Part 7*

51.5K 4.4K 54
                                    

နေမကောင်းတဲ့သူကြောင့် အလုပ်မသွားဖြစ်ပဲ အိမ်မှာသာ နေဖြစ်သွားသည်။ အဖျားရှိန်ကြောင့် အိပ်ရာထဲလှဲနေသူက ကန့်လန့်လုပ်နေတာတွေတော့မပျောက်သွား။

" မသောက်ဘူးလို့ပြောနေတယ်နော် သီဟမင်းထင် "

" ခင်ဗျား ကလေးလည်းမဟုတ်ပဲ ဘယ်လိုဖြစ်နေတာလဲ ဆန်ပြုတ်မသောက်ရင် ဆေးဘယ်လိုသောက်မလဲ"

" ဆန်ပြုတ်လည်းမသောက်ဘူး ဆေးလည်းမသောက်ဘူး "

" ဘာလို့မသောက်ချင်တာလဲ "

" မင်းတိုက်တာမို့လို့မသောက်ချင်တာ! "

" ကျွန်တော်တိုက်တိုက်မတိုက်တိုက် ဒီဆေး ဒီဆန်ပြုတ်ပဲ ခင်ဗျားသောက်ရမှာ "

" .............. "

" ကျစ်! ခင်ဗျားသဘောပဲ ခင်ဗျားလုပ်ချင်ရာလုပ်တော့! "

သီဟ အခန်းထဲကနေ ထွက်လာခဲ့သည်။ မဟုတ်ပါက တစ်ပွဲတစ်လမ်းနွှဲရတော့မည်မဟုတ်လား။

" Boss အိမ်က ဖုန်းဆက်နေပါတယ် "

ရှိုင်းသန့်ကမ်းပေးလာတဲ့ဖုန်းကိုယူလိုက်သည်။

" သီဟ ခဏနေရင် ဒယ်ဒီ့ Company ကို လာခဲ့ပါဉီး "

" ကိစရှိလို့လား ဒယ်ဒီ "

" အေး ဒီဘက်က သားတို့နဲ့ ချိန်းပြီးလုပ်ချင်တာရှိတယ်ဆိုလို့ "

" ကျွန်တော် မလာလို့မရဘူးလား ဒယ်ဒီ "

" ခဏပါပဲကွာ "

" ကောင်းပြီလေ ကျွန်တော်ခဏနေရင်ထွက်လာခဲ့မယ် "

" Okay "

အိမ်မှာနေပြီးစိတ်ရှုပ်နေရမယ့်အတူတူ Company ခဏသွားဖို့သာ ဆုံးဖြတ်လိုက်သည်။ မျက်နှာမြင်နေရ၍ မစားချင်ဘူးဆိုတော့ စကားတွေက ပြောလာဉီးမည်ဆိုတာ သီဟ ခန့်မှန်းစရာပင်မလိုတော့။

..............

At ဉီးလင်းထင် Company,

အခန်းတွင်း သီဟရောက်လာတော့ သီဟရဲ့ဖခင်ဖြစ်သူ ဉီးလင်းထင်က အပြုံးနဲ့ကြိုသည်။ ဘေးကိုကြည့်တော့ ဧည့်သည်နှစ်ယောက်ရှိနေသည်။

" သား လာထိုင် "

ဖခင်ဖြစ်သူရဲ့စကားကို အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းကိုညိတ်ပြလိုက်ကာ ဝင်ထိုင်လိုက်သည်။

မောင့်မူပိုင် (Completed) Where stories live. Discover now