အပိုင်း ၈၄ (အစားကြီးသူ)

3.3K 482 1
                                    

[Zawgyi]
အပိုင်း ၈၄ (အစားကြီးသူ)

အဲ့ဒီအချိန် ရှောင်ချောင်းရဲ့ ခြင်းတောင်းထဲမှာ အသားနှပ်ဟင်းထုပ် အနည်းငယ်သာ ကျန်တော့တယ်။ စောစောကလည်း သူမအလုပ်ကြပ်စွမ်အတွက် တစ်ထုပ်ချန်ထားပေးမယ်ဆိုပြီးလည်း ကတိပေးထားသေးတယ်။ အဲ့ဒါကြောင့် ရှောင်ချောင်းဆီမှာ အခု ဝက်နားရွက် တစ်ထုပ်ရယ်၊ ဝက်နှုတ်သီးတစ်ထုပ်ရယ်၊ ဝက်အူနှစ်ထုပ်ရယ်သာ ကျန်တော့တာဖြစ်တယ်။

" ဟုတ် ! ဒင်္ဂါးလေးပြား ကျပါတယ် "
ရှောင်ချောင်းက မြန်မြန်ဆန်ဆန်နဲ့ အသားနှပ်တွေကို ဆီစက္ကူနဲ့ ထုပ်ပေးလိုက်တယ်။ ရှီထုန်လေးကတော့ ပိုက်ဆံလှမ်းယူဖို့ သူ့လက်တွေကို ဆန့်တန်းလိုက်လေတယ် ။

ကုန်သည်ကျင်းက ခဏလောက် ကြောင်အနေမိတယ်။ ဒင်္ဂါးလေးပြား? မြင့်မြတ်တဲ့ ပညာရှိယွမ်ကို လေးပြားပဲတန်တဲ့ အစားအသောက်စားဖို့ သူဖိတ်ခဲ့မိတာလား? အဲ့ဒါက နည်းနည်း ရှက်စရာကောင်းမနေဘူးလား? ဒါ ပညာရှိယွမ်ကို မလေးမခန့်လုပ်မိတာပဲ ! အခု သူ ဘယ်လိုလုပ်ရပါ့ ?! ပညာရှင်ယွမ်ကလည်း သူ့ကို ဟိုမှာစောင့်နေပြီ ။ အာ, သူဘာလိုများ လက်တိုလက်တောင်းခိုင်းရတဲ့ လူတစ်ယောက်လိုမျိုး ပြေးထွက်လာမိခဲ့ပါလိမ့်နော် !

"တဆိတ်လောက်ပါ... အသားနှပ်ဟင်းထုပ်တွေကို ယူဦးမှာလားရှင့် ?"
ပိုက်ဆံထုတ်ခါနီး တစ်ယောက်ယောက်က အကြောသေအောင် လုပ်လိုက်သလိုမျိုး ကျောက်ရုပ်ကြီးလို တောင့်တောင့်ကြီးဖြစ်သွားတဲ့ ထိုလူကြီးကို ရှောင်ချောင်း သတိထားမိလိုက်တယ်။ သူမက စိတ်ရှုပ်ထွေးသွားတာကြောင့် ချက်ချင်းပဲ မေးလိုက်တော့တယ် ။

ရှီထုန်လေးကတော့ ကျွန်တော်အားလုံးသိပါတယ် ဆိုတဲ့ အမူအရာနဲ့ ရှောင်ချောင်းကို ကြည့်လိုက်ပြီး စာနာစွာနဲ့ ပြောလာတော့တယ်။
အစ်မ ဒီဦးလေးဝတုတ်ကို ကြည့်ရတာ ပိုက်ဆံ အခိုးခံလိုက်ရတဲ့ ပုံနဲ့မတူဘူးလား? သင်္ဘောကျင်းတွေနားမှာ ခါးပိုက်နှိုက်ပေါတယ်လို့ ကျွန်တော်ကြားဖူးတယ်... ဒုတိယအစ်မ ဒီဦးလေးပုံ ကြည့်ရတာ တော်တော်ဝမ်းနည်းနေပုံပဲ... ကျွန်တော်တို့ သူ့ကို အသားနှပ်တစ်ထုပ်လောက် အလကား ကျွေးလိုက်ရင်ရော? "

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now