Chapter (62)

21.1K 3K 134
                                    

ကလေးငယ်လေး အိပ်ပျော်သွားချိန်မှာ အိမ်အကူတစ်ယောက်က လော်ရှို့ညီငယ်သုံးယောက်ရဲ့ဇနီးတွေက တွေ့ခွင့်တောင်းနေကြောင်းသတင်းလာပို့ခဲ့တယ်။

"ကျွန်တော်အိပ်နေပြီလို့ ပြောပြီး သူတို့ကိုပြန်လွှတ်လိုက်တော့"

သူတို့ကိုတွေ့ခွင့်မပေးလိုက်ပေမယ့်သူတို့တွေဘာပြောချင်တယ်ဆိုတာ မုန့်ရန်ကြိုသိနေတယ်။အခုဆို မုန့်ရန်မှာလဲ ကလေးရှိနေတဲ့အတွက် သူတို့သားသမီးတွေကိုများစာနာလေမလားဆိုပြီး အသနားခံချင်နေကြတာပါ။ခြိုးခြံချွေတာနေရတဲ့ဘဝကနေ စိတ်ကြိုက်သုံးဖြန်းနိုင်တဲ့ဘဝကိုအလွယ်တကူကျင့်သားရသွားပေမယ့် တစ်ဖန်ပြန်ပြီး ခြိုးခြုံချွေတာဖို့အရေးကို လူတိုင်းတွန့်ဆုတ်နေကြတာ သဘာဝပါပဲ။သူတို့တွေကသာမာန်လူတွေထက်ပိုကောင်းတဲ့ဘဝမှာ နေနိုင်ရင်တောင် သူတို့ရဲ့အရင်တုန်းက လက်ဖွာခဲ့တဲ့ အကျင့်ဟောင်းတွေကို မပြောင်းပစ်နိုင်ကြသေးပါဘူး။ဒါ့အပြင် လော်ရှို့က မူလလက်ငုတ်လက်ရင်း အိမ်ခြံမြေလုပ်ငန်းကနေပါ နှုတ်ထွက်ဖို့စီစဉ်နေပါပြီ။ဒါဆိုသူတို့တွေဘယ်လိုနေထိုင်စားသောက်ကြရမလဲ???တွေးတောင်မတွေးရဲလောက်တဲ့အထိ ကြောက်ရွံ့ထိတ်လန့်နေကြပြီလေ...

မုန့်ရန်က ကလေးငယ်လေးကို အတွင်းဘက်မှာ သိပ်ထားလိုက်ပြီး သူကိုယ်တိုင်က ကုတင်အလယ်မှာ အိပ်စက်ရင်းလော်ရှို့ကိုစောင့်ဆိုင်းနေခဲ့တယ်။

လော်ရှို့ ပြန်ရောက်လာတာနဲ့ ကုတင်ပေါ်တက်ပြီး မုန့်ရန်ကို ပွေ့ဖက်နမ်းရှိုက်လိုက်တယ်။

နှစ်ယောက်သားခဏကြာတဲ့အထိ နမ်းပြီးချိန်မှာ မုန့်ရန်က လော်ရှို့ရဲ့မျက်နှာကိုတွန်းထုတ်လိုက်ပြီး...

"အခုရောက်နေတာ ဘိုးဘေးစံအိမ်နော်..ဒီညတော့မလုပ်နဲ့တော့.."

"ဘိုးဘေးစံအိမ်ဖြစ်တော့ ဘာဖြစ်လို့လဲ??"

လော်ရှို့က နဝေတိမ်တောင်နဲ့ ပြန်မေးလိုက်တယ်။

"ကျွန်တော်တို့က ဘိုးဘေးတွေကိုကန်တော့ဖို့ပြန်လာတာလေ..ခေါတ်အဆက်ဆက်ကဘိုးဘေးတွေကန်တော့ခံဖို့ ရောက်လာရင်အသံတွေကြားကုန်မှာပေါ့.."

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now