Arc.6.1
4.6K 592 62
" သခင်လေး!! သခင်လေးစု က ကုသဖို့ ငြင်းဆန်နေပါတယ်.." တလေးတစားပြောလာသည့် အသံက သူ့နားထဲသို့ ဝင်လာသဖြင့် စိတ်မဝင်စားစွာပင် " သတ်လိုက် " ဟုသာ ပြန်ပြောလိုက်သည်။ 
သူ့အမြင်အာရုံများက တဖြည်းဖြည်းကြည်လင်လာချိန်တွင် လူ‌နေမှု အဆင့်အတန်း မြင့်သည့် အခန်းအပြင်အဆင်က ဒီအိမ်ပိုင်ရှင်ရဲ့ လွမ်းမိုးမှုကို ဖော်ပြနေခဲ့သည် ။ သူက လက်ရှိတွင် အနက်ရောင် ဆိုဖာပေါ်တွင် ရောက်နေပြီး မှန်မှတဆင့် အမှောင်ထု ကိုသာ ဖြတ်မြင်နေရသည် ။
အခန်းထဲတွင် ဆေးလိပ်ငွေ့များဖြင့် ပြည့်နှက်နေပြီး ထူးဆန်းသည့် အနှံ့အသက်ကိုပါ တစ်ပါတည်းရလိုက်သဖြင့် သူ့ရဲ့ မျက်ခုံးများက ထိစပ်လုနီးပါး တွန့်ချိုးသွားသည် ။ ဒီအခန်းထဲတွင် လိင်ဆက်ဆံထားကြောင်း တွေးမိလိုက်သဖြင့် သူ့အကြည့်များက နက်မှောင်သွားကာ ချက်ချင်း ရေချိုးခန်းထဲသို့ အလျင်စလို သွားရန်ပြင်လိုက်သည် ။
အိမ်တော်ထိန်းက စကားဆက်ပြောရန်ပြင်လိုက်သော်လည်း သူ့သခင်လေး၏ မျက်နှာထက်တွင် သိသိသာသာ ပေါ်နေသော ရွံ့ရှာမှုများကြောင့် ဆိတ်ဆိတ်သာ နေလိုက်တော့သည် ။
ရေပန်းမှ တဆင့် သူ့ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းနေသည့် ရေစက်များကို ကြည့်ရင်း သူ့အတွေးထဲတွင် ခနမျှ နစ်မျောနေခဲ့ပြီး  ရှုပ်ထွေးသည့် စိတ်အခြေအနေအား ချက်ချင်း မောင်းထုတ်လိုက်လေသည် ။ မှန်ထဲတွင် ထင်ဟပ်နေသည့် ပုံရိပ်ကို ကြည့်လိုက်သည် ။
တောင့်တင်းသည့် ခန္ဓာကိုယ်ပေါ်တွင် ထင်ရှားသည့် အမာရွတ်တချို့ရှိနေကာ နှစ်အတော်ကြာမြင့်စွာ တည်ရှိနေပုံရသည် ။ ထင်းနေသည့် မေးရိုးများက ဒီလူ၏ ယောင်္ကျားပီသမှုကို ထင်ဟပ်စေပြီး နက်မှောင်သည့် မျက်ဝန်းများက အဓိပ္ပာယ်ခန့်မှန်းဖို့ ခက်ခဲနေကာ လျို့ဝှက်ဆန်းကြယ်သည့် ပုံစံ ပေါက်နေစေသည် ။ မျက်ဝန်းများ၏ ကောက်ကျစ်ညဏ်များမှုများကိုတော့ ထိန်းချုပ်မထားနိုင်အောင် ထင်ရှားနေသဖြင့် ဒီလူသည် မကောင်းသည့် ကိစ္စ တော်တော်များကို ပြုလုပ်ထားကြောင်း တွေးကြည့်ရုံနဲ့ပင် သိနိုင်လေသည်။ 