Chapter 35

4.2K 1K 15
                                    


Chapter 35: လျှို့ဝှက်ချက်

အချိန်အတော်ကြာပြီးနောက် စုမင်မျက်လုံးများဖွင့်လိုက်သည်။

ခေါင်းဆောင်းချွတ်ပြီး ရုပ်ရှင်ပြဇာတ်ရုဲကို ခဏမျှတစ်ချက်ကြည့်လိုက်တော့ လူတွေ လုံးလုံးမရှိပေ။ အမှောင်ထဲ၌ သူသာလျှင်ရှိသည်။

စုမင်.."………"

ဤအရာသည် ထိတ်လန့်စရာရုပ်ရှင်တစ်ခုနှင့်တောင် အနည်းငယ်တူသလိုပဲ။ ဘယ်လိုလုပ် လူအားလုံးပျောက်သွားနိုင်တာလဲ?
ဖန်သားပြင်ကြီးပေါ်တွင် အဆုံးသတ်ဇာတ်သိမ်းပိုင်းပေါ်လာပြီး ပေါ်လာတဲ့သရုပ်ဆောင်တွေရဲ့စာရင်းကသူအွန်လိုင်းမှာ တွေ့ခဲ့တာနဲ့အတူတူပဲ၊ ချန်စုရဲ့နာမည်က သဘာဝအတိုင်းမပေါ်လာဘူး။

တခဏ ထိုလူဘယ်သူလဲ စုမင်တွေးတောမိသည်။

ရုပ်ရှင်တစ်ကားရဲ့အဆုံးမှာတော့ သူတို့က များသောအားဖြင့် နောက်ကွယ်ကဖြတ်တောက်မှုအချို့ကို ထည့်သွင်းလေ့ရှိတယ်။ ဤရုပ်ရှင်သည်ခြွင်းချက်မဟုတ်ပါ။ ဒစ်ဂျစ်တယ်မှတ်တမ်းများအပြီးတွ င်၎င်းတို့သည်စိတ်ဝင်စားစရာနောက်ကွယ်မှပါဝင်ခဲ့သည်။

ရုပ်ရှင်ပြီးဆုံးပြီးနောက် ပြဇာတ်ရုံမှမီးများပွင့်လာကာ တစ်ချိန်တည်း၌ အပြင်ဘက်ရှိ ဝန်ထမ်းများနှင့်သန့်ရှင်းရေးသမားများ ဝင်လာကြသည်။

ဒီတစ်ခါဝန်ထမ်းကလည်း ရှောင်ဟဲဖြစ်သည်။ သူ့မျိုးရိုးနာမည်ကိုတွေးမိတာနဲ့ စုမင်နှလုံးသား၌အရိပ်တချို့ကိုခံသားမိသည်။ အန်ကယ်ဟဲသည် ဤထိတ်လန့်စရာရုပ်ရှင်၌ သူ့ကိုကြီးမားသောစိတ်ပိုင်းဆိုင်ရာ အမှောင်ရိပ်တစ်ခုနှင့်ထားခဲ့၏။

[T/N: ဟိုတစ်ခေါက် ရှောင်ဟော်လို့ရေးထားလားမမှတ်မိဘူး ကိုယ်ရောကုန်လို့(。•́︿•̀。) အခုကစပြီး ရှောင်ဟဲနဲ့ရေးပါတော့မယ်]

သူတွေးနေသည်ကို ရှောင်ဟဲမသိဘဲ မျက်နှာထက်၌အပြုံးပန်းဖြင့်လျှောက်လာကာ.."မစ္စတာစု ... အဆုံးထိနောက်တစ်ကြိမ်အသက်ရှင်ပြန်ပြီ"

အံ့ဩစရာကောင်းလိုက်တာ ... ဒီလောက် အားကောင်းတဲ့ပရိသတ်ကိုတွေ့ရတာ သူ့ရဲ့ပထမဆုံးအကြိမ်ပင်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now