Chapter - 62

6.7K 1.3K 47
                                    

တနင်္ဂနွေနေ့နံနက်မှာ ညိုမည်းအုံ့ဆိုင်းနေတဲ့ ကောင်းကင်ကြီး။ မိုးဖွဲဖွဲကျနေပေမယ့် အချိန်မရွေး သည်းထန်လာနိုင်သည့်အနေအထား။

မနေ့ညကကောင်းကောင်းမအိပ်ခဲ့ရတာတောင် စောစောစီးစီးနိုးလာတဲ့ ကျန့်ယောင်တစ်ယောက် နိုးနိုးချင်းအိပ်ယာထက်ကိုကြည့်လိုက်တော့ တစ်ယောက်မှရှိမနေဘူး။

သူ ဝုန်းကနဲ ထရပ်လိုက်တယ်။

ဘာမှပင်မတွေးနိူင်ပဲ အ၀တ်တွေကောက်ကာ မိုးကာအင်္ကျီ၀တ်ရင်းအလောသုံးဆယ်ထွက်ခဲ့တယ်။ တံခါးကိုဖွင့်လိုက်တယ်ဆိုရင်ပဲ ရင်းချဲယ်နဲ့ ၀င်တိုးတော့တယ်။

‘‘ဘာလုပ်မလို့လဲ?”

ချက်ချင်းပဲ ကျန့်ယောင်က စိတ်သက်သာရာရသွားသလိုသက်ပြင်းချကာ :
‘‘မင်းကဒီမှာကို၊ ဘယ်တွေလျှောက်သွား‌နေတာလဲ?”

‘‘ဘယ်သွားရမှာလဲ”
ရင်းချဲယ်က အခန်းထဲ၀င်လာပြီး ၀ယ်လာတဲ့မနက်စာကိုစားပွဲပေါ်တင်သည်။
‘‘ဒီမှာ၊ မနေ့က မင်းရဲ့ဂရုစိုက်မှုကို ပြန်ဆပ်ပေးချင်လို့”

ထိုသည်မှာ မနေ့ကဆန်ပြုတ်ဆိုင်ကပင်ဖြစ်သည်။ သူကတော့ ၀က်သားစဉ်းကောနဲ့ဖီတန်ဆန်ပြုတ်ရယ်၊ ခုမှမီးဖိုထဲကထုတ်တဲ့ ပူပူနွေးနွေး အသားပေါက်စီရယ်၀ယ်လာခဲ့တယ်။

မျက်နှာသစ်သန့်စင်ပြီးတဲ့နောက် ကျန့်ယောင်က သူနဲ့အတူစားဖို့၀င်ထိုင်တယ်။
‘‘'ပြန်ဆပ်ချင်တယ်'ဆိုတဲ့စကားကဘာလဲ? မင်းကောင်လေးအနေနဲ့ မင်းကိုဂရုစိုက်ပေးတယ်ဆိုတာ ဖြစ်သင့်တာပဲလေ” 

ရင်းချဲယ်က လက်တစ်ဖက်ပေါ်မေးထောက်ထားရင်းမှ သူ့ကို မျက်၀န်းတွေကျဉ်းကြည့်ကာ :
‘‘ငါတစ်ယောက်တည်းတင်မဟုတ်ဘဲ တခြားလူတွေကိုပါ လိုက်ဂရုစိုက်ပေးနေတာလေ ဟုတ်တယ်မလား?”

ကျန့်ယောင်က ထိတ်လန့်သွားဟန် :
‘‘ဘာကို ပြောချင်တာလဲ?”

ရင်းချဲယ် မနေ့ညကပို့စ်ကိုနှိပ်လိုက်ပြီး ပုံထိရောက်အောင်ဆွဲချကာ ရှေ့ကလူဆီ ဖုန်းကိုတည့်တည့်ချပေးလိုက်သည်။
‘‘ရှင်းပါဦး”

တစ်ချက်ငုံ့ကြည့်ပြီးနောက် ကျန့်ယောင်က အလန့်တကြားနဲ့ :
‘‘F*ck! ..ငါရှင်းပြတာ‌နားထောင်နော်!”

Pay Attention To Me [Myanmar Translation]Where stories live. Discover now