🍂35🍂

47.1K 3.6K 1.7K
                                    

ဘယ်သူမှန်တယ် ဘယ်သူကမှားတယ်ဆိုတာထက်....
ဒီဇာတ်အိမ်မှာ...
ချစ်ခြင်းတရား တစ်ခုအပေါ် တာဝန်ကြေစွာ
သစ္စာရှိရှိ ခိုင်မြဲပေးနိုင်တဲ့ နှလုံးသားတွေဟာ....
ကိုယ်စီ ကိုယ်စီ အပြစ်မရှိခဲ့ကြပါဘူး.....။

....................................။

"ငါမင်းကို အပိုင်သိမ်းလာတာ...လက်ထပ်ဖို့
ငါခေါ်လာခဲ့တာ ယောင်း...မင်းဘာမှငြင်းဆိုပိုင်
ခွင့်မရှိဘူး..."

"ကျွန်တော်ဒီလောက်ကြီးအထပ်ထပ်အခါခါ
ငြင်းခဲ့တာတောင် ......"

အဲ့ဒီနေ့ညက လကထိန်ထိန်သာနေခဲ့တယ်...။
ချစ်မြတ်နိုးလို့ Jeonငယ်ခိုးယူခဲ့သော
ကချေသည်လေးဟာ မေ့ဆေးအရှိန်ပြင်းလွန်းတာ
ကြောင့်ရက်ပိုင်းလောက်အထိမေ့မျောနေကာ
သတိရရချင်းတွင် သခင်လေးJeonကို
မျက်ထောင့်နီနီတွေဖြင့်စကြိုဆိုတော့သည်။

"ငြင်းစမ်း....ကြိုက်သလောက်ငြင်း
ငါခု ခေါ်လာပေါင်းသင်းမယ်ဆိုတော့ရော
မင်းဘာတတ်နိုင်မှာလဲ.....!!!!"

"ကျွန်တော် သခင်လေးကို လူကောင်းတစ်ယောက်
လို့ထင်ခဲ့တာ....တကယ်တမ်းကျ
လူယုတ်မာ..."

JEonကအော်ရီသည်....။နက်မှောင်ရှည်လျှား
သောဆံပင်တွေကိုယောင်းက ဆံထိုးလေးတစ်ခု
နဲ့ထိန်းထားကာဖရိုဖရဲ....။အပြာနုရောင်ဝတ်စုံ
လေးနဲ့ မျက်အိမ်တွေနီရဲကာ ဒေါသတွေငြောင်းနေတာ
တောင်အဲ့ဒီညက လရောင်အောက်သိပ်လှခဲ့ပါသည်။

ရီနေရင်းကျလာလေသောမျက်ရည်တွေကို
သုတ်ကာ ယောင်းကို Jeonက စိုက်ကြည့်တော့
ချက်ချင်းမျက်နှာလွှဲသွားတဲ့သူ...။

"ချစ်မိတာကို ယုတ်မာမှုလို့ မင်းခေါင်းစဉ်တပ်
ချင်လည်းရပါတယ် ...."

"ချစ်တိုင်း လုပ်ချင်တာ လုပ်လို့မှမဖြစ်တာ....
ကျွန်တော် Jeonကို လုံးဝမချစ်ဘူးလေ..."

"ယောင်း......"

ပိုးပိုးပေါက်ပေါက်ကျလာခဲ့သော မျက်ရည်တွေကို
မထိန်းနိုင်။ မြင်တာနဲ့ခုတ်မဲ့ ဘူရင့်ဓားအောက်က
ခက်ခဲစွာ ခေါ်ထုတ်လာနိုင်ခဲ့သည့်တိုင်
JEonငယ်ဟာ လုံးဝအချစ်မှာမအောင်မြင်ခဲ့....။

မောင်Where stories live. Discover now