Chapter - 21 (Part 3)

3.3K 394 24
                                    

Unicode

အူးယမ်က မျက်လုံး​တွေကို တွန်းကန်ဖွင့်လိုက်ပြီး တစ်စုံတစ်​ယောက်က သူ့ကို ဖက်ထားတယ်ဆိုတာကို သိလိုက်ရတယ်။ သူ့အမြင်အာရုံအတွင်းကနေရာက​တော့ ဒါဟာ ကားအတွင်းထဲမှာဆိုတာကို ​​ပြောပြ​နေတယ်။

အိမ်မဟုတ်သလို ​အချုပ်ခန်းလည်း မဟုတ်ခဲ့ဘူး။ ဒီဟာက လုံးဝကို မရင်းနှီးတဲ့​နေရာတစ်ခုဖြစ်တယ်။ အူးယမ်ရဲ့​ခြေ​ထောက်က​တော့ ကြောက်လန့်မှု​ကြောင့် မတုန်ယင်ဘဲမ​နေနိူင်ခဲ့ဘူး။

"ဘာမှမဖြစ်ဘူး" သူ့နားက အသံဟာ အရမ်းရင်းနှီး​နေတယ်, "ဆရာ, ကျွန်​တော်ပါ, မ​ကြောက်ပါနဲ့"

အူးယမ်က ခဏ​လောက် သတိလွတ်သွားပြီး "​ရှောင်ရွှမ်း..." ဟုဆိုကာ အဲ့လူရဲ့နာမည်ကို အလိုလို တိုးတိုး​လေး ​ရေရွတ်လိုက်တယ်။

"ဟုတ်တယ်, ကျွန်​တော်​ပါ, ဟိုအမျိုးသမီးကို ဖမ်းမိသွားပြီ"

အူးယမ်က သူ့ကိုမယုံကြည်ရဲဘဲ အိပ်မက်တစ်ခုထဲ​ရောက်​နေသလို ခံစားလိုက်ရတယ်, "အာ..."

"အ​ကောက်ခွန်ဘက်က မှတ်တမ်း​တွေရှိတယ်​လေ, ဒါ့​​ကြောင့် ကျွန်​တော် သူ့ကိုရှာလိုက်နိူင်တာ, အဲ့တာက သူ့ဟာဆိုတာကို သက်​သေပြရတာကလည်း ​တော်​တော်လွယ်ပါတယ်" ​ရှောင်ရွှမ်းက သူ့ကို နှစ်သိမ့်တယ်, "အားလုံးကို ​ဖော်ထုတ်ပြီးသွားပြီမို့ ဆရာနဲ့ ဘာမှမဆိုင်​တော့ဘူး"

"ဒါ - ဒါ​ပေမယ့်..."

"ဆရာ အခြားလူ​​တွေကို စိတ်ပူစရာမလိုပါဘူး, ကျွန်​တော် ဒီမှာရှိတယ်​လေ, အဆင်​ပြေသွားပြီ, မ​ကြောက်နဲ့​တော့​နော်"

"..."

"တကယ်​တော့ ကျွန်​တော်တို့ အိမ်ပြန်တဲ့လမ်း​ပေါ် ​ရောက်​နေပြီ"

အဲ့ဖြစ်စဥ်ကို ​ရှောင်ရွှမ်းက ဒီလိုမျိုးလွယ်ကူ​ချော​မွေ့သွား​အောင်လို့ ဘယ်လို​ဖြေရှင်းလိုက်တယ်ဆိုတာကို အူးယမ် မသိဘူး။ အဲ့တာအတွက် ပါဝါက​တော့ ​ပြောစရာမလို​အောင်ကို ဖြစ်တယ်။

ပုံမှန်မဟုတ်စွာကြီးလာတဲ့အဖျားက အူးယမ်ကို နှိပ်စက်​နေတုန်းပဲ။ သူက ​ရှောင်ရွှမ်းရဲ့ရင်ဘတ်​ပေါ်ကိုသာ ဇ​ဝေဇဝါနဲ့ မှီ​နေနိူင်တယ်။ သူ့ရဲ့ခိုင်မာတဲ့လက်​မောင်း​တွေက​တော့ သူ့ကို အလွန်တူညီစွာခံစားရ​စေတယ်။ ဒီတစ်ခါမှာ​တော့ သူက အတိတ်ကလူငယ်​လေးဟာ အရွယ်​ရောက်ပြီးသားလူတစ်​ယောက်အဖြစ် တကယ်ကို ကြီးပြင်းလာခဲ့ပြီဆိုတာကို အလွန်ရှင်းလင်းစွာ ခံစားလိုက်ရတယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now