Cha-32

7.4K 1.4K 187
                                    

[Unicode]

ယွီချင့်ဟွမ်နိုးလာ​တော့​ နောက်တ​နေ့မနက်​တောင်​ရောက်လုနေ​လေပြီ။

သူ့​ခေါင်းမှာမူးတူးမူး​နောက်ဖြစ်​လို့နေပြီး လည်​ချောင်းမှာ​​​ခြောက်ကပ်နာကျင်​နေတာ​ကြောင့် အလွန့်အလွန်မသက်မသာခံစားနေရ၏။

ခုတ​ခေါက်အ​ဖျားကအတော်​​လေးပြင်းထန်သွားမှန်းသိပြီးသည့်​နောက် ယွီချင့်ဟွမ်ဟာမျက်လုံးများဖွင့်ပြီး ယွီရှင်းထံအကျိုးအ​ကြောင်းမေးမြန်းရန်လုပ်လိုက်ရာတွင် သူ့ရှေ့တည့်တည်က အနီးကပ်မျက်နှာ​ချော​ချောကြီးကိုမြင်လိုက်ရတာ​ကြောင့်အံ့အားသင့်တုန်လှုပ်သွားရ၏။

"​ဟော်ချွီ? မင်းဒီမှာဘာလုပ်​နေတာလဲ?"

"မင်းဖျား​နေတယ်ဆိုတာကြားလို့ ကိုယ်ရောက်လာတာ"

​ဟော်ချွီဟာ အရိုးခံအတိုင်းအ​​ဖြေပေးလိုက်၏။

ယွီချင့်ဟွမ်မှ​စောင်ကိုမပြီး ထထိုင်လိုက်တာမြင်လိုက်ရရင် သူဟာချက်ချင်းပဲအိတ်ကပ်ထဲကမှတ်စုစာအုပ်​လေးကို တိတ်တဆိတ်ထုတ်ယူလိုက်ပြီး ကမန်းကတန်းဖတ်လိုက်ကာ ကပျာကယာပြန်ထိုးထည့်လိုက်၏။

နှစ်​ယောက်သားမှာအင်မတန်နီးကပ်​နေတာ​ကြောင့်သူ့လှုပ်ရှားမှုအ​သေး​လေးကအစ ယွီချင့်ဟွမ်မျက်စိအောက်က ​ဘယ်လိုမှပြေးမလွတ်​ပေ။

ယွီချင့်ဟွမ်မှာ တဖက်လူဘာ​တွေလုပ်​နေတာလဲ​ဆိုတာမေး​တော့မလို့လုပ်ဆဲဆဲ ​ဟော်ချွီမှာ​ခေါင်း​လေး​မော့လာပြီး သူ့နှုတ်ခမ်းများကို ရှက်ကိုးရှက်ကန်း စေ့ပိတ်ထားရင်းကမေးလာ၏။

"ချင့်ဟွမ် မင်း​ရေဆာ​နေလား?"

"အင်း နည်းနည်း​ပေါ့"

ယွီချင့်ဟွမ်မှာ ဟော်ချွီစကားအ​ကြောင်းအရာ​နောက်​ အမှတ်မထင်မျောပါသွား၏။

​ဟော်ချွီမှရေ​​နွေးပူပူ​လေးသွားယူရန် စိတ်လှုပ်ရှားတက်ကြွစွာပြေးထွက်သွား​တော့မှ ဟော်ချွီသူ့​မေးခွန်းကိုမ​​ဖြေသွားမှန်းသူသတိပြုမိသွား​တော့သည်။

သို့ရာတွင်ယခုအချိန်မှာ သူများများစားစားအာရုံမစိုက်နိုင်​သေး​။ဒါနှင့်နှိုင်းယှဥ်လာရင် သူ့မှာပိုအ​ရေးကြီးတဲ့​ပြသနာမေးခွန်းတခုရှိ​နေသည်..။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now