8.5

2.8K 127 2
                                    

ကိုကို့ရဲ့ငယ်...✨

(8.5)

တစ်ဖြည်းဖြည်းဦးတည်ရာက မြို့ပြင်အထိရောက်လာကြောင့်
ငယ်က ကားမှန်ဖွင့်ပြီး ရူခင်းတွေကိုငေးနေလိုက်တာများ တမေ့တမော။
ကျယ်လွန်းတဲ့ လယ်ကွက်တွေ...ကွင်းပြင်တွေ...တောတွေနဲ့ ငယ်က အလှမ်းဝေးနေရှာတော့...စိတ်ဝင်တစားနဲ့ တွေ့သမျှအကုန် လက်လေးနဲ့တို့တို့ပြီ မေးသည်။ပေါက်ပေါက်ရှာရှာ ဘယ်သူ့လယ်ကွက်လဲ ဆိုတာက ပါသေးတယ်။တကယ့်ကလေးမလေး။ချစ်သူမဖြစ်ခင်ကတည်းက အသဲယားရတဲ့ ကောင်မလေးက...ကိုယ့်ကောင်မလေးဖြစ်လာတော့ ပိုတောင် အသဲယားရသည်။
တစ်ခါတစ်လေ ခံတွင်းထဲတောင်ထည့်ငုံထားလိုက်ချင်တဲ့အထိ။

ငေးကြည့်ရတာ ပင်ပန်းသွားပြီထင်တယ်...သူ့နေရာမှာသူငြိမ်ငြိမ်လေးထိုင်ပြီး
အားနေတဲ့လက်ပေါ်ရောက်လာတဲ့ လက်ဖဝါးနုနုလေးတွေ...။ခပ်ဖွဖွလေး ပြန်ဆုတ်ကိုင်ရင်း ငယ့်ကို ကြည့်မိတော့
မျက်လုံးလေးတွေအဝိုင်းသားနဲ့ လူကိုကြည့်ကာ ခေါ်လာသည်။

"ကိုကိုလို့ "

"ပြောလေ ငယ် "

"ကိုကို့ "

"အဟွန်းး...ပြောလို့ ကလေးရ "

"ကိုကို့လိုဆိုနေ "

"ဗျာ "

"ကိုကို့ "

"ဗျာ ဗျ "

"ကိုကို့ "

"ဗျာလို့...ဘာပြောမလို့လဲ ငယ်ရာ "

"ဟီးး ခေါ်လို့ကောင်းလို့ "

"အိုကေဗျာ...ငယ့်သဘောကြိုက်သလောက်ခေါ် "

"ကိုကို့ကိုချစ်လိုက်တာ...ကိုကိုကချစ်စရာကြီး "

ဆုတ်ကိုင်ထားတဲ့လက်တစ်ဖက်ကို နောက်လက်တစ်ဖက်နှင့်ထပ်အုပ်ကိုင်လိုက်ကာ...
ပြောတော့ အစ်ကို့ပါးလေးတွေ နီလာတာ မိန်းငယ် သတိထားမိသည်။
ဒီလူသားကိုချစ်ခဲ့တာရော ဒီလူသားအချစ်ကိုလက်ခံခဲ့တာအတွက်ရော
သူမ ဘယ်တော့မှ နောင်တမရဘူးဆိုတာ အတူရှိနေတဲ့ အချိန်တွေကြောင့်
ပိုသေချာလာရသည်။အစ်ကိုက သူ့စကားကိုသူတည်သည်။
"Time will tell how much I love you "
အပြောနဲ့မဟုတ်ပဲ အလုပ်နဲ့ သက်သေပြသည်။

ကိုကို့ရဲ့ငယ်...✨Where stories live. Discover now