(12.2)

2.1K 94 1
                                    

ကိုကို့ရဲ့ငယ်...

Day(2)

မိန်းငယ် ဒီရက်တွေမတိုင်ခင်က
အစ်ကိုပို့ထားတဲ့ မုန့်တွေကို
ယူပြီးအောက်ထပ်ကိုဆင်းလာခဲ့လိုက်၏။

တစ်ခါတစ်လေ မုန့်ကိုဆိုင်လိုက်
  မ လားသလားထင်ရတဲ့အထိ
  ငယ့်အခန်းထဲမှာ မုန့်ထုတ်တွေကအပြည့်။
  ဝယ်မလာပါနဲ့ ရှိသေးတယ်ပြောပြီး
   လက်မခံရင် သူကဝမ်းနည်းသေးတာ။

*လွမ်းလိုက်တာ အခုချိန် ကိုကို ဘာတွေလုပ်နေမလဲ *

မနေ့ညက ဖုန်းပြောနေရင်း ရုတ်တရက်
စက်ပိတ်ထားပါသည်ဖြစ်သွားတော့
လူကမျောက်မီးခဲကိုင်ထားသလိုဖြစ်သွားသည်။

တစ်ခြားဖုန်းတစ်လုံးနဲ့ထပ်ခေါ်လာပြီ
ဖုန်းအားကုန်သွားကြောင်းပြောတော့မှ
စိုးရိမ်တာကပျောက်၏။

မီးမရှိတဲ့နေရာရောက်နေတာဆိုတော့
အစ်ကိုနဲ့ မိန်းငယ်ဒီရက်ပိုင်း အဆက်အသွယ်မရနိုင်ပါ။
ခွဲရတာ တစ်ရက်ကျော်ကျော်လေးပဲ
ရှိသေးတယ် စိတ်နဲ့လူက မကပ်တော့။
ဘယ်နေရာကြည့်ကြည့် အစ်ကို့ပုံရိပ်တွေကြည့်ပေါ်နေ၏။

"အမေ့ ငယ် အစ်ကို့ကိုလွမ်းလိုက်တာ "

ပထမရက်ကအဲ့လောက်ထိမဟုတ်ပေမယ့် အခုရက်မှလွမ်းတဲ့စိတ်ကပိုဆိုးလာသည်။
မုန့်ထုပ်တွေက ယူသာလာတာ စားချင်စိတ်တော့မရှိပါ။
ထို့​ကြောင့် စားပွဲပေါ်ချပြီးTVကြည့်နေတဲ့
အမေ့ရင်ခွင်ထဲသာ ပစ်ဝင်ရင်း ချွဲပစ်လိုက်သည်။

"အော်...သမီးကလည်း ပြန်လာမှာပဲဟာကို...
အဲ့လိုကြီးမလုပ်ရဘူးလေ "

ကိုယ့်ဝမ်းနဲ့လွယ်မွေးထားတဲ့ သူပဲ သမီးဘာဖြစ်နေမှန်း
ဒေါ်ခင်မြင့်ကြည် သိပ်သိတာပေါ့။
အစားမက်တဲ့သမီးက ထမင်းတောင်
သိပ်စားမဝင် ကြိုက်လှပါတဲ့ မုန့်တွေလည်း ဟိုစပ်စပ်ဒီစပ်စပ်နှင့်ဘာမှကောင်းကောင်းမစား။

မိူင်တွေတွေနဲ့မလို့ ဆူချင်ပေမယ့် နားလည်စိတ်နဲ့ မဆူမိပါ။
မောင်ဘုန်းမရှိတုန်း တရားတွေဘာတွေရသွားသည့်
  ထင်ရ၏။မနေ့ညက ဘုရားသေချာရှိ့ခိုး...
 
ဒီမနက်လည်း ဘုရားဝေယျာဝစ္စတွေ
သူ့ကြည့် သေချာလုပ်သွားသည်။ပြီးရင်တော့
မိူင်တွေတွေ ပြန်ဖြစ်သွားရော။ဒေါ်ခင်မြင့်ကြည်
သမီးငယ်ခေါင်းလေးကိို
ဖွဖွပုတ်ပေးရင်းသာ ချော့နေလိုက်၏။

ကိုကို့ရဲ့ငယ်...✨Where stories live. Discover now