Chapter - 20 (Part 4)

3.3K 443 4
                                    

Unicode

သူ နိုးလာတဲ့အချိန်မှာ သူ့ခန္ဓာကိုယ်က မခံမရပ်နိူင်​လောက်​အောင် နာကျင်​နေတုန်းပဲ။ ပိုဆိုးလာသလို ခံစား​ရ​ပေမယ့် သူက နည်းနည်း​တော့ အားရှိလာခဲ့တယ်။ အိပ်မက်ထဲမှာ သူကြားလိုက်ရတဲ့အသံက သူ့အိမ်တံခါးကို လာ​ခေါက်​နေတဲ့တစ်စုံတစ်​ယောက်​ကြောင့်ဆိုတာကို မသိလိုက်ခင်အချိန်အထိ သူဟာ တစ်ခဏ​လောက် ​အားမာန်မရှိဘဲ ​​နှေး​ကွေးနေခဲ့တယ်။ သူက တံခါးသွားဖွင့်ဖို့ အိပ်ရာ​ပေါ်က မြန်မြန်ထလိုက်တယ်။

​ကျောင်းလီက စိုးရိမ်ပူပန်​နေတဲ့မျက်နှာနဲ့ တရကြမ်းတိုးဝင်လာတယ်, "မင်း အဆင်​ပြေရဲ့လား?"

"အာ..."

"မ​နေ့ညက​နေ ဒီ​နေ့အထိ ငါ အကြိမ်ကြိမ်ဖုန်း​ခေါ်တယ်, မင်း တစ်ချက်မှ မကိုင်ဘူး​လေ, တစ်ခုခုဖြစ်လို့လား?"

"​ဆော - ​ဆောရီး, ငါ မကြားလိုက်တာ"

"ညက မင်း အိမ်ပြန်မလာဘူး, ဘယ်သွား​နေတာလဲ?" ​ကျောင်းလီက စိုးရိမ်ပူပန်​နေတဲ့အခါ အနည်းငယ်​ဒေါသထွက်လာလိမ့်မယ်။ သူ့ရဲ့​နှေး​ကွေး​နေတဲ့တုန့်ပြန်မှု, သူ့ရဲ့သနားစရာ​ကောင်း​​နေတဲ့အသွင်အပြင်​တွေကို မြင်တဲ့အခါမှာ​တော့ သူက စိတ်မပူဘဲ မ​နေနိူင်ဘူး, "မင်း ဘာဖြစ်ခဲ့တာလဲ?"

အူးယမ်က သူ့ရဲ့ပါးစပ်ကို ခက်ခက်ခဲခဲဖွင့်မလာခင်အချိန်အထိ, ခဏ​လောက် စကားမ​ပြောနိူင်ဘဲ တိတ်ဆိတ်​နေခဲ့တယ်, "ငါ, ငါ ​ရှောင်ရွှမ်းနဲ့​တွေ့ခဲ့တယ်"

​ကျောင်းလီက ကြမ်းတမ်း​ပေမယ့် ဆွံ့အ,မ​နေဘူး။ အခွင့်​ကောင်းယူခံရခြင်း​ကြောင့် ပင်ပန်းနွမ်းနယ်​နေတဲ့ သူ့ပုံစံကို မြင်တဲ့အချိန်မှာ​တော့ သူဟာ ရုတ်တရက် နားလည်သွားခဲ့တယ်။ သူက ​ချက်ချင်းကို ​ဒေါသထွက်လာကာ အကြိမ်ကြိမ်ကျိန်ဆဲ​​နေရင်း, စိတ်ဆိုးမှုကြောင့် ​သေလုနီးပါးဖြစ်​ခဲ့တယ် , "ချမ်းသာတဲ့လူ​​တွေအားလုံးက လူယုတ်မာ​တွေပဲ!"

ပြီး​တော့ သူက လှည့်ထွက်သွားတယ်။ အူးယမ်က သူ့ကို မြန်မြန်ပြန်ဆွဲလိုက်ရတယ်။

"စိတ် - စိတ်လိုက်မာန်ပါမလုပ်ပါနဲ့, ​ကျောင်းလီ!"

"ငါ အဲ့မိမစစ်ဖမစစ်ကို သတ်ပစ်မယ်!"

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now