[ 20 ]

34K 2.7K 38
                                    

[ သူကြီးသမက် ]

ရိုးတို့အိမ်ပြန်ရောက်တော့ မင်္ဂလာမဏ္ဍပ်ထဲမှာ လူပျိုတွေအပျိုအဖွဲ့တွေရောက်လာကြပြီးဖြစ်၏ အချိန်ကမနက်ခုနှစ်နာရီရှိနေပြီစားပွဲပြင်သူကပြင် အပျိုတွေကလက်ဖွဲ့တိုက်နဲ့စာရင်းမှတ်ရန်စာအုပ်ပြင်သူကပြင်သူ့နေရာကိုယ့်နေရာတာဝန်ယူမှုအပြည့်လှုပ်ရှားနေကြသည်။

" ဟေ့ သတိုးသားတို့ ဧည့်သည်တွေမများခင်ဓာတ်ပုံအရင်ရိုက်ထားကြဦး "

မြို့ကငှားထားတဲ့ဓက်ပုံဆရာကရိုးနဲ့အရိပ်ကိုမင်္ဂလာအမှတ်တရဓာတ်ပုံရိုက်ရင်းမိသားစု ဓာတ်ပုံသူငယ်ချင်းများနဲ့အတူများစွာသောဓာက်ပုံတွေရိုက်ပြီးချိန်မှာတော့ ရွာထဲကဧည့်သည်တွေက မင်္ဂလာဆောင်ကိုတစ်ဖွဲ့ပြီးတစ်ဖွဲ့ရောက်လာကြတော့ ရိုးနဲ့အရိပ်လည်းဓာတ်ပုံဆက်မရိုက်အားတော့ ဧည့်သည်တွေကိုဧည့်ခံရတော့သည်။

" အစ်မသန်းဌေး စားနော် "

" အရိပ်လေး ငါ့တို့နဲ့ဓာတ်ပုံရိုက်ပေးဦး အမှတ်တရသိမ်းထားချင်လို့ "

" ဟုတ်ခဏလေး ရိုးကိုပါခေါ်လိုက်ဦးမယ် "

အရိပ် အစ်မသန်းဌေးတို့ဝိုင်းကိုဧည့်ခံနေရင်းဓာတ်ပုံအတူတွဲရိုက်ချင်တယ်ဆိုလို့ ရိုးကိုရှာလိုက်တော့ အောင်သက်တို့လူပျိုအဖွဲ့နားမှာစကားရပ်ပြောနေသည်။

" ရိုး "

အရိပ်လှမ်းခေါ်ပေမဲ့ မင်္ဂလာတေးသီချင်းသံတွေနဲ့ ပွဲထဲရှိလူများစွာရဲ့အသံတွေကြောင့် ရိုးမကြားဘူးထင်၏ အရိပ်ရိုးတို့အနားလျှောက်လာခဲ့လိုက်ကာ။

" ရိုးလို့ ခေါ်မကြား အော်မကြားနဲ့ !"

ဘေးနားရောက်လာတဲ့ အရိပ်ရဲ့စူအောင့်အောင့်အပြောလေးကြောင့် ရိုးပြုံးလိုက်၍ အရိပ်ရင်ဘက်အိတ်ကပ်လေးမှာထိုးထားတဲ့သပြေညွန့်ခက်လေးစောင်းနေတာကိုသေချာပြန်ပြင်ပေးလိုက်ရင်းက အရိပ်မျက်နှာလေးကိုကြည့်ကာမေးလိုက်သည်။

" ကိုယ့်မကြားလိုက်လို့ပါ အရိပ်ကလေးလေးရဲ့ ပြော ဘာလိုလို့လဲ "

ရိုးရဲ့နူးနူးညံ့ညံ့အပြောလေးကြောင့် အရိပ်ပြုံးလိုက်၍။

( သူကြီးသမက် )  CompletedWhere stories live. Discover now