Arc.5.17
3.7K 646 85
" ဝမ်ရယ်!! ဘာလုပ်နေတာလဲ .. ဒဏ်ရာက သက်သာရဲ့လား ... သမားတော် အရင်သွားပြရအောင်လေ.." လင်းယွီ့က အန်းဇယ်ရီရဲ့ ဝတ်ရုံအား အသာဆွဲလျက် အသံခပ်အုပ်အုပ်ဖြင့် ပြောလိုက်သည် ။ ဒီလူက အခုတင်လေး သေရာက ပြန်လာတာကို ‌ကိုယ့်သေတွင်းကိုယ်ပြန်တူးနေသေးတာလား .. ။
" ချီဝမ်ရယ်!!! တော်တော်အတင့်ရဲနေတယ်ပေါ့ ဟုတ်လား .. ဟမ်.. အသက်မရှင်ချင်တော့တာလား .. " ဧကရာဇ်က လက်ရန်းအား ဒေါသတကြီး ရိုက်လိုက်သည် ။ " အစောင့်တွေ ဘယ်ရောက်နေတာလဲ .!!! ဒီပုန်ကန်သူကို ဖမ်းလာစမ်း!! "
အန်းမူက ဒီလိုအခွင့်အရေးကောင်းအား လက်မလွှတ်ချင်ပေ ။ သူက ချက်ချင်းပင် အန်းဇယ်ရီအား တိုက်ခိုက်လိုက်တော့သည် ။ သူ့ရဲ့ အားပြင်းသည့် လက်သီးက အန်းဇယ်ရီအား ထိမိတော့မည့် အချိန်တွင် တဖက်လူက အသာလှည့်လိုက်ပြီး ရှောင်လိုက်သည် ။ ပြီးနောက် ဝမ်းဗှိုက်မှ ပြင်းထန်သည့် နာကျင်မှုကို ခံစားလိုက်ရပြီး လွင့်ထွက်သွားတော့သည် ။
ဘုန်း!!!
နန်းတော်၏ တိုင်လုံးအား ထိမှန်သွားပြီး ပြန်ပြုတ်ကျလာသည့် အန်းမှုကြောင့် ကြည့်ရှုနေသူအပေါင်းမှာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရသည် ။ ချီဝမ်ရယ်က ဘယ်လိုလုပ် ဒီလောက်တောင် သန်မာလာတာလဲ ..
အကုန်လုံးသည် ခေါင်းကိုမော့လိုက်ရင်း အော်ဟစ်လိုက်ချင်သည် ..
ကျွန်တော်တို့လည်း သတိမေ့သွားချင်တယ် ဟု
ထိုသူများ၏ ပျက်ပြားနေသည့် စိတ်အား အန်းဇယ်ရီက ဂရုမစိုက်ပေ ။ သူက လင်းယွီ့ကို ခေါင်းအသာငဲ့စောင်းကြည့်ရင်း နှစ်လိုဖွယ်ပြုံးလိုက်သည် ။ " ရှောင်ယွီ့ .. ဘုရင်လုပ်မလား "
လင်းယွီ့ :"..."
လူတိုင်း * ခေါင်းကို အသာမော့လိုက် *
‌ငါတို့လည်း အမျိုးကောင်းသားကို လက်ထပ်ရင် မီ‌သေးလား
လင်းယွီ့က ဆွံ့အလျက်ပင် ခေါင်းခါယမ်းလိုက်သည် ။ သူက ခပ်ဖွဖွပြုံးနေသည့် လူထံမှ အကြည့်မလွဲမိခဲ့ပေ ..။ သူ့အဖြေကြောင့် အနည်းငယ် ကိုးရိုးကားယား နိုင်သွားသည့် ပုံပင် ခေါင်းကို ညိတ်လျက် ထပ်မေးလာပြန်သည် ။