Part (25) Uni/Zawgyi

11.3K 293 16
                                    

မင်းကြိုက်သလိုချစ်
အပိုင်း(25)

"ခေသိပြီးရင် အရမ်းနာကျင်မလားလို့ အားလုံးပြောပြရင် ခေလေးခံစားရလိမ့်မယ် ကိုယ်နှုတ်ဆိတ်နေလိုက်ရမလား ဒါပေမဲ့............"

ဟန်ခေက ရင်ထဲမှာ အရမ်းပူလောင်နေပြီ
ဒီကိစ္စနဲ့ လင်းထွဋ်ဘယ်လိုပတ်သတ်နေလဲ

"ခေက လင်းယောင်နဲ့အရမ်းပျော်နေတာကို မြင်နေရတော့ ပြောပြချင်လာလို့ "

"ဟင် "

"ခေ မင်းကိုယ်မင်းတော့မှတ်မိတယ်မဟုတ်လား  ကားရှေ့က ဖျက်ပြေးသွားတဲ့ ဂါ၀န်အပြာလေးနဲ့အလယ်တန်းကျောင်းသူလေးလေ "

ဟန်ခေ ခေါင်းတညိတ်ညိတ်နဲ့ မျက်ရည်ကျလာသည် ။

"ဟက်  ကားထဲက လူတွေက မင်းပြောတဲ့ မင်းရဲ့ အသက်ကျေးဇူးရှင် တွေ ဘယ်သူလဲဆိုတော့....."

ဟန်ခေကို စိုက်ကြည့်လိုက်ပြီး

"ကိုယ့်ရဲ့အစ်ကို နဲ့မရီး  လင်းယောင်ရဲ့အဖေ နဲ့အမေ ဆိုရင်ရော"

"ဟင် "

ဒါ ဒါ ဆို  လင်းယောင် ရဲ့မိဘတွေက ငါ့ကို ကယ်ခဲ့တာပေါ့

"ဒါနဲ့ မပြီးသေးဘူးနော် ခေ လင်းယောင်က၅နှစ်သားကတည်းက မိဘမဲ့ဖြစ်တာကိုသိတယ်မဟုတ်လား ဟက်   အဲ့ဒီညကပဲ မင်းကိုရှောင်ရင်း သစ်ပင်ကို၀င်တိုက်ပြီး ပွဲချင်းပြီးဆုံးသွားတာ "

ဟန်ခေ မျက်ရည်တွေပင်ပေါက်ပေါက်ကျနေပြီ
ခေါင်းတစ်ခါခါနဲ့ ရှိုက်ငိုမိ၏ ။

"ဟင့် ဟင့် "

ငါ ငါ က လင်းယောင် ရဲ့မိဘတွေကို သတ်တာပေါ့ ဟင့်  ငါ ငါ့ကြောင့် သေသွားတာပေါ့   လင်းယောင် မိဘမဲ့ဖြစ်တာငါ့ကြောင့်ပေါ့ 
သူမ လင်းယောင်ကို အားနာ တာကလွဲ၍ ဘာမှမရှိတော့ပါ ။

"ခေ မင်းဖုန်းလာနေတယ်မဟုတ်လား "

လင်းထွဋ်  လင်းယောင်ဆီကမှန်းသိလိုက်တာကြောင့် သေချာသတိပေးလိုက်သည် ။

*
*

လင်းယောင် ဟန်ခေ့ရဲ့ ရုံးခန်းနားသို့ရောက်လာခဲ့ပြီ။ သူမတစ်ယောက်တည်းထိုင်နေတာ မှတ်လို့ ဘေးမှာ ကဦးထွဋ် ပဲ

မင်းကြိုက်သလိုချစ် (Completed) OCWhere stories live. Discover now