30

10.8K 1.9K 23
                                    

Unicode

“‌မြူနှင်းတောအုပ်ထဲ လျှောက်သွားနေတာကြာပြီ... ဘာလို့ ခရီးသွားတွေနဲ့ မတွေ့သေးတာလဲ..?”

ရွှယ်ယို့ရှန်းရဲ့အကြံက ဒီလို။ ရင်းဆုယဲ့က သူ့ကို မြို့တော်ပြန်မယ့် ဆင်ခြေတစ်ခုအနေနဲ့ အသုံးချခဲ့တယ်လေ။ ဘာတဲ့.. ဒီမှာဆက်နေရင် သူ အစားအသောက်ကောင်းတွေ မစားရမှာစိုးလို့ဆိုပဲ။ အဲ့လိုဆိုတော့ သူကလည်း ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး ရင်းဆုယဲ့ရဲ့ အတွေးအခေါ်တွေဥို ပြောင်းလဲပစ်ရမှာပေါ့..!

တခြားခရီးသွားတွေကို တွေ့တာနဲ့ အရင်ဆုံး လတ်တလော ပိုင်ဆိုင်ခဲ့ရတဲ့ ရတနာတွေသုံးပြီး အစားအစာတွေ၊ တခြားလိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ လဲလှယ်ရမယ်။ ပြီးရင် သူတို့ဆီက သတင်းနှိုက်လို့လည်း ရသေးတယ်။ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်နိုင်တဲ့ အခွင့်အရေးကို ပြန်ယူရမှာပေါ့..!

“တခြားလူတွေနဲ့ တွေ့ချင်လို့လား..?”

ရင်းဆုယဲ့က ဝိဉာဉ်စွမ်းအားကိုသုံးပြီး အနီးပတ်ဝန်းကျင်ကို အာရုံခံရင်း လူအုပ်ကြီးတွေ၊ အန္တရာယ်များတဲ့လူတွေကို ရှောင်ရှားရင်း ခရီးဆက်နေခဲ့တာ။ အဲ့တာကြောင့် လူသားဖြစ်စေ၊ မိစ္ဆာမျိုးနွယ်ဖြစ်စေ၊ တခြားဘယ်သက်ရှိနဲ့မှ လမ်းတစ်လျှောက်လုံး မတွေ့ခဲ့တာဖြစ်တယ်။

“အင်း.. အဲ့တာဆိုရင် ကျွန်တော်တို့ အစားအစာတွေ လဲလှယ်လို့ရတယ်လေ..”

ရွှယ်ယို့ရှန်း ဝိဉာဉ်ကူးပြောင်းလာပြီးကတည်းက တစ်ခုခုလိုနေသလို ခံစားခဲ့ရတယ်။ လက်စသတ်တော့ သူ ဒီကမ္ဘာကို ရောက်လာကတည်းက ရင်းဆုယဲ့တစ်ယောက်တည်းကိုပဲ တွေ့ဖူးသေးတာကိုး..!

“အင်း..”

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းရဲ့ မျှော်လင့်တကြီး မျက်နှာလေးကို မြင်တော့ သူနားလည်ပြီဖြစ်ကြောင်း အသံပြုလိုက်တယ်။

“ကျွန်တော်တို့ ဘယ်ကိုဆက်သွားကြမလဲ..?”

ရွှယ်ယို့ရှန်းကတော့ ရင်းဆုယဲ့ကို လမ်းမသိဘူးလို့ ထင်မြင်နေလေတယ်။ မဟုတ်ရင် လမ်းတစ်လျှောက်လုံး ဘာလို့ ဘယ်သူနဲ့မှ မတွေ့ခဲ့ရတာလဲ..?

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now