Part 61

2.5K 110 5
                                    

Uni

မသက်သာသေးတဲ့ ခြေထောက်ကို အားတင်းရပ်နေရသော နာကျင်မှုက မပြောပြတတ်အောင်ပင်။
အဲ့ဒီထက် နာကျင်ရတာက သူ့ရှေ့က မိန်းကလေး၏ မျက်ဝန်းထဲမှ မျက်ရည်စက်များ။
သူမကို သူငိုအောင် လုပ်မိပြန်ပြီ။

"ခွန်း ကိုယ့်ဆီပြန်လာတာလား"

ဘာမှ မပြော
ရင်ခွင်အတွင်း ဝင်လာသည့်မိန်းကလေး။
တကယ်တော့ သူခြေထောက်တွေ ရပ်ဖို့ သူအားမရှိတော့
သူခွေကျချင်နေပြီ။
ဒါပေမယ့် ဒါပေမယ့် သူမကြောင့် နာကျင်မှုကို အံကြိတ်ရင်းသည်းခံလိုက်သည်။
ဒီမိန်းကလေးရဲ့ ဘယ်လိုအရာမျိုးကိုမဆို အကောင်းဆုံးဖြည့်ဆည်းပေးချင်တာ သူ့ဆန္ဒ။

"ခွန်းပြောထားတယ်လေ
မောင်နှင်ထုတ်တောင် မောင့်အနားက မထွက်သွားပါဘူးဆို"

"ခွန်းရယ် ဒါဆိုခုနကရော"

"အဲ့ဒါက စိတ်တိုလာလို့
မောင်က ခွန်းကို မကြည့်ပဲ တခြားမိန်းမဆီမှာပဲ အကြည့်တွေပုံထားတာကို"

"မဟုတ်ရပါဘူးကွာ"

"ထားပါ
ဒါနဲ့ မောင့်ခြေထောက်တွေက ဘယ်လိုဖြစ်တာလဲ"

"အင်း..အား....

"ထိုင် ထိုင် ထိုင်
အရင်ထိုင်လိုက်ဦး
ခွန်း ဒေါက်တာ့ကို သွားခေါ်ပေးမယ်နော်"

အခန်းပြင်ထွက်ဖို့ပြင်နေသော မိန်းကလေး၏ လက်ကို ဆွဲထားလိုက်သည်။
တအံ့တသြ ပြန်လည်ကြည့်နေသည့် မိန်းကလေး။

"ဘာလို့လဲ မောင်"

"ကိုယ့်ဘေးမှာပဲ နေပေးလို့မရဘူးလား"

"မောင်ကလည်း အခုချက်ချင်း ဆရာဝန်သွားခေါ်မှ ဖြစ်မှာပေါ့
နောက်မှခေါ်ရင် အတိအကျ မသိပဲ ဖြစ်နေမယ်
ခဏလေးနော်"

တစ်ကြိမ်တစ်ခါလေးတောင် သူ့စကားကို နားမထောင်ပါ့လား။
သူမ မသိဘူးလား
သူ ဒီအချိန်မှာ သူမတစ်ယောက်တည်းကိုသာ ဘေးနားမှာ ရှိစေချင်တယ်ဆိုတာ
သူ့စကားကို အရေးမစိုက်သည့် မိန်းကလေး
ဒါပေမယ့် အပြစ်မဆိုနိုင်
ဘာကြောင့်မှန်းလဲ သူမသိ
သေချာတာကတော့ ဒီမိန်းကလေး ဘာလုပ်လုပ် သူ့စိတ်ထဲက နားလည်လက်ခံသည်ပင်

You had me at helloWhere stories live. Discover now