Chapter - 21 (Part 2)

3.2K 419 21
                                    

Unicode

အ​ကောက်ခွန်အရာရှိက အမူအယာမဲ့စွာနဲ့ "ကျေးဇူးပြု၍ ကျွန်​တော်တို့ အဲ့တာကို စစ်​ဆေးပါရ​စေ" လို့ သူ့ကို သတိ​ပေးလာတဲ့အချိန်မှာ သူက ဟိုအမျိုးသမီးကို ရှာဖို့လုပ်လိုက်တယ်။

ခရီး​ဆောင်အိတ်​ပေါ်ကသော့ကို သူတို့ဖွင့်​နေကြတာကို​စောင့်ကြည့်ရင်း အူးယမ်က ​ဘေးမှာရပ်​နေခဲ့တယ်။ ​လေထုက တစ်ခဏ​လောက် အတန်ငယ်သိမ်​​မွေ့​နေတယ်။ ကံ​ကောင်းစွာနဲ့ ခရီး​ဆောင်အိတ်ကို ဖွင့်လိုက်တဲ့အချိန်မှာ သာမန်အဝတ်အစား​တွေသာ ရှိ​နေခဲ့တယ်။

နှံ့နှံ့စပ်စပ်ရှာ​ဖွေ​နေကြတဲ့သူတို့ကို ကြည့်ရတာက နိမိတ်အချို့ကို ခံစားရ​စေတယ်။

အဝတ်အစားအိတ်​တွေထဲမှာ စက္ကူအိတ်နှစ်ထုပ်ကို ​တွေ့လိုက်ရတယ်။ အူးယမ်က လန့်ဖြန့်သွား​ပေမယ့် အဲ့တာကိုဖွင့်လိုက်တဲ့အခါ ဂျင်ဆင်း​တွေဖြစ်​နေခဲ့တယ်။ ​နောက်ဆုံး​တော့ အူးယမ်က သက်​တောင့်သက်သာ အသက်ရှူထုတ်လိုက်တယ်။ ဒါ​ပေမယ့် တစ်ဖက်လူ​တွေက သူ့ကို ချက်ချင်း သွားခွင့်မပြုကြဘူး။

"အထဲမှာ တစ်ထပ်ရှိတယ်"

အူးယမ်ရဲ့ဦး​နှောက်က ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားတယ်။ သူက ချက်ချင်းနားလည်သွားပြီး ကြည့်ဖို့ သူ့​ခေါင်းကို မြန်မြန်လှည့်လိုက်တယ်။ ဒါ​ပေမယ့် မျက်စိတစ်မှိတ်အတွင်းမှာပဲ အမျိုးသမီးက ​ပျောက်ကွယ်သွားခဲ့ပြီဖြစ်တယ်။

ခရီး​ဆောင်အိတ်ရဲ့​အောက်​ခြေကို ဖွင့်လိုက်တဲ့အခါ တင်းကျပ်စွာထုတ်ပိုးထားတဲ့အိတ်​လေး​တွေကို ကြီးကျယ်ခမ်းနားစွာ ထုတ်​ဖော်ပြ​နေတဲ့, ဝှက်ထား​သောအထပ်တစ်ခုက တကယ်ကိုရှိ​နေခဲ့တယ်။

အဲ့တာကို လက်ထဲကိုင်ကာ ညှစ်ကြည့်​ပြီး​နောက် ဂရုတစိုက်ဖွင့်လိုက်တာကို မြင်ရတဲ့အခါမှာ​တော့ အူးယမ်ရဲ့​ကျောက ​အေးစက်သွားခဲ့တယ်။ အိတ်​တွေထဲမှာ အဖြူ​​ရောင်သလင်း​ကျောက်​လေး​တွေရှိ​နေတယ်။ မူးယစ်​ဆေးဝါးအစစ်​တွေက ဘာနဲ့တူတယ်ဆိုတာကို သူ မမြင်ဖူး​ပေမယ့်လည်း ဒီတစ်ခါမှာတော့ အဲ့တာကို နားလည်​အောင် ​ပြောပြစရာမလိုဘူးဖြစ်တယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now