Part 60

2.6K 101 10
                                    

Uni

ဆောင်းဦးမနက်ခင်းတွေသည် သာယာလှသည်။
ချစ်ရသူ ဘေးမှာရှိနေတော့ ပို၍ သာယာသည်။

မောင်ဘေးမှာ ရှိနေတော့ အချိန်တိုင်းဟာ ပျော်ရွှင်ဖွယ်အတိ။

အခုဆို မောင်ရဲ့အခြေအနေက အများကြီးတိုးတက်လာပြီ။
​ခြေထောက်အတွက် လေ့ကျင့်ခန်းတွေကို သေချာလုပ်နေတဲ့အတွက် မကြာခင်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်လာမည်ဟု ခွန်းယုံကြည်သည်။

အနားက လူတွေအပေါ် ဆက်ဆံသော မောင့်စိတ်ဟာလည်း အနည်းငယ်တော့ ပျော့ပြောင်းလာသည်ဟု ခွန်းထင်သည်။
အများကြီး စကားတွေ ဖောင်ဖွဲ့နေတာမျိုး မဟုတ်ပေမယ့် တစ်ခွန်းစနှစ်ခွန်းစတော့ ​ပြောနေပြီ။

နှုတ်က မပြောပေမယ့် မောင့်မိသားစု၏ ကျေးဇူးတင်သော အကြည့်များကို ခွန်းခံစားလို့ရသည်။
သူတို့ ခွန်းဆီ မောင့်ကိုအပ်ထားရတာ နောင်တမရသည့်ပုံ။

အရာအားလုံး မောင်မှတ်မိသွားရင်ရော မောင့်ခြေထောက်တွေ အရင်တိုင်း ပြန်ကောင်းလာရင် မောင့်မိသားစု ခွန်းကို ဒီလိုဆက်ဆံပါဦးမလား။
ခွန်း ဆက်မတွေးချင်တော့......

"ခွန်း"

"အမရာ"

တစ်နေရာကို စူးစိုက်ကြည့်လျက် အတွေးနယ်ချဲ့နေသည့်ခွန်း
အမရာ ခေါ်လိုက်တော့မှ သတိဝင်လာပုံ

"ခွန်း အပြင်မှာ ဘာလုပ်နေတာလဲ"

"သူ မင်းဆက်နဲ့စကားပြောနေလို့
အဲ့တာ လွတ်လွတ်လပ်လပ် စကား​ပြောလို့ရအောင်
အပြင်ထွက်စောင့်ပေးနေတာ"

"အော်
ခွန်းသံသာချိုတို့ အစွမ်းကတော့ အံ့မခန်းပဲနော်
နင့်လူကြီး သိသိသာသာကို သက်သာလာတာ"

"ငါ့ အစွမ်း မဟုတ်ပါဘူး
ငါ့ အချစ်ရဲ့ စွမ်းအားပါ"

"ပိုလိုက်တာ
လှည့်မကြည့်တုန်းကလည်း သူပဲ အခုကျတော့လည်း သည်းသည်းလှုပ်
တကယ့်ကို ကဲကဲသဲသဲအတွဲ"

"နင်ကလည်း
ဒါနဲ့.... နင်သူနဲ့လာတွေ့တာမလား"

"မဟုတ်ပါဘူး
နင် ဒီလို ဂရုစိုက်ပုံမျိုးနဲ့ဆို မကြာခင်မှာပြန်ကောင်းတော့မယ်ပုံပဲ
အဲ့တော့ အလုပ်မှာလည်း တွေ့ရမယ့်ဟာကို....."

You had me at helloWhere stories live. Discover now