၁၆

4.6K 965 77
                                    

အပိုင်း ၁၆  သိပ္ပံအကယ်ဒမီမှ ဖိတ်ကြားချက်

လီခိုင်သည် တင်ပြစရာ၇ှိသမျှကို တင်ပြပြီးသည့်တိုင် ဟော်ယွင်ချန်း၏ ရုံးခန်းထဲမှ ထွက်မသွားသေးပေ။  ဟော်ယွင်ချန်း သူ့ကို မျက်လုံးတွေ မှေးကျဉ်းကာ ကြည့်လိုက်သည်။

“ဒါက… ဆရာ မဲပေါက်တဲ့အတွက် ဂုဏ်ယူပါတယ်”

သူက မျှော်လင့်ချက်အပြည့်ဖြင့် ပြောသည်။
“ ဆရာ့ရဲ့ စားစရာ ပါဆယ်ထုပ်ကို လာပေးတော့မှာဆိုတော့ ဆရာ ကျွန်တော့်ကို နည်းနည်းများ မကျွေးချင်ဘူးလား”

ဟော်ယွင်ချန်းသည် သူ၏ လက်အောက်ငယ်သားကို ကြည့်ကာ ရက်စက်စွာ ငြင်းလိုက်သည်
“ ငါ့အမေက ငါမဲပေါက်မှန်းသိတော့ အိမ်ပြန်ယူလာဖို့ ပြောလိုက်တယ်”

“ အာ…”
တခဏလောက် ကြာသည်အထိ လီခိုင်မှာ အခြေအနေကို နားမလည်သေးပေ။သူ ချက်ချင်း အမူအယာ ပြန်ထိန်းကာ အလေးအနက် အလေးပြုရင်း ပြောသည်။

“ ကျွန်တော်နားလည်ပါပြီ မာရှယ်၊ ကျွန်တော်သွားပါတော့မယ်”

“ အင်း”

အလုပ်တွေ ပြီးသွားသည့်အခါ ဟော်ယွင်ချန်းလည်း ၇ုံးဆင်းသည်။  သူ ဂိတ်ပေါက်သို့ ရောက်သည့်အခါ မျှော်လင့်ထားသည့်အတိုင်း  လုံခြုံရေး အရာ၇ှိမှ ပါဆယ်ထုပ် လာပေးသည်။

“ မာ၇ှယ် မာရှယ်ရဲ့ မုန့်ပါဆယ် ရောက်နေပါတယ်”

“ ကျေးဇူးတင်ပါတယ်”
ဟော်ယွင်ချန်းက စားစရာဟု ရေးထားသော ပါဆယ်ဘူးကို ယူလိုက်ပြီး ကားပျံထဲ၀င်လိုက်သည်။နည်းပညာမြင့် ကားပျံက မြန်ဆန်လှသဖြင့် ဆယ်မိနစ်ကျော်ခန့် ကြာပြီးနောက် ဟော်စံအိမ်သို့ ရောက်သွားသည်။

တံခါးဖွင့်ပြီးသည်နှင့် ထမင်း၏ မွှေးရနံ့ကို ရလိုက်သည်။  အနံ့တွေက ယခင်ကထက် သင်းနေသည်။ သူ့မိခင်၏ ဟင်းချက်လက်ရာက များစွာ တိုးတက်လာပုံရသည်။

“ အားချန်း သားပြန်လာပြီလား။  သားရဲ့ စွပ်ပြုတ်ကို လာပို့သွားပြီလား”
ရန်ကျင်းက အသံကြားဟန်ဖြင့်မီးဖိုခန်းထဲမှ ထွက်လာသည်။ သူမ၏ သားငယ်ကို ကြည့်သောမ ျက်၀န်းတို့က အလွန် တောက်ပနေ၏။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now