အပိုင်း { ၂၅ }

28.5K 2.9K 368
                                    

                            [ Unicode ]

ဂိတ်စောင့်ဂိတ်စခန်းတွင်ဖြစ်သည်။ ဒီနေရာတွင် ဘွား နဲ့ မော့ အပြင် ခူးရယ်နှင့် အယ်ထူးတို့လည်းရှိ၏။ သူတို့ဆွေးနွေးနေသောအကြောင်းအရာဟာရုတ်တရက်ဖြစ်လာတာကြောင့် အရေးပေါ်ဆွေးနွေးနေရခြင်းဆိုလည်းမမှားပေ။

" ဒါမဖြစ်နိုင်ဘူး။ အဲ့ပစ္စည်းတွေက ဦးဆောင်သူလမ်းကြောင်းမှာပဲရှိနေတယ်ဆိုတာ မသိဘယ်သူရှိတုန်း။ အထက်ဘက်ကလည်း ဦးဆောင်သူပစ္စည်းတွေကိုထိရဲဖို့သူတို့မှာသတ္တိမရှိဘူးရော် "

နယ်စပ်အနီးမှာရှိသောသူတို့ရဲ့မှောင်ခိုပစ္စည်းထားရာတပ်စွဲဂိတ်က တပ်သားတစ်ယောက်သတင်းလာပို့ခြင်းကြောင့် ခူးရယ်တို့ဆွေးနွေးနေခြင်းဖြစ်သည်။ဟိုယခင်တည်းက ထိုနယ်စပ်အနီးရှိတပ်စောင့်ဂိတ်ဟာ စောနေစေးရဲ့မှောင်ခိုလမ်းကြောင်းဖက်ဆိုင်ရာကိုကိုင်တွယ်ထားတာကြောင့်အလစ်ဝင်ချောင်းတိုက်ခိုက်ခြင်းမဟုတ်လျှင် နယ်စပ်အင်အားကိုတော်ရုံအင်အားနဲ့ဝင်မတိုက်နိုင်ကြပေ။ ထို့အတူ ခူးရယ်ပြောတာကိုအားလုံးကနားထောင်နေပြီးတွေးတောနေ၏။

သတင်းပို့ချက်အရ တပ်စွဲဂိတ်အပြင်ဘက်မှာ မြေမြုတ်ဗုံးများမ​တော်တဆတွေ့ရခြင်းပင်။ စုစုပေါင်းလေးလုံးမှာ ၂ လုံးပေါက်ကွဲပြီး ၃ ဦးခန့်ဒဏ်ရာရခဲ့ပြီး ကျန်နှစ်လုံးကိုဖော်နိုင်ခဲ့သည်။ ခန့်မှန်းကြည့်လျှင် ဒါဟာ စခန်းကိုအဖွဲ့တစ်ခုမှ တိုက်ခိုက်ရန်ကြိုတင်ပြင်ဆင်နေခြင်းဖြစ်မည်မှာမလွဲပေ။ ဒါအရေးကြီးတဲ့ကိစ္စဖြစ်သည်။ ဘာကြောင့်ဆိုလျှင် လတ်တလောမှာ ခနောက်စိမ်းနှင့် ခဲ နှင့် ယမ်း များကို တဖက်နိုင်ငံပို့ဆောင်ရမှာဖြစ်လို့ နယ်စပ်နဲ့နီးတဲ့ ထိုဂိတ်မှာ ဘွား ပို့ထားတာပင် ရက်ဘယ်လောက်မှမရှိသေးပါ။ ဒီလိုကြောင့်မို့ တွက်ကြည့်လျှင် တဖက်ကအဖွဲ့ဟာ ကုန်ပစ္စည်းကြောင့်သော်လည်းကောင်း၊သူတို့တပ်ဖွဲ့အားဖြိုခြင်းသော်လည်းကောင်း၊ ဘယ်အရာကိုမှ ခွင့်ပြုလိုက်ဖို့အစီစဥ်မရှိပေ။

ဒီကိစ္စသာ အက်ဒွက်သိသွားလျှင် သူ့ပစ္စည်းတွေထက် သူတပ်ကိုသာဦးစားပေးမည်ဖြစ်သည်။ ဒီအချိန်မှ ပစ္စည်းတွေရွှေ့ပြောင်းဖို့ရာလျှင်မဖြစ်နိုင်တော့ပါ။

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now