Chapter - 6 (U+Z)

13.4K 2.2K 52
                                    

//UNICODE//

အခန်း ၆ - အဆက်အသွယ်ဖြတ်တောက်ခြင်း

စုလင်း သတင်းရဲ့အကြောင်းအရာကို ဖတ်ကြည့်လိုက်သည်။

"ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်များအရ မြို့​တော်အာမခံကုမ္ပဏီတွင် အပ်နှံထားသော ထိပ်တန်းAအဆင့် စိတ်ဝိညာဥ်ပင်၃သည်ယနေ့တွင် ထုတ်ယူသွားပြီ ဖြစ်​ကြောင်း သိရသည်။ ကျွန်ုပ်တို့ဘက်မှ ထပ်မံ စုံစမ်းခဲ့ရာ လျှို့ဝှက်ဆန်းကြယ်ပြီး စွဲမက်ဖွယ်ကောင်းသောရနံ့ကို ယနေ့ အာမခံကုမ္ပဏီအနီးအနား၌ အနံ့ခံနိုင်ခဲ့သည်ဟု အတည်ပြုနိုင်ခဲ့သည်။

စိတ်ဝိညာဥ်အပင်များ၏ပိုင်ရှင် ဘယ်သူလဲဆိုသည့် အ​ပေါ်မှာ ကွဲပြားတဲ့ ထင်မြင်ယူဆချက်များ ရှိ​နေပါသည်။ ယခုအချိန်အထိ တိကျတဲ့​ကောက်ချက် မချနိုင်​သေးပါ​ချေ။ သို့​သော် အပင်များကို ထုတ်ယူသွားပြီ ဖြစ်သည့်အတွက် သိပ်မကြာခင် လူမြင်ကွင်းမှာ မြင်ရလာမည်လို့ ​မျှော်လင့်ရပါသည်။

နာမည်ကျော် မိသားစု အတော်များများက အပင်များကို မြင့်မားတဲ့စျေးနှုန်းနဲ့ ၀ယ်ယူဖို့ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပြီး နောက်ဆုံးရလဒ်က ဘာဖြစ်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရဦးမည် ဖြစ်ပါသည်။

"ထိပ်တန်း အဆင့်Aစိတ်ဝိညာဥ်ပင်​တွေက အရမ်းအဖိုးတန်လို့လား"

စုလင်း ကူကယ်ရာမဲ့စွာ ​​မေးလိုက်သည်။

"အဖိုးတန်တာ​ပေါ့" နာလူးချက်ချင်းဆိုသလို ပြန်​ဖြေလာသည်။

"သူတို့က တကယ့်ကို သက်​ရောက်မှု မြင့်မားတဲ့ ရတနာ​တွေပဲ။ Alpha​တွေနဲ့Omega​တွေအတွက် ထိပ်တန်းအဆင့် pheromone မူမမှန်​ရောဂါတွေက ဒီထိပ်တန်းAအဆင့် စိတ်ဝိညာဥ်ပင်ရဲ့ ကုန်ကြမ်းကို သုံးရတယ်။ အဲ့ဒီ မူမမှန်တဲ့​ ရောဂါအတွက်တင် မကဘူး။ ​ဒီထိပ်တန်း Aအဆင့် စိတ်ဝိညာဥ်ပင်​တွေရဲ့ကုန်ကြမ်းနဲ့ လုပ်ထားတဲ့ ဆေးဝါး​တွေ၊အ​မွှေးအကြိုင်ပစ္စည်း​တွေ အကုန်လုံးက အကျိုးသက်​ရောက်မှု အ​ရမ်း​ကောင်းတယ်လို့ ​ပြောကြတယ်။"

စုလင်း ဖန်သားပြင်မှ အကြည့်လွှဲလိုက်ပြီး

"ဒီလိုဆိုရင် သူတို့ရဲ့ ကုန်ကြမ်း စျေးနှုန်းက အရမ်းကို မြင့်​နေရမယ်။ အဲ့ဒီ​တော့ ကျွန်​တော်တို့ဆီမှာရှိတဲ့ ဝတ်ရည်နဲ့ ပင်စည်ကို ဘယ်လို လုပ်ကြမလဲ?။ ဒီအတိုင်းပဲ ​ရောင်းမလား?"

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now