Chapter - 7 (U+Z)

13.1K 2K 122
                                    

//UNICODE//

အခန်း ၇ - Boss

စုလင်း မဆိုင်းမတွဘဲ သဘောတူလိုက်​တဲ့အတွက် ကုလီဟန်က သူကို ​​ကျေးဇူးတင်​​ကြောင်း​ပြောလာသည်။ ပြီး​တော့ ကုလီဟန်က ဒယ်ရီကို ဒီ​နေ့ တစ်​နေ့တာအတွက် ပန်းဝတ်ရည်နဲ့ ပင်စည်ကို စုလင်း ​ပေး​ပေးဖို့ ​ပြောလိုက်သည်။ သူတို့သုံး​ယောက် ဧည့်ခန်းထဲ ပြန်​ရောက်လာချိန်တွင် ဒယ်ရီက ​ပြောလာသည်။

"ကျွန်​တော် ​အရင်သွားနှင့်မယ်။ ဆေးရုံကို သွားရဦးမှာမလို့"

ကုလီဟန်က ​ခေါင်းငြိမ့်လိုက်သည်။ အစက​တော့ စုလင်း ဒယ်ရီကို စိတ်ဝိညာဥ်ပင်​တွေရဲ့ပိုင်ရှင်နဲ့ ပတ်သတ်တဲ့ အ​ကြောင်း​တွေ မေးချင်ခဲ့​ပေမယ့် ဒယ်ရီရဲ့ အလုပ်ရှုပ်​နေပုံရတဲ့အတွက် မ​မေးလိုက်​တော့​ချေ။

ကုလီဟန်က စုလင်းကို ကြည့်လာပြီး

"ကိုယ် အခု ကုမ္ပဏီကို သွားရမှာ။ မင်း​နေခဲ့ပြီး စိတ်ဝိညာဥ်ပင်​တွေကို ​လေ့လာချင်​သေးလား?"

စုလင်း ​ခေါင်းယမ်းလိုက်ပြီး

"ဟင့်အင်း။ ကျွန်​တော်လည်း ပြန်လိုက်​တော့မယ်​လေ"

သူ့ရဲ့pheromoneနဲ့ပတ်သတ်သည့် ကိစ္စကမ​ဖြေရှင်းရ​သေးမချင်း စိတ်ဝိညာဥ်ပင်​​တွေကို ​လေ့လာဖို့ သူ့pheromone​တွေ လုံးဝပင် သုံးလို့မရနိုင်​ချေ။

ကုလီဟန်: "ဒရိုင်ဘာကို ဂိတ်မှာ ​စောင့်ခိုင်းထားတယ်။ မင်း သွားချင်တဲ့​နေရာကို ​ပြောလိုက်​"

စုလင်း အပြုံး​လေးနဲ့​ခေါင်းငြိမ့်ပြလိုက်သည်။

"ဟုတ်ကဲ့"

ထို့​နောက် သူ အပြင်ထွက်လာလိုက်သည်။

"ခဏ"

ကုလီဟန်က လှမ်း​အော်သည်။

"ကိုယ် မင်းရဲ့Taxiခ အစား ပြန်မ​ပေးရ​သေးဘူး။"

စုလင်း ကုလီဟန်ရဲ့ ​လေး​လေးနက်နက်​ပြော​နေဟန်ကို မြင်လိုက်​တော့ သူ့အပြုံးကို ပိုနက်ရှိုင်းလာရပြီး

"ကျွန်​တော်က စတာပါ။ ကျွန်​တော့်ကို တကယ်ပြန်​ပေးစရာမလိုပါဘူး။ ဘာပဲဖြစ်ဖြစ် အများကြီးလည်း ကုန်တာမှ မဟုတ်ဘဲကို"

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now