Chapter - 9 (U+Z)

12.4K 2.2K 74
                                    

//UNICODE//

အခန်း ၉ - ကလေးဆန်သောအပြုအမူ 

နောက်တစ်နေ့တွင် စုလင်း​ စိတ်အ​ခြေအ​နေ​ကောင်းမွန်စွာဖြင့် ကျောင်းသွားခဲ့သည်။ စုလင်း ယ​နေ့ညမှစပြီး သူ့နတ်ဘုရားရဲ့Villaမှာ အတူတူ​နေလို့ရ​တော့မယ်ဆိုတာကို တွေးပြီး သူစိတ်လှုပ်ရှား​နေခဲ့မိသည်။ သူရဲ့ စိတ်အ​ခြေအ​နေ​ကောင်း​လေးဟာ သူစာသင်ခန်းထဲ ဝင်ပြီး ထိုင်ခုံမှာ ဝင်ထိုင်လိုက်ချိန်ထိ ဆက်ရှိ​နေခဲ့သည်။ လင်းမန်က​ရောက်မလာ​သေး​ပေ။ စုလင်း လင်းမန်ရဲ့ထိုင်ခုံကို စားပွဲ​အောက်​ရွေ့ရန် ခါးကုန်းလိုက်​ပြီး​နောက် စုလင်း နှာ​ခေါင်းကို ရှုံလိုက်မိသည်။

စုလင်း သူထိုင်ခုံက​နေ ​အလွန်​ဖျော့​တော့​​သော ​ညော်နံ့ကိုရလိုက်သည်။ ယခုအချိန်တွင် သူ့ရဲ့အနံ့ခံအာရုံက အရမ်း​ကို စူးရှထက်မြက်​နေခဲ့ပြီး သူအရင်ကရဖူး​သည့် အနံ့မှန်သမျှကို အလွယ်လေးပင် ခွဲခြားနိုင်သည်။ ယခု သူရလိုက်​သော ​ညော်နံ့​ဖျော့​ဖျော့က သူနဲ့သိပ်​တော့မစိမ်းလှ​ပေ။ လွန်ခဲ့​သော ၂ရက်က ဆိုင်မှာ နံရံကပ်​စက္ကူများကပ်စဥ်က ထိုပစ္စည်းကို သုံးဖူး​လေသည်။ ဒါက အရမ်းပြင်းထန်​သော ​ကော်တစ်မျိုးဖြစ်ပြီး ကပ်မိပါက ဒီတိုင်းခွာမရပဲ​ ​ရေနဲ​ဆေးချမှသာ ခွာလို့ရနိုင်သည်။ ဒီကမ္ဘာတစ်ခုလုံးတွင် သုံးဖက်မြင် မျက်နှာပြင်များဖြင့် ပြည့်​နေ​သော်လည်း ​နေရာ​တော်​တော်များများတွင် စက္ကူပစ္စည်းများကို အသုံးပြု​နေကြဆဲဖြစ်သည်။ ဥပမာအားဖြင့် ​မွှေးရနံ့ဘားမှာဆိုလျှင် ​နေ့စဥ်တိုင်းမှာ မတူညီ​သောပုံစံ တစ်မျိုးစီ ဖန်တီးထားလေ့ရှိသည်။ သူတို့ဟာ ​ပတ်ဝန်းကျင်၊ လေထုပုံစုံ​​ပြောင်းလဲရန် နံရံ​တွေကိုလည်း ​လဲပစ်ရသည်။ ထို့​ကြောင့် စက္ကူများကို သုံးခြင်းက ပို၍ စတိုင်ကျလှပသလို အဆင်​ပြေ​ပေသည်။

စုလင်းမျက်လုံး​တွေကို ကျဥ်း​မြောင်းလိုက်ပြီး သူ့ထိုင်ခုံရဲ့ ​မျက်နှာပြင်ကို ​သေချာ ကြည့်လိုက်​လေသည်။ ထိုင်ခုံရဲ့မျက်နှာပြင်​ပေါ်မှာ ​ရောင်ပြန်ဟ​ပ်​နေ​သော အစက်က​လေး ၄ စက် ရှိ​နေသည်မှာ တစ်စုံတစ်​ယောက်က ထိုင်ခုံ​ပေါ်ကို မ​တော်တဆ ​ရေစက် ၄ စက် ဖိတ်ကျသွားသကဲ့သို့ပင်။ သိသာထင်ရှားစွာပါပဲ တစ်​ယောက်​ယောက်က​တော့ စုလင်းရဲ့ခုံမှာ ရည်ရွယ်ချက်ရှိရှိနဲ့​ ကော်ကိုသုတ်သွားသည်။ စုလင်းသာ မ​တော်တဆထိုင်ချလိုက်မိလျှင် ​သေချာ​ပေါက်ကို ထိုင်ခုံက သူ့​ဘောင်းဘီနဲ့ ကပ်​နေ​တော့မည် ဖြစ်သည်။ ​ကော်​တွေကို ​ရေနဲ့​ဆေးပြီး ​ပြောင်​အောင်လုပ်လို့ရရင်​တောင်မှ သူ့တင်ပါး​တွေက​တော့ ​ရေ​တွေစိုရွဲ​နေတော့မှာပင်။ ထိုအရာမှာ ​တွေးကြည့်ရုံနှင့်ပင် ရှက်စရာ​ကောင်းလှသည်။ ထို့အပြင် တစ်ဖက်လူက သတိကြီးပုံရသည်။ သူ/သူမက ​ကော်၄စက်သာချသွားခဲ့သဖြင့် ​ကော်ကို ​ရှာ​တွေ့မိဖို့ မလွယ်ကူ​ချေ။ သို့​သော် ဘယ်သူလုပ်သွားလဲဆိုတာ စုလင်း
​တွေးမကြည့်ဘဲ​တောင် သိနိုင်သည်။
 
"လင်းလင်း"

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now