဒီကလေးက ကာယအလုပ်တွေကို လုပ်နေကြပါ!! သူက အရမ်းလည်း ရိုးသားတာမလို့ အလုပ်ကြပ်ကြီးကို စိတ်ပျက်အောင်လုပ်မှာ မဟုတ်ပါဘူး!!
ဘာအတွက် ငါ့ကိုကျေးဇူးတင်နေရတာလဲကွ ရှေ့လျောက် မင်းရဲ့တူမလေးကို နေ့တိုင်း ငါ့အတွက် အသားနှပ် ချန်ထားခိုင်းလိုက်ပေါ့ နည်းနည်းလေး စားလိုက်ရတာ မကျေနပ်ဖူးကွာ ဒါပေမဲ့ စိတ်မပူပါနဲ့ အဲ့တာနဲ့ တန်အောင်ငါပေးမှာပါ!
အိမ်တော်ထိန်းလျိုက သူ့ရဲ့အစားအစာကို စားပြီးကတည်းက ထွက်သွားပြီပင်။ အခုအခါမှာတော့ အလုပ်ကြပ်က ပျော်ရွှင်စွာနဲ့ စားသောက်နေပြီး အစားအစာကို တော်တော်လေး ကျေနပ်နေလေတယ်။
ထန်ကူဆိပ်ကမ်းမှာ အသင့်အတင့်ကျယ်ဝန်းတဲ့ ဈေးတစ်ခု ရှိလေတယ်။ လတစ်လတိုင်းရဲ့ ၃ရက်၊ ၆ရက်၊ ၉ရက်၊ ၁၅ရက်နဲ့ နှစ်သစ်ကူးနေ့တွေတိုင်းမှာ အနီးနားရွာက လူတွေကလာပြီး သူတို့ရဲ့ပစ္စည်းတွေကို ရောင်းတာ ဒါမှမဟုတ် သူတို့လိုတဲ့ ပစ္စည်းတွေကို ဝယ်ယူလေ့ရှိကြတယ်။
ဒါကို ဈေးလို့ခေါ်ပေမဲ့ ဈေးတစ်ခုဆိုတာထက် လမ်းတစ်လမ်းနဲ့သာ ပိုတူလေတယ်။ ဈေးရဲ့ နှစ်ဖက်လုံးမှာ မြက်တွေနဲ့ ဆောက်ထားတဲ့ အိမ်ပုတိုလေးတွေ ရှိလေတယ်။ ရံဖန်ရံခါမှာလည်း မျက်လုံးတွေကို ဖမ်းစားနိုင်တဲ့ အုတ်အိမ်တွေလည်း ရှိလေတယ်။ ဘယ်လိုပဲ မြက်တွေ အုတ်တွေနဲ့ဆောက်ထားပါစေ ဈေးဖွင့်မှသာ ဖွင့်ကြတာဖြစ်တယ်။ တစ်ခါတစ်ရံမှာ သူတို့ တံခါးတွေကို တင်းတင်းကျပ်ကျပ် ပိတ်ထားကြလေတယ်။
ဒီနေ့က နှစ်လပိုင်း ၁၆ရက်နေ့ဖြစ်တာကြောင့် ဒီနေ့က ဈေးနေ့ဖြစ်တယ်။ ဈေးက သေးငယ်ပေမဲ့ ဒီမှာ လူတော်တော်လေး ရှိလေတယ်။ လမ်းရဲ့ တစ်ဖက်တစ်ချပ်စီက အိမ်တွေအရှေ့မှာ ရိုးရှင်းတဲ့ အသီးအရွက်ဆိုင်လေးတွေ ဖြစ်လာလေတယ်။
တချို့လူတွေက အေးခဲနေတဲ့ မုန်လာဥတွေနဲ ဂေါ်ဖီထုပ်တွေကို ရောင်းဖို့ သူတို့ရဲ့ ပုခုံးတွေပေါ်မှာ သယ်လာကြပြီး တချို့ကတော့ သူတို့ ရောင်းဖို့ မွေးမြူထားခဲ့တဲ့ ကြက်တွေ၊ ဘဲတွေနဲ့ ကြက်ဥဘဲဥ အမျိုးမျိုးကို သယ်လာကြလေတယ်။ နေ့စဉ်အသုံးအဆောင်တွေကို ရောင်းလေ့ရှိတဲ့ ပျံကျဈေးသည် တွေလည်း ရှိလေတယ်။ ပျံကျဈေးသည်အားလုံးကလည်း ဝယ်သူတွေကို ဆွဲဆောင်နိုင်ဖို့ အကောင်းဆုံး ကြိုးစားနေကြလေတယ်။ လူတွေရဲ့ ပစ္စည်ရောင်းနေသံတွေ၊ ဈေးဆစ်နေသံတွေနဲ့ အတူတကွ အတင်းပြောနေကြသံတွေကတောင်မှ စုပေါင်းသွားပြီး စည်ကားတဲ့ မြင်ကွင်းတစ်ခုကို ဖန်တီးလေတယ်။ ရှောင်ချောင်းက သူမမောင်လေးရဲ့ လက်ကလေးကို ဆွဲရင်း လူကြားထဲကို ဖြတ်လျှောက်လာတယ်။ သို့သော်လည်း လူကြားထဲမှာ ညပ်နေတာကြောင့် ယိမ်းထိုးနေတော့တယ်။
ရှောင်ချောင်း? ရှီထုန်? မင်းတို့ ဒီကို မင်းတို့ဘာသာ လာခဲ့ကြတာလား မင်းတို့ အိမ်မှာ စားစရာ မရှိတော့လို့လား တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့လမ်းအနည်းငယ်လျှောက်လာပြီးတော့ အသိအကျွမ်း အချို့နဲ့ ထပ်မံဆုံတွေ့ပြန်တယ်။ အခုလေးတင် ပြောလိုက်တဲ့ သူက ရှောင်ချောင်းရဲ့ အဖိုးဖြစ်သူပင်။ သူရဲ့ အနောက်မှာက ငါးခြင်းတောင်းတစ်ခုကို သယ်လာတဲ့ သူမရဲ့ဦးလေးဖြစ်သူ ယွီသာ့ရှန်းဖြစ်တယ်။
ရှောင်ချောင်းက သူမရဲ့ အဖိုးနဲ့ သူမရဲ့ မပွင့်လင်းတတ်တဲ့ ဦးလေးဖြစ်သူကို မကျေမနပ်ဖြစ်နေပေမဲ့ သူတို့ကိုတော့ အငြိုးအတေးထားမနေပါချေ။ သူမက အပြုံးတုလေးတစ်ခုသာ ဆင်မြန်းလိုက်ရင်း ပြန်ဖြေလိုက်တယ်။  မဟုတ်ပါဘူး သမီးနဲ့ရှီထုန်က ဒီမှာ တစ်ချက်လာကြည့်ရုံတင်ပါ
အဖိုးယွီက သူနဲ့ တော်တော်လေး စိမ်းကားသွားတဲ့ မြေးနှစ်ယောက်ကို ကြည့်လိုက်တယ်။ သူက သူ့ရဲ့ ဒုတိယသား ဘာပစ္စည်းမှမပါဘဲ အိမ်ပေါ်က ဆင်းသွားတဲ့ အကြောင်းတွေးမိလေတယ်။ သူရဲ့သားကို ပိုက်ဆံထောက်ပံ့တဲ့ အမျိုးတွေနဲ့ ကူညီပေးကြတဲ့ ရွာသားတွေသာ မရှိဘူးဆိုရင် ဒီလိုအေးခဲနေတဲ့ နေ့မျိုးတွေမှာ သူတို့ အိမ်ထဲမှာတောင် နေနိုင်မှာ မဟုတ်ဘူး။ ထိုအကြောင်းကို ပြန်စဉ်းစားမိလိုက်ရင် အပြစ်ရှိတယ်လို့ ခံစားနေမိတယ်။
ထိုအကြောင်းကို ပြန်စဉ်းစားပြီးတဲ့နောက်မှာတော့ သူက အနောက်ကို လှည်လိုက်ပြီး သာ့ရှန်းဆီက ငါးခြင်းတောင်းကို ယူလိုက်လေတယ်။ သူက သူတို့ရောင်းမကုန်လို့ ကျန်နေတဲ့ အဝါရောင်ငါးပုတ်သင် ဆယ်ကောင်ကို ရှောင်ချောင်းရဲ့ ခြင်းတောင်းထဲ ထည့်ပေးလိုက်လေတယ်။ အဖိုးယွီက ရှီထုန်လေးရဲ့ ခေါင်းကို သူ့ရဲ့ ငါးညှီနံ့ရနေတဲ့ လက်နဲ့ ပွတ်သတ်လိုက်ပြီး ပြောလိုက်တယ်။
ဒီငါးတွေကို အိမ်မှာစားဖို့ ယူသွားလိုက်... မင်းတို့မှာ ပိုက်ဆံရော ရှိသေးရဲ့လား မင်းတို့မှာမရှိရင် မင်းတို့ လိုချင်တာ အဖိုးဝယ်ပေးမယ်
ယွီသာ့ရှန်းက သူ့အဖေကို စိုက်ကြည့်လိုက်ရင်းပြောဖို့ ဟန်ပြင်လိုက်တယ်။ အဆုံးမှာတော့ သူဘာမှ မပြောလိုက်ပါ။ ဒီရက်ပိုင်းမှာ ငါးဖမ်းကျွမ်းကျင်လှတဲ့ ယွီဟိုင်မပါတာကြောင့် သူတို့ ငါးဖမ်းမိတာက နည်းသထက် နည်းလာတော့တယ်။ ပြီးတော့လည်း သူတို့ ဖမ်းမိတဲ့ ငါးအမျိုးအစားတွေကလည်း တစ်စတစ်စ လျော့ပါးလာလေတယ်။ သူတို့ မြို့က ပုံမှန်ဖောက်သည် အချို့ကိုတောင် ဆုံးရှုံးသွားပြီ ဖြစ်သည်။ အခုတော့ သူတို့ရဲ့စီပွားရေးက ဆိုးရွားသထက် ဆိုးရွားလာပြီပင်။
သူတို့ အိမ်ကို ငွေပြန်ယူလာတဲ့ အခါတိုင်း အဖွားကြီးကျန်းက အလွန်နည်းလို့ မိသားစု အသုံးစရိတ် မလုံလောက်ကြောင်း ညည်းညူလေ့ရှိတယ်။ ဒီတစ်ခေါက် ငါးရောင်းလို့ရတဲ့ ပိုက်ဆံက သူတို့စုဆောင်း ဖူးသမျှမှာ အနည်းဆုံးပမာဏပင်။ သူတို့သာ ကလေးတွေအတွက် ပစ္စည်းတွေ ဝယ်ပေးလိုက်ရင် သူတို့အိမ်ပြန်ရောက်တဲ့အခါ အဆုံးသတ်ကို မကြားနိုင်တော့မှာတောင် ကြောက်မိနေလေသည်။
သူက ရှောင်ချောင်း သိတတ်စွာနဲ့ ခေါင်းရမ်းပြီး အဖိုး သမီးတို့ကို ဘာမှဝယ်ပေးစရာ မလိုပါဘူး သမီးတို့ ပိုက်ဆံယူလာခဲ့ပါတယ် လို့ပြောတဲ့ အခါမှပဲ စိတ်သက်ရာရသွားတော့တယ်။ အိမ်မှာ သူ့အမေကလည်း ပိုက်ဆံအကြောင်း တဖျစ်တောက်တောက် ပြောနေပြီး သူ့ဇနီးကလည်း ပွစိပွစိနဲ့ပင်။ ဒါတွေအကုန်လုံးက သူ့ကို တော်တော်လေး စိတ်အနှောက်အယှက် ပေးနေလေတယ်။
သူတို့ရဲ့ အဖိုးကို နှုတ်ဆက်ပြီးသွားတာနဲ့ ရှောင်ချောင်းက အရှေ့ကို ဆက်လျှောက်သွားလိုက်လေတယ်။ ရုတ်တရက် ရှောင်ချောင်းက မလှမ်းမကမ်းမှာ ရှိတဲ့ ဝက်သားဆိုင်လေးကို တွေ့သွားလေတယ်။ သူမက ရှီထုန်လေးကို ဆွဲပြီး လျှောက်သွားလိုက်လေတယ်။ အသားညိုပြီး ပြည့်ဖြိုးတဲ့ သားသတ်သမားမှာ ရှုပ်ထွေးပြီး ကြမ်းတမ်းတဲ့ မုတ်ဆိတ်မွေးတွေလည်း ရှိလေတယ်။ သူရဲ့မျက်လုံးတွေက လူတွေကို ကြည့်လိုက်တိုင်း စိုက်ကြည့်နေတယ်လို့ ထင်ရစေနိုင်လောက်အောင်ကို ထူးထူးခြားခြား ကြီးမားလွန်း လှတယ်။ သူက တော်တော်လေး ကြမ်းတမ်းခက်ထန်ပုံပေါ်လေတယ်။
သို့သော်လည်း သူ့အကြောင်းကိုသိတဲ့ လူတွေအကုန်လုံးက သားသတ်သမားဝမ်ဟာ ကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာကို သိကြလေတယ်။ သူ အသားရောင်းတဲ့ အခါတိုင်း ဝယ်သူတွေကို အသားလျှော့ထည့်တာရော အကျန်တွေပေးတာရော ဘယ်တော့မှမလုပ်ပေ။ သူက သူ့ရဲ့ ပုံမှန်ဖောက်သည်တွေကိုဆိုရင် အနည်းငယ်ပိုတောင် ထည့်ပေးသေးလေတယ်။ သူ့ရဲ့ဂုဏ်သတင်းက အနီးအနားရွာတစ်ဝိုက်မှာ တော်တော်လေး မွှေးပျံ့နေလေတယ်။
မိန်းကလေး မင်းအသားဝယ်မလို့လား
သားသတ်သမားဝမ်က သူ့ရဲ့ပုံပန်းသဏ္ဍာန်က တစ်ခါတစ်ရံမှာ ကလေးတွေကို ကြောက်လန့်စေပြီး ငိုအောင်လုပ်နိုင်တာကို သိလေတယ်။ ဒါကြောင့် မောင်နှမနှစ်ယောက်ကိုတွေ့တော့ သူက အလျင်အမြန်ပဲ ကြင်နာတဲ့အပြုံးလေးလို့ သူထင်မိတဲ့ အပြုံးတစ်ခုကို ပေးလိုက်တယ်။ သူက သူတို့ကို ခေါ်တဲ့ အခါမှာ သူ့ရဲ့အသံကိုတောင် နူးညံ့အောင် လုပ်လိုက်သေးတယ်။ သို့သော်လည်း သူမသိတာက အဲ့ဒီလိုအမူအရာမျိုးက သူ့ကို ပိုကြမ်းတမ်းခက်ထန်ပုံ ပေါ်စေတယ်ဆိုတာကိုပင်။
ရှီထုန်လေးက သားသတ်သမားကို ကြောက်ရွံ့သွားပြီး သူ့ရဲ့ဒုတိယအစ်မနောက်မှာ ပုန်းနေလိုက် လေတယ်။ ထိုအကြောင်းကို စဉ်းစားပြီးနောက်မှာတော့ သူက သူ့အစ်မရှေ့ကို လျှောက်သွား လိုက်လေတယ်။ အိမ်မှာတုန်းက သူ့ရဲ့အစ်မကို သူကောင်းကောင်း ကာကွယ်မှာ ဖြစ်ကြောင်း ကြွားလုံးထုတ်ခဲ့တာဖြစ်သည်။ သို့သော်လည်း သူရဲ့လက်သီးကျစ်ကျစ်ဆုပ်ပြီး ခန္ဓာကိုယ်က တုန်ယင်နေလျက် မျက်နှာက နီရဲနေတာကို ကြည့်လိုက်ရင် ငိုချင်နေသည်မှာ သိသာလှပေသည်။ လူတိုင်း သူ့ရဲ့ ကြောက်ရွံမှုနဲ့ စိုးထိတ်နေမှုကို ခံစားနိုင်ကြသည်ပင်။
သားသတ်သမားဝမ်က သူထုတ်လွှတ်လိုက်တဲ့ အပြုံးလေးက သူဖြစ်ချင်တာရဲ့ ဆန့်ကျင်ဘက်ဖြစ်သွား တာကိုတွေ့တော့ ကသိကအောက်ဖြစ်စွာနဲ့ပဲ သူ့ရဲ့ ခေါင်းအနောက်ကိုသာ ကုတ်နေမိတော့တယ်။ သို့သော်လည်း သူက ရှီထုန်လေးကို ချီးကျူးဖို့လည်း မမေ့ပါချေ။
ကောင်ကလေး မင်းက တော်တော်လေး ရဲရင့်တာပဲ မင်းက မင်းအစ်မကို ဘယ်လိုကာကွယ်ရမလဲဆိုတာ သိတယ်ပေါ့ မင်းက တကယ့်ကို ငယ်ရွယ်တဲ့ လူကြီးလေးပဲကွ!!
သူရဲ့ အပြုအမူနဲ့ လေသံကို ကြည့်ပြီး ရှောင်ချောင်းက ထိုလူဟာ ခက်ထန်တဲ့မျက်နှာ အသွင်အပြင်ရှိပေမဲ့ စိတ်ရင်းကောင်းရှိတဲ့ ငတုံးတစ်ယောက်ဖြစ်တယ်လို့ တွေးလိုက်မိတယ်။ သူက သူ့မောင်လေးရဲ့ ပုခုံးကိုကိုင်လိုက်ရင်း သူ့ခေါင်းလေးကို ဆွဲဖွလိုက်ပြီး ပြုံးရင်းပြောလိုက်တယ်။ ဦးလေးက မင်းကို ချီးကျူးနေတာလေ...မင်း မြန်မြန်လေး သူ့ကို ကျေးဇူးမတင်တော့ဘူးလား
ရှီထုန်လေးက ရှက်ရွံ့စွာနဲ့ သူ့ခေါင်းကို ငုံ့လိုက်လေတယ်။ သူက အသံသေးသေးလေးနဲ့ ပြန်ဖြေလိုက်တယ်။  ကျွန်တော့်ကို ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ်...
တော်လိုက်တဲ့ကလေး တကယ်ကိုတော်တဲ့ ကလေးလေးပဲ... မင်းတို့ဘာလိုချင်လို့လဲ ဦးလေးက မင်းတို့ကို ဈေးလျော့ပေးမယ်! သားသတ်သမားဝမ်က ကျယ်လောင်စွာ ရယ်လိုက်ပြီး သူ့အသံက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင် ပြတ်သားလှလေတယ်။
ယွီရှောင်ချောင်းက ဆိုင်ထဲက အသားတွေကို ကြည့်လိုက်တယ်။ နှစ်ကျင်းလျော့လျော့လောက်သာ ရှိတဲ့ အသင့်အတင့်အရွယ်အစားရှိတဲ့ မဝလွန်း မပိန်လွန်းတဲ့ ခြေထောက်ပိုင်းအသားတုံးသာ ကျန်တာကို သူမမြင်လိုက်ရတယ်။ အဆီတစ်ချို့၊ ဝက်ရိုးတစ်ချို့နဲ့ ဝက်ခေါင်းကြီးတစ်ခုကိုလည်း တွေ့လိုက်ရ လေတယ်။
သူမရဲ့အမြင်ကို ဝက်ခေါင်းက ချက်ချင်းဆွဲဆောင်သွားပြီး သူမက ဦးလေး ဒီဝက်ခေါင်းက ဘယ်လိုရောင်းတာလဲ ဝက်အသည်း၊ ဝက်နှလုံး၊ ဝက်ကလီစာနဲ့ ဝက်အူတွေရော ရောင်းလားဟင် ဆိုပြီး မေးလိုက်တော့တယ်။
ဒီအချိန်အခါမှာတော့ ဝက်ခေါင်းအများစုကို နတ်ဘုရားတွေအား ယဇ်ပူဇော်ရာမှာသာ အသုံးပြုကြတာ ဖြစ်ပြီး ရွာထဲမှာ ရှိတဲ့ မိသားစုအနည်းငယ်ကသာ စားလေ့ရှိကြတာဖြစ်တယ်။ ဝက်ခေါင်းကို မစားကြတဲ့ အကြောင်းအရင်းက ဝက်ခေါင်းရဲ့ အနံ့အရသာ စူးစူးကြီးကို မကြိုက်တာကြောင့်ဖြစ်တယ်။ အရသာကိုသာ သေချာမပြုလုပ်နိုင်ရင် ဝက်ခေါင်းအတွက်အသုံးပြုမယ့် ဆီ၊ ဆား၊ ထင်းနဲ့ သူတို့အသုံးပြုမယ့် အစေ့အဆံတွေလည်း အလကားဖြစ်သွားလိမ့်မည်ပင်။
သို့သော်လည်း လပြက္ခဒိန်ရဲ့ ဆယ့်နှစ်လပိုင်းနဲ့ ပထမလတို့က ကုန်ဆုံးသွာပြီ ဖြစ်တာကြောင့် ဝက်ခေါင်းကို ဘယ်သူကမှ စိတ်မဝင်စားကြတော့ပါချေ။ သူမရဲ့ မေးခွန်းကို ကြားတော့ သားသတ်သမားက ရည်ရွယ်ချက်ကောင်းကောင်းနဲ့ မေးလိုက်လေတယ်။
မိန်းကလေး မင်းရဲ့မိသားစုက ဝက်ခေါင်းနဲ့ ဘာလုပ်မလို့လဲ သူတို့မှာ ဘာအစီအစဉ်ရှိလို့လဲ ဝက်ခေါင်းက အရသာ မကောင်းဘူးနော် စွတ်ပြုတ်လုပ်လို့ရအောင် ဘာလို့ ဝက်ရိုးအချို့ မဝယ်တာလဲ ငါမင်းတို့ကို ဈေးချိုချိုနဲ့ ရောင်းပေးမှာပါ ဝက်အသည်းတွေ ဝက်နှလုံးတွေကတော့ အကုန်ရောင်းကုန်သွားပြီ ညစ်ပတ်ပြီး နံ့နေတဲ့ ဝက်ကလီစာတွေကလည်း ပစ်ရင်ပစ် ဒါမှမဟုတ် ခွေးကျွေးမလို့။ မင်းတို့မိသားစုမှာ ခွေးမွေးထားလို့လား
သူမ မျှော်လင့်ထားသလိုပဲ... ဒီအချိန်အခါက လူတွေက တိရိစ္ဆာန်တွေရဲ့ အတွင်းအင်္ဂါတွေကို ဘယ်လို သန့်စင်ရမယ်ဆိုတာ မသိကြသေးဘူးပဲ သူတို့မှာ သန့်စင်ဖို့ နည်းလမ်းမရှိတာကြောင့် သူတို့ မစားရဲကြချေ။ သို့သော်လည်း ဝက်ကလီစာတွေနဲ့ ဝက်အူတွေက နှပ်လိုက်ရင်တော်တော်လေး အရသာ ရှိလေတယ်။ ပြီးတော့လည်း ဝက်ခေါင်းဟင်းလျာက သူမအရင်ဘဝတုန်းက ရောင်းခဲ့တဲ့ သူမရဲ့ဆိုင်မှာ နာမည်အကြီးဆုံးပင်!
ဦးလေး သူတို့ ဒါတွေနဲ့ ဘာလုပ်မယ်ဆိုတာတော့ သမီး မသိဘူး အဖေက ဒီပစ္စည်းတွေ ဝယ်လာခဲ့ဖို့ ပြောလိုက်လို့ ဝက်ခေါင်းက တစ်ကျင်းကို ဘယ်လောက်ကျလဲဟင် ပြီးတော့လည်း ဝက်အူတွေနဲ့ ဝက်ကလီစာတွေ အားလုံးကိုလည်းပေးပါလား... ရှောင်ချောင်းက ဝက်ခေါင်းကို အပြုံးလေးနဲ့ လက်ညိုးထိုးပြလိုက်ရင်း ထိုပစ္စည်းတွေကို ရောင်းပေးဖို့ ယုံကြည်မှုရှိရှိနဲ့ မေးလိုက်လေတယ်။
သားသတ်သမားဝမ်ကလည်း ခေါင်းညိမ့်လိုက်ပြီး ပြောလိုက်တယ်။ ဝက်ခေါင်းတွေကို ချိန်ကြည့်ဖို့ မလိုပါဘူး ဝက်ခေါင်းတွေကို ရောင်းသူနဲ့ဝယ်သူဈေးညှိပြီးမှပဲ ရောင်းလေ့ရှိတာ ဝက်ခေါင်းတစ်ခုကို များသောအားဖြင့် ကြေးပြားရှစ်ပြားတန်တယ်။ ဒါပေမဲ့ အခုက ရာသီချိန်မဟုတ်တော့ မင်းတို့ကို ကြေးပြားခြောက်ပြားနဲ့ ရောင်းလိုက်မယ် ဝက်ကလီစာတွေနဲ့ အူတွေကို ဒီနေ့ မပစ်ရသေးဘူး မင်းတို့လိုချင်ရင် အလကားပေးမယ်လေ
ဝိုး! ဝက်ခေါင်းတစ်ခုကို ခုနှစ်ကျင်း ရှစ်ကျင်းလောက်ရှိတာ ဒါပေမဲ့ ကြေးပြားခြောက်ပြားနဲ့ ရောင်းလိုက်တယ်! မတော်မတရားကိုဈေးချိုတာပဲ ပြီးတော့လည်း ဝက်အူတွေနဲ့ ကလီစာတွေကိုလည်း အလကားပေးဦးမယ်!! ယွီရှောင်ချောင်းတစ်ယောက် ဒီတစ်ခေါက်တော့ အချီကြီးရလိုက်သလို ခံစားလိုက်ရတယ်။
ရေရှည်စီးပွားရေးအကြောင်း စဉ်းစားမိပြီး သူမက ရုတ်တရက်မေးလိုက်တယ်။ ဦးလေး ဦးလေးရဲ့ ဆိုင်မှာ သိပ်များများစားစား မကျန်တော့ဘူးဆိုတော့ ဦးလေးရဲ့ စီးပွားရေးက တော်တော်လေး ကောင်းတယ်ထင်တယ်။ ဦးလေးတို့ မိသားစုက ဝက်တစ်ကောင်ကို သတ်ဖို့ဘယ်လောက်ကြာလေ့ရှိလဲ
သားသတ်သမားဝမ်က ရယ်မောလိုက်ပြီး ဂုဏ်ယူစွာနဲ့ ပြန်ဖြေလိုက်တယ်  ရွာသားတွေရဲ့ကျေးဇူးနဲ့ ငါ့ရဲ့အသားဆိုင်စီးပွားရေးလေးက တော်တော်လေး အဆင်ပြေနေပါတယ် ဈေးဖွင့်တဲ့ အခါတိုင်း ဝက်တစ်ကောင် သတ်လေ့ရှိတယ်။ တခြားအချိန်တွေမှာတော့ ငါတို့က ရွာထဲမှာ ဝက်တွေဖမ်းရင်း အလုပ်ရှုပ်နေကြတာ

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now