(အပိုင်း ၉)

2.6K 104 1
                                    

ကိုကို့ရဲ့ငယ်...✨

"တီ တီ "

စာကြည့်စားပွဲပေါ်မှာထောင်ထားတဲ့ ဖုန်းလေးမြည်လာ၏။
တက္ကသိုလ်စတက်နေပြီဖြစ်တာကြောင့် သူမစာတွေကိုမှီအောင်လိုက်နေရသည်။
အခုလည်း အစ်ကို့ဆီက မှန်းသိရက်နဲ့ messageကိုမကြည့်နိုင်သေး...သူမ
ဒီတစ်မျက်နှာပြီးအောင် အရင်လုပ်ရဦးမည်။အခုနောက်ပိုင်း မိန်းငယ် အစ်ကို့ကို
သိပ်အချိန်မပေးမိတာကြောင့်...အားနာသလို...အထင်လွဲသွားမှာလည်း
ကြောက်သည်။အစ်ကိုကသူမထက်ပိုအတွေးလွန်တတ်သည်မဟုတ်လား။

ငယ်အရင်ကအစ်ကို့ကိုသူမထက်ပိုမချစ်နိုင်ဘူးလို့တွေးခဲ့မိပေမယ့်...
အစ်ကို့ချစ်ခြင်းမေတ္တာကို ဘယ်လိုမှလိုက်မမှီနိုင်ပါ။အခုတောင် ငယ်က အစ်ကို့ကိုအချိန်သိပ်မပေးဖြစ်ပေမယ့်
အစ်ကိုကတော့ဂျူတီတွေကြားကနေ အားတဲ့အချိန်လေးဆိုစာပို့သည်။သူဘာလုပ်နေတယ်...ဘာစားတယ်အစ...အကုန်ငယ့်ကိုပြောပြသည်။
အစ်ကိုနဲ့တွေ့မှပဲ အချစ်ခံရတယ်ဆိုတာ ဒါမျိုးပါလားလို့ငယ်နားလည်လာတဲ့အထိ
အစ်ကိုချစ်ပေးသည်။ကိုယ်ချစ်ရတဲ့သူဆီက အချစ်ခံရတယ်ဆိုတာလည်း
ဆုလာဘ်တစ်ခုပဲမဟုတ်လား။

ဟီးးတွေးရင်းနဲ့တောင် အစ်ကို့ကိုလွမ်းလာပြီ ။မိန်းမိန်းငယ် စာကအရေးကြီးတယ်ဆိုပေမယ့် အစ်ကို့ကိုပိုအလေးထားချင်၏။

🥰"ငယ် ကိုကို အိမ်ပြန်ရောက်ပြီ..."

"ထမင်းစားပြီးပြီလား...အခုဘာလုပ်နေလဲ "

"စာလုပ်နေရင်လည်း...ကိုယ်စောင့်နေပေးမယ်နော်...ဘယ်အချိန်လောက်အားလဲ "

"ငယ် ချစ်တယ်နော်...ကိုကို ငယ့်ကိုအရမ်းချစ်တယ်"

"ငယ် ..."

စာတွေကိုဖတ်ကြည့်ရင်း အစ်ကို့ကိုတွေ့ချင်လာ၏။
နောက်ဆုံးစာကြောင်းလေးကိုတစ်ခေါက်ပြန်ဖတ်မိတော့...အစ်ကိုဝမ်းနည်းသွားမလားဆိုတာစိုးရိမ်မိသည်။ဖုန်းလေးယူ...အနွေးထည်ပါးလေးကောက်ဝတ်ပြီး မိန်းမိန်းငယ် အောက်ထပ်ဆင်းလာခဲ့သည်။

"သမီး ဘယ်တုန်း...မိုးချုပ်နေပြီလေ "

"ငယ် အစ်ကို့ဆီခဏသွားမလို့ ...အမေ့ "

ကိုကို့ရဲ့ငယ်...✨Where stories live. Discover now