Chapter (3.3)

8.3K 1.1K 15
                                    


                    {Unicode}

" ကိုယ်က ဘယ်သူလဲ?''

ကျန်းရှု တစ်ယောက် အစောက ရေချိုး နေတဲ့ အချိန်ထက် ပိုပြီးတော့ အသိစိတ်လေး ဝင်လာခဲ့တယ်။ နောက်တော့ အက်ရှရှလေး ဖြစ်နေတဲ့ အသံ နဲ​ဖြေ လိုက်တယ်။

" ရှုပေါ်စု....''

ဖြေပြီး တဲ့ တစ်ခဏ မှာပဲ သူ့ရဲ့ နှုတ်ခမ်းတွေ ကို နွေးထွေး တဲ့ အထိအတွေ့ လေး က သိမ်းကြုံး သွားခဲ့တယ်။ ကျန်းရှု ကတော့ မူးမေ့ မတက် ဖြစ် သွား ခဲ့တယ်။ ကျန်းရှု တစ်ယောက် အတွေ့အကြုံ နည်း လို့တော့ မဟုတ်ပါ ဘူး ။ မူးနေတဲ့ အပြင်ဒီလို ပြင်းထန် မွတ်သိပ်တဲ့ အနမ်း မျိုး ကို မရဘူး လို့ပဲ ဖြစ်လေတယ် ။

"ဟမ်း...''

ဒီ အချိန်မှာတော့ ရှုပေါ်စုက အရမ်း ကိုပဲ...... ခံစား လို့ကောင်း နေပြီး တော့ သူတို့ ၂ ယောက် နောက် တစ်ဆင့် ကို သွား နိုင် မယ်လို့တောသ် ထင်မိနေ တယ်......။

ကျန်းရှုက တုန်လှုပ် သွားလေတယ်။

သူဒါကို မလုပ်နိုင်ဘူး!

သူက ရှုပေါ်စု ကို တွန်းလွှတ် ဖို့ ရုန်းကန် လိုက်တဲ့ အခါ ထိုလူက ခပ်တင်းတင်း ပွေ့ ဖက်လိုက်ပြီး အနမ်းတွေ ကိုတော့ အပြီး သတ်လိုက် တော့တယ်။

" ကိုယ် ရေ အရင် ချိုး လိုက်အုံး မယ်နော် မဟုတ်ရင် မင်း ဖျားနေ လိမ့်မယ်..
"

ကျန်းရှု နေရာမှာ တင်အေး ခဲသွာတယ်။

အစောက ရေချိုးတုံးက ထိုလူက သူ့ကို ပြုစုပေး ခဲ့တာပေါ့လေ....။

တကယ်လို့ မင်းရေမချိုး ရင်ဖျား လိမ့်မယ် ဆိုတာ ဘာသောက်စကား လဲ..။ ဒါကြီး က လိမ်နေမှန်း အသိသာ ကြီးကို
.... သေစမ်းကွာ အဲ့လူက ဘာလို့ သူ့အဖေ လေသံ အတိုင်း ပြောနေရတာတုံး...!?

  ကျန်းရှုက ခေါင်းအုံးပေါ် ဟိုဘက် ဒီဘက် လှည့်ရင်းနဲ့ အစောက အကြောင်းတွေ ကို လုံးဝ ရှင်းရှင်း လင်းလင်း ကြီးကို ပြန်မှတ်မိ သွားတော့တယ်။

ဒါကြီးက အရမ်းရှက်ဖို့ ကောင်းတာပဲကွာ!

  သိပ်မကြာသေးခင်က သူ့အိမ်က လူအိုကြီးက လိုက်နေတဲ့ ဇနီး ဆီကနေ အဖြေရပြီး အဲ့ဇနီး နောက်ပဲ ကောက်ကောက်ပါ အောင် လိုက်သွားတယ်လေ။ ဒါကြောင့်လွန် ခဲ့တဲ့ လဝက် ကတည်း က သူ့စိတ်တွေ ရှုပ်ထွေးနှောက်ကျိ နေခဲ့တာ။ အဲ့တာကို စောနက ဟိုခွေးသတောင်းစား ယုစုယန် ကပါ သူ့ကို လမ်းခွဲ သွားသေး တယ်။ အား..... မဟုတ်သေး ဘူး...သူက အဲ့ခွေးကောင် ကို ကန်ထုတ် လိုက်တာ။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now