၁၇

4.5K 929 28
                                    

အပိုင်း ၁၇ ခရမ်းသီး သုံးမျိုး အပိုင်းခွဲတစ်

မနက်အစောပိုင်းတွင် ယွမ့်ထန်း ဖုန်းခေါ်ဆိုမှု နှစ်ခုကို လက်ခံရရှိလိုက်သည်။

သူ ဖုန်းပြောပြီးနောက် အိပ်ယာပေါ်မှဆင်းကာ ရေချိုးသည်။အချိန်က ၁၀ခွဲ၀န်းကျင်ဖြစ်သွားသည်။ ယခုကာလက ဂျွန်လလယ်ဖြစ်သည်။အပူချိန်ကို ထိန်းရန် အိမ်တွင် လေအေးပေးစက်၇ှိသော်လည်း နွေအပူက ဖောက်၀င်လာသေးသည်ပေ။ သူ ခပ်ပါးပါး ရှပ်ကိုသာ ၀တ်ထားပြီး လတ်ဆက်သော  အချိုပွဲလုပ်ရန် ကြံနေချိန်တွင် ဘဲလ်မြည်သံကို ကြားလိုက်ရသည်။

  သူ ဧည့်ခန်းထဲ ထွက်လိုက်သည့်အခါ ေ၇ှာင်ပိုင်က ပစ္စည်းကို လက်မှတ်ထိုးကာ လက်ခံပြီးနေလေပြီ။ လာပို့သည်က ကတ်ထူဘုံးငယ်လေးဖြစ်သည့်တိုင် အထဲတွင်ဘာရှိမှန်း မသိသော်လည်း အလေးချိန်က စီးသည်။

ပေးပို့သူကို ကြည့်လိုက်သည့်အခါ အကယ်ဒမီမှဖြစ်ကြောင်း တွေ့လိုက်သည်။ယွမ့်ထန်း ပိုပြီး သိချင်သွားသည်။
ဒီလောက်မြန်မြန်ကြီး  အသားငါး အသစ်၇ှာတွေ့တာတော့ မဟုတ်နိုင်ဘူး။

သူ ဖွင့်ကြည့်လိုက်သည့်အခါ အိုးတစ်ခုကို မြင်ရပြီး ခလုတ်နှိပ်ရုံဖြင့် အဖုံးက ပွင့်သည်။ဒါက သူ့ယခင်လောကတွင်ဆိုလျှင် အိမ်တိုင်းတွင်၇ှိသည့် ထမင်းပေါင်းအိုးဖြစ်သည်။

ရင်းနှီးကျွမ်း၀င်သော ထမင်းပေါင်းအိုးကို မြင်ရသည့်အခါ  သူချက်ချင်း ဆွဲထုတ်ကာ ဖက်ထားလိုက်သည်။  အကယ်ဒမီက ပို့လိုက်သည့် ပေါင်းအိုးက အဆင်မြင့်သည်။ ဒါက ခေတ်သစ် နည်းပညာကို ထည့်သုံးထားသည့် အပူပေးသည့် စနစ်နှင့်  ပုံပန်းသွင်ပြင်က ပိုသေးသွားပြီး လုပ်နိုင်စွမ်းက မြင့်မားလာသည်။သို့သော်အထဲရှိ ထည့်သည်နေရာကကျယ်ကာ လူခုနှစ်ယောက်၇ှစ်ယောက်စာအတွက် အသာလေး လောက်ပေသည်။

'ထမင်းပေါင်းအိုးနဲ့ဆိုရင် ထမင်းချက်တာပဲဖြစ်ဖြစ် ဆန်ပြုတ်ဖြစ်ဖြစ်၊ ယာဂုဖြစ်ဖြစ် အဆင်ပြေသွားပြီ။ '

အိုဗင်မရှိသော်လည်း ထမင်းပေါင်းအိုးကို အစားသုံးပြီး ကိတ်မုန့် ဖုတ်နိုင်သည်။ သို့သော်နေ့လည်စာအတွက် အဆင်မပြေပေ။ထို့ကြောင့် နောက်ချက်မည့် စာရင်းထဲ ထည့်မှတ်ထားလိုက်သည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now