Part-27

327 67 5
                                    

Unicode

ချင်းအာရဲ့သိတတ်လွန်းနေမှုနဲ့ လောင်မားရဲ့ဧည့်ဝတ်ကျေလွန်းမှုတွေကြောင့် ကုန်းကျွင့်ရဲ့မျက်နှာကြောတွေဟာ နားရသည်ကိုမရှိ။ တစ်ချိန်လုံးပြုံးဖြီးနေသည့်ကုန်းကျွင့်ရဲ့မျက်နှာကိုကြည့်ရင်း ကျန်းကျယ်ဟန့်သည်ပင် ပါးရိုးတွေညောင်းလာရသည်။

"ရော့ ဟန့်ဟန့် ဒီဟာစားကောင်းတယ်...
ဆီနည်းနည်းလေးပဲသုံးထားတာ ကျွန်တော့်အကြိုက်ပဲ"

ပန်းကန်ထဲရောက်လာတဲ့ဟင်းဖတ်ကိုတစ်လှည့် ၊ ကုန်းကျွင့်ကိုတစ်လှည့် ၊ ပြုံးစိစိနဲ့စောင့်ကြည့်နေတဲ့ လောင်မားကိုတစ်လှည့် ကြည့်ရင်းဖြင့် ကျယ်ဟန့်တစ်ယောက် စားချင်သောက်ချင်စိတ်တွေ ပျောက်ကုန်ရ၏။

"ထည့်စားနော် ကလေး...အများကြီးစား အားမနာနဲ့....အေးဆေးမှပြန်ပေါ့ကွယ်...အိမ်ကလဲ အရမ်းအဝေးကြီးမှမဟုတ်တာပဲကို...ရှောင်ကျယ် လိုက်ပို့
ပေးလိမ့်မယ်"

"......"

"ဟုတ်ကဲ့ပါ လောင်မား"

သို့နှင့် ထမင်းစားပြီးပြီးချင်းမှာတင် ကျန်းကျယ်ဟန့်ခမျာ အိမ်အပြင် အထုတ်ခံလိုက်ရတော့သည်။ ကားပါလာတဲ့ဧည့်သည်ကို ဘာတွေဘယ်လိုအတင်းလိုက်ပို့ခိုင်းသည်မသိ။

ဖြစ်ချင်တော့ ကုန်းကျွင့်က ကားကို ခပ်ဝေးဝေးက ခြံအလွတ်တစ်ခုရှေ့ ရပ်ထားခဲ့သည်မို့ ကျယ်ဟန့်တစ်ယောက်လဲ ရွေးချယ်စရာမရှိတော့ဘဲ ထိုနေရာအထိ အတူလမ်းလျှောက်ပေးရတော့၏။

.

၇နာရီခွဲဝန်းကျင်မို့ ကောင်းကင်မှာက ကြယ်တွေစုံသင့်သလောက်စုံနေပြီ။ သို့ပေမဲ့ လမင်းကြီးကတော့ အပုန်းကောင်းနေတုန်းပင်။ သစ်ပင်ကြီးငယ်တွေပေါများလှတဲ့ဒေသလေးမို့ တိုက်ခတ်နေတဲ့ လေတဖြူးဖြူးကလဲ လတ်ဆတ်မှုတို့​အပြည့်။ လေအဝှေ့မှာထွက်ပေါ်လာတဲ့ သစ်ရွက်အချင်းချင်းထိခတ်သံနဲ့ ပုဇဥ်းရင်ကွဲကဲ့သို့ ညဥ့်ပိုးကောင်တို့ရဲ့အော်သံတို့အပြင် ခပ်ဝေးဝေးနေရာဆီမှ သဲ့သဲ့မျှထွက်ပေါ်နေသည့် လူသူအသံပေါင်းစုံတို့က မွေးရပ်မြေရဲ့ညခင်းအလှကို ပို၍သဘာဝဆန်စေပြန်၏။

302 (Completed)Where stories live. Discover now